အိန္ဒိယနိုင်ငံမှာ ရေကြီးမြေပြိုမှုကြောင့် လူ(၃၀)ထက်မနည်း သေဆုံး


အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အဆက်မပြတ် ပြင်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့် ရေကြီးပြီး မြေပြိုမှု ဖြစ်ပွားခဲ့ကာ လူ(၃၀)ထက် မနည်း သေဆုံးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာကို presstv သတင်းမှာဖော်ပြထားပါတယ်။

 Uttarakhand ပြည်နယ် ဟိမ၀န္တာဒေသတာဝန်ရှိ သူတွေက ဒီအသေအပျောက်စာရင်းကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မိုးကြီးရေလျှံမှုကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ခရိုင်တွေကတော့ တောင်ထူထပ်ပြီး Pithoragarhခရိုင်နဲ့ ချာမိုလီခရိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။


 မြေပြိုမှုကြောင့် ပြိုကျနေတဲ့ နေအိမ်တွေ အပျက်အစီးတွေ အောက်မှာ ပိမိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နေကြတယ်လို့ သိရပါတယ်။ Pithoragarh ခရိုင်ရှိ ရွာ(၇)ရွာမှာ လူ(၂၅)ဦးထပ်မနည်း ပျောက်ဆုံးနေတယ်လို့ The Press Trust of India သတင်းမှာဖော်ပြထားပါတယ်။

 မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် ကမ်းပါးတွေ ကျိုးကာ မြစ်ရေလျံမှုကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ကြရတယ်လို့ လည်း သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
အိန္ဒိယနိုင်ငံမှာ ရေကြီးမြေပြိုမှုကြောင့် လူ(၃၀)ထက်မနည်း သေဆုံး အိန္ဒိယနိုင်ငံမှာ ရေကြီးမြေပြိုမှုကြောင့် လူ(၃၀)ထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.