အင်းလျားကန်အတွင်း ပုပ်ပွသေဆုံးနေတဲ့ လူသေအလောင်းတွေ့


ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ် အင်းလျားကန်အတွင်းမှာ ပုပ်ပွသေဆုံးနေတဲ့ လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မရမ်းကုန်းမြို့မရဲစခန်း က အတည်ပြုပါတယ်။

 သေဆုံးသူဟာ မရမ်းကုန်းမြို့နယ်နေ အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အင်းယားလိတ် ဟိုတယ်ဘက်ကမ်းစပ်ကနေ ပေ ၄ဝ ခန့်အကွာ ရေအနက် ၁၅ ပေခန့် ကကြာပင်တွေအကြားမှာအလောင်း ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အလောင်းကို ဆယ်တင်ခဲ့ပြီး စစ်ဆေးရာ မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ အတွင်းခံဘောင်းဘီတို ဝတ်ဆင်လျက် သေဆုံးနေတာကိုတွေ့ရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့်အလောင်းကိုဆေးရုံ ပို့ထားပြီး မရမ်းကုန်းရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ နဲ့အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
အင်းလျားကန်အတွင်း ပုပ်ပွသေဆုံးနေတဲ့ လူသေအလောင်းတွေ့  အင်းလျားကန်အတွင်း ပုပ်ပွသေဆုံးနေတဲ့ လူသေအလောင်းတွေ့ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.