မြ၀တီ-ဝေါလေ လမ်းမပေါ်ရှိ မဲထော်သလေးချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး

 မြ၀တီ-ဝေါလေ လမ်းမပေါ်ရှိ မဲထော်သလေးချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ဆောင်ရွက်လျက်ရှိ
မြ၀တီ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ မဲထော်သလေးကျေးရွာအ၀င် မြ၀တီ-ဝေါလေလမ်းမပေါ်ရှိ မဲထော်သလေးချောင်းကူး ရန်နိုင်လွင်တံတားသည် ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မဲထော်သလေးချောင်းရေတိုက်စားမှုကြောင့် အရှည် ၁၀ ပေ၊ အကျယ် ၁၈ ပေခန့်ရှိ တံတားကမ်းကပ်ခုံမှာ ၇ ပေခန့် မြေကြီးထဲသို့ နိမ့်ဆင်းခဲ့ပြီး တံတားအလယ်တိုင်ကျိုးကာ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပျက်စီးမှု နေရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ၊ ဦးစီးအရာရှိ(မြို့ပြ) ဦးခွန်ထွန်းသက်အောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက တံတားပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်မှု မရှိစေရေးနှင့် ပြည်သူလူထု လတ်တလော သွားလာနိုင်ရေးအတွက် တံတားပြင်ဆင်မှု လုပ်ငန်းများတွင် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ မဲထော်သလေးချောင်းကူးတံတားသည် မြ၀တီ-ဝေါလေ လမ်းမ၊ မိုင်တိုင်၅/၀ နေရာတွင် ရှိပြီး ၂၀၁၃ ခုနှစ်က ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် တံတားအရှည် ၄၂ ပေ၊ အကျယ် ၁၈ပေ နှင့် အမြင့် ၂၀ပေခန့်ရှိ သံကူကွန်ကရစ်တံတားဖြစ်သည်။


 ယခု လတ်တလော ပြည်သူလူထုသွားလာရေးအဆင်ပြေစေရန်အတွက် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက် ကျောက်ကြီးများချပြီး အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ပြီး ပေ ၁၀၀ ရှိ ဘီလီအား ယာယီတံတားထိုးရန် မှာယူထားသည်ဟု မြို့နယ်လမ်းဦးစီးဌာနမှ သတင်းရရှိသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြ၀တီ-ဝေါလေ လမ်းမပေါ်ရှိ မဲထော်သလေးချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး  မြ၀တီ-ဝေါလေ လမ်းမပေါ်ရှိ မဲထော်သလေးချောင်းကူးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.