မိုင်တိုင် ၂၅၈/၅-၆ ကြား အမြန်လမ်းကို ဖြတ်ကူးတဲ့ ဆိုင်ကယ်နှင့် Probox ယာဉ်တိုက်မိ (၁)ဦးသေဆုံး

မိုင်တိုင် ၂၅၈/၅-၆ ကြား ယာဉ်မတော်တဆမှုဖြစ်ပွား
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၈/၅ နှင့် ၂၅၈/၆ ကြား (အပြန်လမ်း) ၂၇-၅-၂၀၁၆ ရက်နေ့ နံနက်(၀၆း၃၀)အချိန်ခန့်တွင် ယာဉ်အမှတ် 1J-×××× Probox ယာဉ်မှာ အပြန်လမ်းအတိုင်း မောင်းနှင်လာစဉ် လမ်းဖြတ်ကူးသော ဆိုင်ကယ် အား တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


Probox ယာဉ်ပေါ်တွင် ယာဉ်မောင်း (၁)ဦးတည်းသာ ပါရှိပြီး ဆိုင်ကယ်ပေါ်တွင် ကျား(၂)ဦး စီးနင်းလာကြကာ ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပါသည်။


အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ဆိုင်ကယ်ယာဉ်မောင်းအား ပေပင်လေး အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

Ministry of Construction
မိုင်တိုင် ၂၅၈/၅-၆ ကြား အမြန်လမ်းကို ဖြတ်ကူးတဲ့ ဆိုင်ကယ်နှင့် Probox ယာဉ်တိုက်မိ (၁)ဦးသေဆုံး  မိုင်တိုင် ၂၅၈/၅-၆ ကြား  အမြန်လမ်းကို ဖြတ်ကူးတဲ့ ဆိုင်ကယ်နှင့် Probox ယာဉ်တိုက်မိ (၁)ဦးသေဆုံး Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.