မော်လမြိုင်မြို့မှာ နေအိမ်တစ်လုံးမီးလောင်ရာမှ လူတစ်ဦးသေ


မွန်ပြည်နယ်၊မော်လမြိုင်မြို့မရမ်းကုန်းရပ်ကွက် ကျိုက်သုတ်ဘုရားအနီး ပုလဲလမ်းကနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ အသက် (၃၅) နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မော်လမြိုင်ခရိုင်မီးသတ်ဦးစီး ဌာနကသိရပါတယ်။

 ဇွန်လ(၂၇)ရက် မနက်(၉)နာရီ(၄၅)မိနစ်ဝန်းကျင်က ပုလဲလမ်း အိမ်အမှတ် (၃၄) မှာ မီးအားမြှင့်စက် အပူလွန်ကဲရာက တစ်ဆင့် တင်ဒါဘူးနဲ့ အခြားပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် နှစ်ဦးထဲက အသက် (၃၅) နှစ်အရွယ် မွေးရာပါပိုလီယိုအကြောသေရောဂါ ဖြစ်ပွားတဲ့နေတဲ့ သားကြီး (ခေါ်) ဇင်နိုင်ဝင်းဆိုသူ သေဆုံးခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

 ကျန်တစ်ဦးကတော့ စိတ်ကျန်းမာရေးချို့တဲ့သူ ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွား ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကို မနက် (၁၀) နာရီ (၁၅) မိနစ်ဝန်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးကတော့ နေအိမ်နဲ့ အတွင်း ပစ္စည်း(၉)သိန်း (၁)သောင်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သက်ပြီး နေအိမ်အုပ်ထိန်းသူ ဒေါ်စန်းစန်းဝင်းကို မော်လမြိုင်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၃၈၄/၂၀၁၆) ပေါ့ဆမီးပုဒ်မ (၂၈၅ /၃၀၄-က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Ko Than Htay
5 Plus News
https://www.facebook.com/5plusnews
မော်လမြိုင်မြို့မှာ နေအိမ်တစ်လုံးမီးလောင်ရာမှ လူတစ်ဦးသေ  မော်လမြိုင်မြို့မှာ နေအိမ်တစ်လုံးမီးလောင်ရာမှ လူတစ်ဦးသေ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.