TNLA အဖွဲ့၏ အဓမ္မ လူသစ်စု ဆက်ကြေးကောက်ခံခြင်း များကြောင့် ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရ


နေပြည်တော် ဇူလိုင် ၂၆

TNLA အဖွဲ့မှ တပ်ရင်းမှူးအဆင့်ရှိ ဂျိုကာဦးစီး အင်အား(၃၀)ဦးခန့်သည် ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်က မိုးကုတ်မြို့နယ် ပိန်းပြစ်(အထက်)ကျေးရွာသို့ ၀င်ရောက်၍ ဆန် နှင့် စားသောက်ဖွယ်ရာများ တောင်းယူကာ ကလေး၊ လူငယ်ရွာသား(၂၅)ဦးအား အတင်းအဓမ္မ ခေါ်ဆောင်ပြီး ရွာအစွန်၌ လုံခြုံရေး ယူထားသော ရဲကင်းအား လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ အဖွဲ့သည် ယင်းနေ့ည ၁၀ နာရီခန့်တွင် စုစည်းအင်အား (၆၀)ခန့်ဖြင့် ဟိုဝိတ် ကျေးရွာ၊ ၀င်္ကပါကျေးရွာ၊ ကျောင်းခမ်းကျေးရွာများသို့ ထပ်မံ ၀င်ရောက် ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ၃ ဦးနှင့် ရွာသား ၉ ဦးအား ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားရာမှ အုပ်ချုပ် ရေးမှူး တစ်ဦးနှင့် ရွာသား ၆ ဦး ပြန်လည် ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။

TNLA အဖွဲ့သည် ဇွန် ၂၄ ရက် နေ့လယ်ပိုင်းကလည်း မိုးကုတ်မြို့နယ် ပိန်းပြစ် (အထက်)ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ လူသစ် ၁၂ ဦး၊ ပိန်းပြစ်(အောက်ရွာ)မှ လူသစ် ၂၁ ဦးနှင့် ဆက်ကြေးငွေ ကျပ်သိန်း ၄၀ အား ပါ လိုင် ကျေးရွာသို့ အမြန်လာရောက်ပေးပို့ရန် ခြိမ်းခြောက် အကြောင်းကြားခဲ့ သဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဇူလိုင် ၂၅ ရက် ညပိုင်းမှ ၂၆ ရက်နေ့အထိ ပိန်းပြစ်(အထက်)ကျေးရွာမှ တိမ်းရှောင် လာသော ဒေသ ခံပြည် သူ အိမ်ထောင်စု ၂၇ စု၊ ကျား ၂၅ ဦး၊ မ ၂၈ ဦး၊ ကလေး ၃၉ ဦး စုစုပေါင်း ၉၂ ဦးတို့အား မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေရာ ချထားပေးပြီး ယင်းဒေသခံပြည်သူ များ အား နယ်မြေခံတပ်မှ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ကူညီ စောင့်ရှောက် လျက်ရှိကာ ၎င်းတို့နှင့် နီးစပ် ရာ ဆွေမျိုး များ၊ စေတနာရှင်များနှင့် အရှေ့ရွာ ဘုန်းတော်ကြီးကျောင်း တို့ မှလည်း စားသောက်ဖွယ် ရာများ ကူညီပေးအပ်ထားကြောင်း သိရသည်။


အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ၁၀၅ မိုင်အနီး မိုင်းယုကျေးရွာသို့ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် TNLA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် အရပ်ဝတ်ဖြင့် မော်တော်ယာဉ်(ငယ်) ၂ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် ကျေးရွာအတွင်းရှိ ဦးမောင်ဆိုင် အိမ်အတွင်း ၀င်ရောက်လာပြီး ဦးမောင်ဆိုင်အပါအ၀င် ဦးညီလုပ်၊ ဦးညီခန့်၊ မောင်ကျော်ကျော်ထွေး၊ ဒေါ်ဆေးဆိ၊ ဒေါ်ယုံ၊ ဒေါ်ထွန်း စုစုပေါင်း ၇ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကာ ၎င်းရွာ၏ အနောက်ဘက် ကွင်းရှောင် လမ်း အတိုင်း ထွက်ခွာခဲ့ ရာ ညနေ ၅ နာရီခွဲခန့် တွင် တောင်ယာ ကွင်း သို့ ရောက်ရှိပြီး ပလောင် တိုင်းရင်းသား ဦးအိုက်မြတ်၊ ဦးအိုက်ရီ၊ ဦးအိုက်ကျန်၊ ဦးအောင်ဖေနှင့် ဦးယီလုံတို့ ၅ ဦးအား ထပ်မံဖမ်း ဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

TNLA အဖွဲ့မှ လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဆိုပါ ဖြစ် စဉ် ဖြစ်ပွား သည့် မြို့နယ်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်နေရာများသို့ တပ်မတော် စစ်ကြောင်း များက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက် ရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
TNLA အဖွဲ့၏ အဓမ္မ လူသစ်စု ဆက်ကြေးကောက်ခံခြင်း များကြောင့် ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရ TNLA အဖွဲ့၏ အဓမ္မ လူသစ်စု ဆက်ကြေးကောက်ခံခြင်း များကြောင့် ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.