ထိုင်းအစိုးရက အလိုရှိနေတဲ့ ဘုန်းကြီးလူထွက်တဦး ကို အမေရိကန် နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်


22July 2016

2013 ခုနှစ်က ထိုင်းနိုင်ငံ အထူစုံစမ်းစစ်ဆေးရေး အဖွဲ့  DSI က အလိုရှိနေသူ ဘုန်းကြီးလူထွက် ၀ီရဘုန်း (လုံပိုနင်ခန်) အသက် (၃၇) နှစ် ကို အမေရိကန် နိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့ စ်သတင်းမှာ ဖေါ်ပြထားပါတယ်။


လွန်ခဲ့တဲ့သုံးနှစ်က အဆိုပါ နိုင်ဝိရဖုန်း ဟာ ဘုန်းကြီးဘ၀နဲ့  လှူတမ်းလာတဲ့ ငွေတွေ ကို ကိုယ်ပိုင်ငွေကြေးအဖြစ် ထင်သလို သုံးစွဲနေတာ နံမည်ကျော်ခဲ့ပြီး ကွန်ပြူတာဥပဒေ ချိုးဖေါက်မှု - သက်ငယ်မိန်ခလေးများအားမုဒိန်းကျင့်မှုအပြင် တရားမ၀င် ပစ္စည်းဥစ္စာများ ပိုင်ဆိုင်မှုတွေနဲ့  အမှုရင်ဆိုင်နေရာက အမေရိကန် နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။


လူအများကြည်ညိုမှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး ကျောင်းတိုက်ပိုင်ငွေတွေကို ကိုယ်ပိုင်ဘဏ်စာအုပ်လေးဆယ်ကျော်ဖွင့်ပြီး (ဘတ်သန်းပေါင်း ၃၈၀) တဦးတည်း သုံးဖြုန်း နေခဲ့ရာမှာ ကားအစီးပေါင်း ၁၀၀ -နေအိမ်တိုက်ခန်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။


ကိုယ်ပိုင်ဂျက်လေယာဉ်ငှားပြီး ကမ္ဘာပါတ်လယ်နေစဉ်မှာ အကောင်းစား ဈေး အကြီးဆုံး ဇိမ်ခံပစ္စည်းတွေဝယ်ပြီး သုံးနေတာကို ထိုင်းသာသနာရေးဌာနက စစ်ဆေးတွေ့ ရှိခဲ့ပြီး စစ်ဆေးအရေးယူခဲ့ရပါတယ်။


အဆိုးဆုံးကတော့ အသက်(၁၅)နှစ်အောက် မိန်းလေးငယ်ကို မုဒိန်းကျင့်တဲ့ အမှုပါပေါ်လာခဲ့တာကြောင့် တရားမရင်ဆိုင်တော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်။

အဆိုပါ တရားခံ ၀ီရဘုန်းကို အမေရိကန်တရားရုံးကနေ မကြာခင် ထိုင်းကိုပြန်ပို့ မှာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖေါ်ပြနေပါတယ်။

Social Action for Women - SAW
ထိုင်းအစိုးရက အလိုရှိနေတဲ့ ဘုန်းကြီးလူထွက်တဦး ကို အမေရိကန် နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်  ထိုင်းအစိုးရက အလိုရှိနေတဲ့ ဘုန်းကြီးလူထွက်တဦး ကို အမေရိကန် နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.