စဥ့်ကူးမြို့ အနီး အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ ငလျှင်လှုပ်ခတ်


မြေငလျင်သတင်းထုတ်ပြန်ချက်

၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၃၀)မိနစ် (၂၄)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၃၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဥ့်ကူးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။

အဆိုပါမြေငလျင်လှုပ်ရှားမှုကို စဥ့်ကူးမြို့မှ သတိပြုမိကြောင်း သိရှိရပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
စဥ့်ကူးမြို့ အနီး အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ ငလျှင်လှုပ်ခတ် စဥ့်ကူးမြို့ အနီး အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ ငလျှင်လှုပ်ခတ် Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.