မထသ ကို အများပိုင်ကုမ္ပဏီအောက်မှာ ရပ်တည်ဖို့ ဝန်ကြီးချုပ်ပြော

( ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းက မ ထ သ (ဗဟို) ရုံးချုပ်မှာ ဇူလိုင်လ ၂၂ ရက်နေ့က မ ထ သ အဖွဲ့တွေနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွေ့ဆုံစဉ် ) Photo: Thiha Tun/RFA
ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) အဖွဲ့အနေနဲ့ အများပိုင်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ ကုမ္ပဏီတစ်ခုအနေနဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းက မ ထ သ (ဗဟို) ရုံးချုပ်မှာ မ ထ သ အဖွဲ့တွေနဲ့ တွေဆုံပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

အများပိုင်ကုမ္ပဏီယာဉ်လိုင်းတွေဖွဲ့ပြီးရင် တိုင်းဒေသကြီးအစိုးရကနေ စက်သုံးဆီဆိုင်တွေ ဖွင့်ခွင့်ပေးသွားမှာဖြစ်သလို အစိုးရအဖွဲ့က အစုရှယ်ရာတွေလည်း ထည့်ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါ တယ်။

ရန်ကုန်တိုင်းအတွင်း အများပိုင်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီ ၈ ခုလောက်ဖွဲ့စည်းပြီးရင် ပထမအဆင့်အနေနဲ့ လက်ရှိ မ ထ သ ယာဉ်လိုင်း ၃၀၀ ကျော်ထဲက လိုင်းပေါင်း ၂၅ လိုင်းကို ပိတ်သိမ်းမှာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ပြေးဆွဲရာလမ်းကြောင်းတူတဲ့ယာဉ်လိုင်းတွေ၊ ကားအစီးရေနည်းတဲ့ ယာဉ်လိုင်း တွေကို ပူးပေါင်းမှာဖြစ်ပြီး အများပိုင်းယာဉ်လိုင်းတွေအဆင်သင့်ဖြစ်ပါက မ ထ သ ယာဉ်လိုင်းတွေ အားလုံးကို ဖျက်သိမ်းသွားမယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မထသ ကို အများပိုင်ကုမ္ပဏီအောက်မှာ ရပ်တည်ဖို့ ဝန်ကြီးချုပ်ပြော မထသ ကို အများပိုင်ကုမ္ပဏီအောက်မှာ ရပ်တည်ဖို့ ဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.