ကျောက်ဖြူမြို့နယ်တွင် အရက်ဆိုင်အတွင်း စကားများရာမှလူသတ်မှုဖြစ်ပွား


 ဇူလှိုင် ၂၅

ကျောက်ဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု၊သဲချောင်းကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက အရက်ဆိုင်တွင်းနှစ်ဦးသား စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့ မ ရဲစခန်းမှ သိရသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက “အရက်ဆိုင်ရောင်းတဲ့အိမ် က နှစ်ထပ်ဆိုတော့ အပေါ်ထပ်မှာလည်းသောက် တယ် အောက်မှာ လည်းသောက်ကြတယ် သူတို့နှစ်ယောက် က အပေါ်တစ်ယောက် အောက် တစ်ယောက်သောက်နေကြတာတစ်ယောက်အောက်ကိုသွားသောက်တော့သူတို့နှစ်ယောက်စကားများတယ် ပြီတော့ ဦးမောင်ဝင်းကရှေ့ကသွားတယ် ဦးဖေကြည်ထွန်းကနောက် ကနေဓါးနဲ့ထိုးတယ်လို့ မျက်မြင်သက်သေက ထွက်ဆိုကြတယ် ” ဟုပြောသည်။

အဆိုပါ ဓါးဒဏ်ရာနှင့်သေဆုံးသွားခဲ့သူမှာ သဲချောင်းကျေးရွာမှ ဦးမောင်ဝင်း အသက် (၃၅) နှစ်ဖြစ်ပြီး ၄င်းရွာ၏ရွာတောင်ပိုင်း အရက်ဆိုင်ရှေ့တွင်သေ ဆုံးနေကြောင်း ၊ လက်ရှိ အချိန်တွင် တရားခံ ဖြစ်သူ ဦဖေကြည်ထွန်း အသက် (၃၃) ဖြစ်သူသည် ထွက်ပြေး တိမ်း ရှောင်နေကြောင်း ကျောက်ဖြူမြို့ ရဲစခန်း ယင်းရဲအရာရှိက ဆက်လက်ပြောကြားသည်။

၎င်းအမှုနှင့်ပတ်သက်ပြီး သဲချောင်းကျေးရွာအုပ်စု အုပ်ချူပ်ရေး မှုဦးမောင် ခင်ဝင်း က တရားလိုလုပ်တိုင်တန်း ကာ ကျောက်ဖြူမြို့ နယ်ရဲစခန်း မှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝင်းမောင်စိန်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ကျောက်ဖြူမြို့နယ်တွင် အရက်ဆိုင်အတွင်း စကားများရာမှလူသတ်မှုဖြစ်ပွား  ကျောက်ဖြူမြို့နယ်တွင် အရက်ဆိုင်အတွင်း စကားများရာမှလူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.