ကချင်ပြည်နယ် (၄) မြို့နယ်တွင် ရေကြီး လာနေ

မြစ်ကြီးနားမြို့တွင် ရေ ဝင် နေပုံ
ကချင်ပြည်နယ်တွင် မိုး အဆက်မပြတ် ရွာသွန်းနေသောကြောင့် ပြီးခဲ့သော အပတ်မှစပြီး မြစ်ကြီးနား၊ တနိုင်း၊ ဗန်းမော်နှင့် ဖားကန့် စသည့် မြို့နယ်များတွင် မြစ်ရေ ကြီးလာနေပါသည်။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေသည် ဇူလိုင် (၂၄)၊ ယမန်နေ့ ညနေပိုင်းမှ မြို့အတွင်း အချို့ရပ်ကွက်များတွင် ရေတိုးဝင်လာကြောင်း၊ သို့သော်လည်း စိုးရိမ် ရေအမှတ်ထိ မရောက်သေးကြောင်း မြို့ခံများ ပြောပါသည်။

ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ်တွင် တနိုင်းချောင်း ရေ မြင့်တက်လာခြင်းကြောင့် ဒေသခံများ နီးစပ်ရာ ရေ မလွမ်းမိုးသည့် နေရာများသို့ ခိုလှုံနေရကြောင်း ဒေသခံများ ဆိုပါသည်။

တနိုင်းမြို့ အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ဌာနချုပ် အောင်လောဒ့် (Awng Lawt) ကျေးရွာ တွင် ဇူလိုင် ၂၂ နေ့က တနိုင်းချောင်း ရေကြီးလာခြင်းကြောင့် ရွာသားများ လုံခြုံရာသို့ ထွက်ပြေး ခိုလှုံနေရသည်အထိ ဖြစ်ခဲ့ကြောင်း KIA သတင်းများ ဆိုပါသည်။

မိုးရာသီတိုင်း မကြာခဏ ဥရုချောင်း ရေကြီးလျှက်ရှိသော ဖားကန့် ကျောက်စိမ်းမှော်တွင် ယမန်နေ့ တဖန် ရေကြီး လာပါသည်။ ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်မြို့တွင်လည်း ပြီးခဲ့သည့်အပတ်မှ ဧရာဝတီမြစ် ရေကြီး ရေလျှံမှု မကြာမကြာ ဖြစ်ပေါ် နေကြောင်း ဒေသခံများ ဆိုပါသည်။

 Kachinnews
http://burmese.kachinnews.com
ကချင်ပြည်နယ် (၄) မြို့နယ်တွင် ရေကြီး လာနေ  ကချင်ပြည်နယ် (၄) မြို့နယ်တွင် ရေကြီး လာနေ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.