ဧရာဝတီမြစ်ရေ တိုးမြင့်လာ၍ ထီးချိုင့်မြို့နယ် အတွင်း တံတားတစ်စင်းပြိုလဲ


ထီးချိုင့် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၈ ရက်နေ့မှ စတင်မြင့် တက်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့တွင် ၈၈၂ စင်တီမီ တာသို့ရောက်ရှိနေသည်။ ဧရာဝတီမြစ်ရေ တိုးမြင့် လာမှုကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင် - မယ်ဇလီ - ညောင်ပင်သာ ရွာချင်း ဆက်လမ်းပေါ်တွင်ရှိ လက်ပံ ချောင်းတံတား ယိုင်လဲပြိုကျ နေကြောင်းဇူလိုင် ၂၅ ရက်နေ့က မြို့နယ် တာဝန်ရှိသူများ စစ်ဆေးတွေ့ ရှိရသည်။


အဆိုပါ တံတားသည် ၂၀၁၂ - ၁၃ ခုနှစ်က၊ ကျေး လက် ဦးစီးဌာနမှ တည်ဆောက်ခဲ့ပြီး တံတား အရှည် ၁၂၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၅ ပေရှိ သစ်သားတံတားဖြစ်သည်၊ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၃၆၀ ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဧရာဝတီမြစ်ရေ တိုးမြင့်လာ၍ ထီးချိုင့်မြို့နယ် အတွင်း တံတားတစ်စင်းပြိုလဲ  ဧရာဝတီမြစ်ရေ တိုးမြင့်လာ၍ ထီးချိုင့်မြို့နယ် အတွင်း တံတားတစ်စင်းပြိုလဲ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.