ဘန်ကောက်မှာ နိုင်ငံခြားသား လမ်းဘေးဈေးသည်များအား စတင်ဖမ်းဆီး


27May2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်တွေမှာ လက်တွန်းလှည်းနဲ့  သစ်သီးရောင်းနေ သူ-ရေခဲမုန့်မြေပဲလှော်ရိုတီ(ပလာတာ)စတဲ့အစားသောက်သောက် တွေရောင်းနေသူတွေကို ရဲတပ်ဖွဲ့ နဲ့  လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။


(၂၆) ရက်မေလ နေ့ လည်ပိုင်းမှာ လာအို-ကမ္ဘောဒီးယား-နဲ့  မြန်မာနိုင်ငံမှ လာရောက်ပြီး ဈေးရောင်းစားနေသူ လေးဦးကိုဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားသားတွေအနေနဲ့  အလုပ်ကြမ်းကာယ
လုပ်သားကလွဲပြီးကိုယ်ပိုင်အသေးစားဈေးဆိုင်ဖွင့်တာ ဈေးရောင်းတာတွေလုပ်တာကို ခွင့်ပြုမထားကြောင်း။


တကယ်လို့ ထိုင်းနိုင်ငံသားတွေသာရတဲ့ ဈေးရောင်းခွင့် စာရွတ်စာတမ်း မရှိဘဲ လမ်းဘေးဈေးရောင်းနေကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့  အာဏာပိုင်တွေ က ထောင်ဒဏ်(၅)နှစ်အထိ အရေးယူနိုင်တယ်လို့ သိရပါတယ်။

ခုလိုဖမ်းဆီးခဲ့တာဟာ ယခင်တပါတ်အတွင်း ဆိုးဆေးတွေနဲ့  ဖျော်စပ်တဲ့ လိမ္မော်ရည် အတုတွေရောင်းနေသူ ဗီရက်နမ် လင်မယားကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ခုလိုနိုင်ငံခြားဈေးသည်တွေအပေါ် တင်းကြပ်မှုတွေပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

Photo Nation
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ဘန်ကောက်မှာ နိုင်ငံခြားသား လမ်းဘေးဈေးသည်များအား စတင်ဖမ်းဆီး  ဘန်ကောက်မှာ နိုင်ငံခြားသား လမ်းဘေးဈေးသည်များအား စတင်ဖမ်းဆီး Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.