ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ဝေါမြို့တွင်ပြန်တွေ့

 ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ကျူရှင်သွားရင်း တပြိုင်နက်ပျောက်ဆုံး ဝေါမြို့တွင်ပြန်တွေ့

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက် ကျေင်းသူ ၃ ဦး မေ ၂၅ ရက်တွင် ကျူရှင်သွားတက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ဆ ရပ်ကွက် သုနန္ဒာ(၁၄)လမ်းတွင် နေထိုင်ကြသည့် မလဲ့သဇင်ခိုင်(၁၃)နှစ်နှင့် မဆုမြတ်နိုး(၁၃) နှစ် သုနန္ဒာ(၁၂)လမ်းတွင် နေထိုင်သည့် မချယ်ရီမေ (ခ) ခိုင်ဇင်ထွေး (၁၄) နှစ်တို့ ပျောက်ဆုံးနေကြခြင်းဖြစ်သည်။

ကျူရှင်ဆရာမမှ ထိုကျောင်းသူ ၃ ဦးသည် ကျူရှင်သို့ရောက်ရှိမလာကြောင်းပြောဆိုရာမှ ပျောက်ဆုံးနေကြောင်းသိရပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

ထပ်မံရရှိသည့် သတင်းများအရ မေ ၂၆ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့ကာ မည်သို့သောအကြောင်းကြောင့် ဝေါမြို့နယ်သို့ ရောက်ရှိပုံကို မသိရှိရသေးပေ။

Myanmar Citizen News Agency







ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ဝေါမြို့တွင်ပြန်တွေ့  ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ဝေါမြို့တွင်ပြန်တွေ့ Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.