ပင်လည်ဘူးမြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်လေးဦးဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့ မြို့ပတ်လမ်းတွင် ယာဉ်တစ်စီး တိမ်းမှောက်ရာလေးဦးဒဏ်ရာ ရရှိသွားကြောင်း သိရပါသည်။

 ဖြစ်စဉ်မှာ ၁၈-၆-၁၆ ရက်နေ့ တစ်နာရီ ၃၀ မိနစ်အချိန်ခန့် တွင် ပင်လည်ဘူးရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်လတ်သည်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရသက်သေများနှင့် အတူသွားရောက် စစ်ဆေးရာပြည်ဖြိုးအောင်ဆိုသူမောင်းနှင်လာသော 2H/3153 တိုယိုတာ အမျိုးအစား အဖြူရောင်ယာဉ်သည် ပင်လည်ဘူးမြို့ မြို့ပတ်လမ်းအတိုင်း မောင်းနှင်လာစဉ် အင်ကုန်းတံတားထိပ်အနီးတွင် အရှိန်မထိမ်းနှိုင်ဘဲ လမ်းဘေးအုတ်ပုံအား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်သွားရာ ယာဉ်ပေါ်ပါလာသူ ပြည်ဖြိုးအောင်၊ ဝေဇော်ဖြိုး၊ နေလင်းထွန်း၊ သန်းနိုင်ဦးတို့ တွင်ဒဏ်ရာများ အသီးသီးရရှိသွားကြသဖြင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်ကျော်ဇင်လတ်မှ တရားလိုပြုလုပ်ကာ တိုင်ကြားထားသော အမှု့ဖြစ်ကြောင်းသိရပါသည်။

ထိုအမှု့အားအမှု့စစ် ဒုရဲအုပ်ကျော်ဇင်လတ်မှ သက်သေခံ ပစ္စည်းသိမ်းဆည်းခြင်း၊ ဒဏ်ရာရရှိသူများအားဆေးစာဖြင့်ဆေးရုံသို့ပို့အပ်ခြင်း၊ ယာဉ်မောင်းအား ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ထားကြောင်းသိရပါသည်။

သို့ဖြစ်ပါ၍ယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူပြည့်ဖြိုးအောင်၊၂၀နှစ်၊မြေလင်းကျေးရွာ၊ပင်လည်ဘူးမြို့နယ်နေသူအား ယာဉ်(ပ) ၁၂/၁၆ပြစ်မှု့ပုဒ်မ ၃၃၇/၃၃၈အရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပင်လည်ဘူးမြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်လေးဦးဒဏ်ရာရ  ပင်လည်ဘူးမြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.