ဒက္ကာမြို့ စီးနှင်းမှု တစ်ခုအတွင်း စစ်သွေးကြွ ၉ ဦးသေဆုံး


နိရဉ္စရာ၊ ဇူလှိုင် ၂၆

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်တွင် ယနေ့နံနက်က ပြုလုပ်သော အထူး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စီးနှင်းတိုက်ခိုက်မှု တစ်ခု အတွင်း စစ်သွေးကြွ ၉ ဦး သေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ့်က လာသော သတင်းများတွင် ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့များ (ရဲ၊ RAB ခေါ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့၊ စပါယ်ရှယ်ရဲတပ်ဖွဲ့) စုပေါင်းထားသော SWAT အဖွဲ့မှ Operation Storm 26 ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ခုကို ဒက္ကားမြို့တော်၏ Kalyanpur အရပ်တွင် ပြုလုပ်စဉ် အတွင်း စစ်သွေးကြွ ၉ ဦးကို ဘင်္ဂလာဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ထပ် တစ်ဦးကိုမူ သေနတ် ဒဏ်ရာဖြင့် အရှင် ဖမ်းဆီးရမိပြီး ဆေးရုံတင်ထားရကာ သူ့ကိုယ်သူ IS အဖွဲ့ဝင်ဟု ထုတ်ဖော်ပြောဆိုသည်ဟု ဆိုသည်။

နံနက် ၅ နာရီ ၅၁ မိနစ်အချိန်တွင် စစ်ဆင်ရေးကို စတင်ခဲ့ပြီး တစ်နာရီ ကြာမြှင့်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့တို့မှ Kalyanpur ရပ်ကွက် အမှတ် ၅ ရှိ “Jahaj Building” အဆောက်အအုံအား မနက် အစောကြီး ၁၂ နာရီ ၄၅ မိနစ်မှ စတင် ၀ိုင်းထားခဲ့ပြီး စစ်သွေးကြွများက လက်လုပ်ဗုံးများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ နံနက် ၅ နာရီ ၅၁ မိနစ်တွင် ၎င်းအဆောက်အအုံအား SWAT တပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနှင်းတိုက်ခိုက်ခဲ့သည်။

ဒက္ကားမြို့ ဂူလ်ရှန် သံတမန် ရပ်ကွက်အတွင်းရှိ ကဖေးဆိုင်တစ်ခုအား ၀င်ရောက် စီးနှင်းတိုက်ခိုက်မှု ဇူလှိုင်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသားများ အပါအ၀င် လူ ၂၀ သေဆုံးခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက်အဖွဲ့များအား နှိမ်နှင်းမှု စစ်ဆင်ရေးကို အကြီးအကျယ် တိုးမြင့် ပြုလုပ်လာခဲ့ရာ ယခု အကြိမ်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် စစ်သွေးကြွ အဖွဲ့ဝင် အရေအတွက် အများဆုံးသေဆုံးခဲ့သော စီးနှင်းတိုက်ခိုက်မှု ဖြစ်သည်။

နိရဉ္စရာ
http://www.narinjara.com/
ဒက္ကာမြို့ စီးနှင်းမှု တစ်ခုအတွင်း စစ်သွေးကြွ ၉ ဦးသေဆုံး  ဒက္ကာမြို့ စီးနှင်းမှု တစ်ခုအတွင်း စစ်သွေးကြွ ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.