လားရှိုးမြို့နယ်မှာ ဘိန်းခန်းများကို ရှင်းလင်းပြီး ဘိန်းစား ၄၆ဦးကို ဖမ်းဆီးထား


လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဟတ်ကာတောင်ကုန်း၌ မူးယစ်ဆေးဝါး ရောင်း ဝယ်သုံးစွဲသူများအား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိ

လားရှိုး၊ မေ ၎

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဟတ်ကာတောင်ကုန်း၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များအား မေ ၄ ရက် နံနက် ၃ နာရီခွဲ အချိန်က လားရှိုးခရိုင် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ရဲမှူးကြီး အောင်မြတ်မိုး ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့၊ မူးယစ် တပ်ဖွဲ့စု (၂၄)မှ ရဲမှူး ဦးစီးတပ်ဖွဲ့ စုစုပေါင်း (၆၅)ဦး ၊ရပ်ကွက်(၁၂) မီးသတ်တပ်ဖွဲ့(၁၀)ဦး စုစုပေါင်း (၇၅)ဦး အဖွဲ့တို့သည် လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဟတ်ကာတောင် ကုန်း၌ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများအား မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


ပစ်မှတ်တောင်ကုန်းအား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ တဲ(၁၁)လုံး အတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချသူများ ကျား(၄၅)ဦး၊ မ(၁)ဦး ပေါင်း (၄၆)ဦးတို့အား ဘိန်းဖြူဆပ်ပြာခွက် (၃၆)ခွက်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၈၂၀)ပြား၊ ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့် ထည့်ထား သည့် ချီတုံစန့် ပုလင်း (၈၀)လုံး၊ ဓါးရှည် (၁၂)ချောင်း၊ ဓါးအတို (၁၂)ချောင်း၊ ဓါးမ (၈)ချောင်း၊ ဆိုင်ကယ်(၁၇)စီး (အမျိုးအစား စိစစ်ဆဲ) တို့အား သိမ်းဆည်းရ မိခဲ့ပြီး တွေ့ရှိ တဲ (၁၁)လုံးတို့ အား မီးရှို့ဖျက်ဆီးခဲ့ပြီး လားရှိုး နယ်မြေ ရဲစခန်း၌ ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

ဟန်ဌေး( လားရှိုးခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လားရှိုးမြို့နယ်မှာ ဘိန်းခန်းများကို ရှင်းလင်းပြီး ဘိန်းစား ၄၆ဦးကို ဖမ်းဆီးထား  လားရှိုးမြို့နယ်မှာ ဘိန်းခန်းများကို ရှင်းလင်းပြီး ဘိန်းစား ၄၆ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.