အိန္ဒိယတွင် ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာ ရရှိ


    အိန္ဒိယ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၊ Bhadohi မြို့တွင် ဗင်အမျိုးအစား ကျောင်းကား တစ်စီး ရထားတိုက်ခံရပြီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသည့် အဆိုပါ ဗင်ကားအား အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်ကို ဖြတ်သန်း မောင်းနှင်နေသည့် မောင်းသူမဲ့ ရထားတစ်စင်းက အရှိန်ဖြင့် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး ကလေး ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေး ဝန်ထမ်းများက ဒဏ်ရာ ရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင် ပေးထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယတွင် ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာ ရရှိ  အိန္ဒိယတွင် ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.