နေပြည်တော်ရှိ ဆောက်လုပ်ဆဲ တရားရုံး အဆောက်အဦတွင် မိန်းကလေးငယ်တဦး ဗလက်ကာယ ပြုကျင့်ခံရ


နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာရှိ ဆောက်လုပ်ဆဲတရားရုံး အဆောက်အဦတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ်တဦး ဗလက်ကာယ ပြုကျင့်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်ဖြစ်သူက အသက် (၁၄) နှစ်အရွယ်ရှိ သမီးဖြစ်သူအား ဆောက်လုပ်ဆဲတရားရုံးအဆောက်အဦ၌ ဘက်ထရီအားသွင်းခဲ့သည့်ဖုန်းအား သွားယူရန်စေလွှတ်ရာ ညနေ ၆ နာရီအထိ ပြန်မရောက်လာသောကြောင့် အဆိုပါအဆောက်အဦသို့ လိုက်လံကြည့်ရှုရာ သမီးဖြစ်သူအား သတိမေ့မြောလျှက် တွေ့ရှိခဲ့ရသည်။ သမီးဖြစ်သူအား သတိရအောင်ပြုလုပ်၍မေးမြန်းရာ အဆိုပါ အဆောက်အအုံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည့် ချစ်စမ်းမောင်ဆိုသူက ချစ်ကြိုက်ကြောင်းပြော၍ လက်ကိုင်ခြင်း၊ ပွေ့ဖက်ခြင်းများ ပြုလုပ်သည့်အတွက် ကြောက်လန့်ကာ သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်စမ်းမောင် (၁၉ နှစ်) အား အရေးယူပေးရန် မိခင်ဖြစ်သူကတိုင်ကြားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှ (ပ) ၆၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်ရှိ ဆောက်လုပ်ဆဲ တရားရုံး အဆောက်အဦတွင် မိန်းကလေးငယ်တဦး ဗလက်ကာယ ပြုကျင့်ခံရ  နေပြည်တော်ရှိ ဆောက်လုပ်ဆဲ တရားရုံး အဆောက်အဦတွင် မိန်းကလေးငယ်တဦး ဗလက်ကာယ ပြုကျင့်ခံရ Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.