သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးအား တစ်ရွာတည်းနေသူမှ သားမယားအဖြစ် ပြုကျင့်


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာ အောင်ချမ်းသာပိုင်းတွင် မေလ ၂ ရက် နေ့လည်ပိုင်းက နေအိမ်တွင် တစ်ဦးတည်းရှိနေသော အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးအား တစ်ရွာတည်းနေသူမှ သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကလေးက အိမ်မှာတစ်ယောက်တည်း ရှိနေတာ။ အဲ့ဒါကို တစ်ရပ်တည်းနေ ဦးကျော်ညွှန့်က မတော်မတရား ပြုလုပ်နေတာကို ကလေးမလေးရဲ့သူငယ်ချင်းကတွေ့လို့ လာပြောပြတာ။ အဲဒါကို ကလေးအမေကို တစ်ဆင့်ပြန် ပြောပြပေးတာပါ” ဟု အိမ်နီးချင်းဖြစ်သူ ဒေါ်လှတင်ကပြောသည်။

အဆိုပါ အမျိုးသမီး၏မိခင်ဖြစ်သူ နေအိမ်ပြန်ရောက်ချိန်တွင် ရောက်ရှိလာပြီး နေအိမ်တွင် သမီးတစ်ဦးတည်း မထားသင့်ကြောင်း၊ သမီးဖြစ်သူ မxxxxx (၁၂)နှစ်ကို တစ်ဦးတည်းထားခဲ့သဖြင့် တစ်ရွာတည်းနေ ဦးကျော်ညွှန့် (ဘ) ဦးအေးညှာ၊ အသက်(၆၁)နှစ်မှ နေအိမ်မီးဖိုချောင်အတွင်း လာရောက်ပြီး သားမယား ပြုကျင့်ခဲ့ကြောင်း အိမ်နီးချင်းနေဒေါ်လှတင်က ပြောသည်။

ဖြစ်စဉ်ကို သမီးဖြစ်သူ၏ သူငယ်ချင်းဖြစ်သူမှ တွေ့ရှိ၍ ဒေါ်လှတင်ထံသို့ လာရောက်ပြောပြသဖြင့် ယခုကဲ့သို့ မိခင်ထံသို့ တစ်ဆင့်လာရောက် ပြောရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မိခင်ဖြစ်သူမှ သမီးအားမေးမြန်းရာ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဦးကျော်ညွှန့်ရောက်ရှိလာပြီး “မိဘများမရှိဘူးလား”ဟု မေးမြန်သဖြင့် မိဘများမရှိကြောင်း ပြန်ပြောကာ မီးဖိုချောင်အတွင်း ချက်ပြုတ်နေစဉ် ဦးကျော်ညွှန့်မှ မီးဖိုချောင်အတွင်း ဝင်ရောက်လာကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် မိခင်ဖြစ်သူက ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် သထုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အသက်မပြည့်သေးသော ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်သူ ဦးကျော်ညွှန့်အား သထုံမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၄/၂၀၁၆ (ပ) ၂၃၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးအား တစ်ရွာတည်းနေသူမှ သားမယားအဖြစ် ပြုကျင့်  သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးအား တစ်ရွာတည်းနေသူမှ သားမယားအဖြစ် ပြုကျင့် Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.