ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ၀န်ကြီးတို့ တွေ့ဆုံ


ဗီယင်ကျန်း၊ ဇူလိုင် ၂၆

လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး (Minister of State) Mr. V.K Singh တို့သည် ဗီယင်ကျန်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ယနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် တွေ့ဆုံဆွေးနွေးကြသည်။


ထိုသို့ တွေ့ဆုံစဉ် ရော်ဘာအသုံးချရေး ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ - အိန္ဒိယ ပူးပေါင်း ဆောင်ရွက် မှုမြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ၀န်ကြီးတို့ တွေ့ဆုံ  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ၀န်ကြီးတို့ တွေ့ဆုံ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.