ဈေးကောင်းရတဲ့ ရှေးဟောင်း ရိုင်ဖယ်


25July2016

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ ဝင်တွေသုံးနေသေးတဲ့ Enfield rifle အမျိုးအစား ကျည်ဆံ ငါးတောင့်ထိုးရိုင်ဖယ် သေနတ် ကို အင်္ဂလန်စစ်တပ်က ၁၈၉၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်၊ အလက်ပေါင်း (၁၇သန်း) ထုတ်ခဲ့ပြီး ပထမ ကမ္ဘာစစ်(28 July 1914 to 11 November 1918 -ဒုတိယ ကမ္ဘာစစ်(1939 to 1945) တွေမှာ အသုံးပြုတိုက်ပွဲ ၀င်ခဲ့ပါတယ်။


သီပေါမင်း ပါတော်မူတာကစ ဆရာစံအရေးတော်ပုံ - ဗမာ့လွတ်လပ်ရေးတိုက်ပွဲ ကွန်မြူနစ် ဆိုရှယ်လစ် ခေတ်အဆက်ဆက် မှီလာခဲ့တဲ့ ရိုင်ဖယ်သေနတ်ပါ၊ ခုချိန်ထိ အနားမယူရသေးဘဲ ဆက်သုံးနေကြပါသေးတယ်။

အင်္ဂလန်မှာတော့ ရှေးဟောင်းလက်နက်ပစ္စည်း ပစ္စည်း အရောင်းဆိုင်တွေ က ပြန် ၀ယ် ပြီး အမြတ်တနိုး သိမ်းထားလိုသူတွေကို တဆင့် ရောင်းနေကြပါတယ် ၊ အရေအသွေးကောင်း တဲ့ ရှေးဟောင်း ရိုင်ဖယ် သေနတ် တလက်ကို 854 ဒေါ်လာ(ကျပ် ၁၀၂၄၈၀၀)ဈေးပေါက်ပါတယ်။


ဈေးအကြီးဆုံးကတော့ အင်္ဂလန် စစ်တပ် ထုတ်မူရင်း အတိုင်း ရှိနေပြီး ပါကင်နဲ့  ထည့်ထားတဲ့ Jays Guns II ရိုင်ဖယ်ကို Price: $6,999.99(ကျပ်ငွေ ၈၃၉၈၈၀၀)နဲ့ ရောင်းဘို့ ကြော်ငြာထားတာတွေ့ ရပါတယ်။

old rafile guns of UK in first world war
Social Action for Women - SAW
ဈေးကောင်းရတဲ့ ရှေးဟောင်း ရိုင်ဖယ်   ဈေးကောင်းရတဲ့ ရှေးဟောင်း ရိုင်ဖယ် Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.