တောင်ကိုရီးယား မင်းသား မိမိကိုယ်အဆုံးစီရင်


27June2016

အသက် (၄၃)နှစ်ရှိ အမျိုးသားသရုပ်ဆောင် ကင်ဆွန်မင် Kim Sung-minဟာ ဇွန်လ ၂၄ ရက် သောကြာနေက မူယစ်ဆေးဝါးတွေ အလွန်အကျွံသောက်ခဲ့ပြီး ရေချိုးခန်းအတွင်း ဇွဲကြိုးချ အဆုံးစီရင်ခဲ့တာလို့  သိရပါတယ်။

ဆေးရုံကို အရေးပေါ်တင်ခဲ့ပေမယ့် ဆရာဝန်တွေကတော့ ကင် ရဲ့ ဦးနှောက် အလုပ်မလုပ်တော့ဘဲ သေဆုံးခဲ့ပါပြီလို့  ဆေးရုံမှာ စောင့်နေကြတဲ့ သူ့  မိသားစုဝင်တွေနဲ့  ပရိတ်သတ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ကင်စွန်မင်းဟာ မူယစ်ဆေးဝါးသုံးစွဲမှုနဲ့  ထောင်နှစ်ခါကျခဲ့ပြီး ဖြစ်ပါတယ်။၂၀၀၂ခုနှစ်မှာ ရေသူမလေး Little Mermaid အခန်းဆက်ဇတ်လမ်းတွေနဲ့  နံမည်ကြီးလာခဲ့ သူဖြစ်ပြီး ရေသူမလေးဇတ်ကားနဲ့ 
MBC Drama Awards အကောင်းဆုံး ဇတ်လမ်းတွဲ ဆုရခဲ့ပါတယ်။

ဇနီးဖြစ်သူ (သွားဆရာဝန်)နဲ့  သားက ရဲစခန်းကို ဖုန်းဆက်ပြီး ဖခင်ဟာ ဆေးတွေကြောင်နေပြီဖြစ်ကြောင်း အကြောင်းကြားခဲ့လို့  ရဲတွေရောက်လာတဲ့အခါမှာ ခုလိုအဆုံးစီရင်သွားခဲ့တာပါ။ ကင်ရဲမိသားစုက
တော့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဆေးသုတေသနကိုလှူမယ်လို့  သိရပါတယ်။

Social Action for Women - SAW
တောင်ကိုရီးယား မင်းသား မိမိကိုယ်အဆုံးစီရင်  တောင်ကိုရီးယား မင်းသား မိမိကိုယ်အဆုံးစီရင် Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.