ညောင်ခါးရှည် ဇူလိုင်(၂၂)
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ပိုင်ကျိုက်လှကျေးရွာအနီး ရထားလမ်းကားလမ်းဆုံနေရာတွင် ယခုနှစ်ဇူလိုင်လ (၂၂) ရက် နေ့  နေလည် (2)နာရီကျော်အချိန်ခန့် က မော်လမြိုင်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရထားလမ်း ဂိတ်တံခါးအားဝင်ရောက်တိုက်မိကြောင်းသတင်းရ ရှိသည်
"ကားတိုက်တယ်လို့  အသံကြားလို့ သွားကြည့်တော့ ကုန်ကားကြီးတစ်စီး ရထားဂိတ်တံခါးကို တိုက်ထားတာ တွေ့တယ် ထိခိုက်တဲ့လူတော့မတွေ့ဘူး ကျွန်တော်ရောက်တော့ ရဲတွေလည်းရောက်နေပြီ "
ဟု ယာဉ်မတော်တဆမှုအား သွားရောက်ကြည့်ရှုခဲ့သူ ကျိုက်လှကျေးရွာသားတစ်ဦးကပြောသည်။
ဝေါမြို့နယ်ပိုင် ကျိုက်လှကျေးရွာအနီးရှိ ကွေ့များ တွင် ယာဉ်တိုက်မှု ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားကြောင်း ဝေါမြို့နယ်အထွက် ငါးခြောက်တန်းအလွန် တိုက်ငါးလုံးကွေ့နေရာများ နှင့်ကသစ်ဝိုင် ရိပ်သာမုဒ်ဦးအနီးတဝိုက်နေရာများသို့ ရောက်လျှင် သတိထား၍ အရှိန်လျော့မောင်းနှင်သင့်ကြောင်း ဝေါမြို့ခံတစ်ဦးကလည်း ဒေသတွင်း ယာဉ်မတော်တဆမှုများနှင့်ပက်သက်၍ ဖြည့်စွတ်ပြောဆိုသည်
Waw Media
ရထားလမ်းဂိတ်တံခါးအား အရှိန်လွန်ယာဉ်တစ်စီး ဝင်တိုက်မိဟုဆို
Reviewed by THITHTOOLWIN
on
18:16
Rating:
