တောင်ငူတွင် ဆိုင်ကယ်တိုက်ခံရသူ ပထမနှစ် ကျောင်းသူ မမိုးမြင့်သူ သေဆုံး


ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တောင်ငူ ညောင်ကိုင်းတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် ကျောင်းတက်သူ မမိုးမြင့်သူ (၁၈) နှစ် ပထမနှစ် သင်္ချာအဓိက ကျောင်းသူသည် ဆိုင်ကယ် ဦးထုပ် ပြုတ်ကျသဖြင့် လှည့်ကောက်ရန် ဆိုင်ကယ်အား ပြန်ကွေ့စဉ် နောက်မှ ရဲလင်းထွန်း (၁၈) နှစ် မောင်းနှင်လာသော ဆိုင်ကယ်က ၀င်တိုက်မိသဖြင့် မမိုးမြင့်သူတွင် နောက်စေ့၌ ဖူးရောင်ဒဏ်ရာရပြီး တောင်ငူဆေးရုံကြီးသို့ ဇွန်လ ၂၉ ရက်နေ့ ၁၀ နာရီခွဲမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ခဲ့ရရာ နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသို့ ဆက်လက် ပို့ဆောင် ပေးခဲ့ရပြီး ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၃ နာရီခန့်က နေပြည်တော် ကုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ပါတယ်။


အခင်းဖြစ်ပွားစဉ်နှင့် သေဆုံးချိန်များတွင် ကျွန်းကုန်း နာရေးကူညီမှုအသင်းနှင့် တောင်ငူနည်းပညာ တက္ကသိုလ် နာရေးကူညီမှု အသင်းတို့မှ လိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဖြူးမြို့ သေဆုံးသူ၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။

Mg Mg Khaine
24News Toungoo
ဇူလိုင်လ ၂ ရက် ၊ ၂၀၁၆ ခုနှစ်
တောင်ငူတွင် ဆိုင်ကယ်တိုက်ခံရသူ ပထမနှစ် ကျောင်းသူ မမိုးမြင့်သူ သေဆုံး  တောင်ငူတွင် ဆိုင်ကယ်တိုက်ခံရသူ ပထမနှစ် ကျောင်းသူ မမိုးမြင့်သူ သေဆုံး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.