ကနေဒါ မီးလောင်မှုကြောင့် လူထောင်ချီ ထွက်ပြေး


ကနေဒါနိုင်ငံက ​ဆီနဲ့မြေတွေ ​ရောစပ်နေတဲ့ ​ဒေသမှာ ​မထိန်းနိုင်လောက်အောင် ​မီးတွေ ​လောင်ကျွမ်းနေတဲ့အတွက် ​အနီးအနားက ​လူထောင်နဲ့ချီကို ​နေရာရွှေ့ပြောင်းမှု ​လုပ်ခိုင်းထားပါတယ်။

Alberta ​ဒေသက ​Fort ​McMurray ​မြို့အနားမှာ ​လောင်ကျွမ်းနေတဲ့အတွက် ​လူပေါင်း ​ရှစ်သောင်းကို ​နေရာရွှေ့ပြောင်းမှုတွေ ​လုပ်ခိုင်းရတာ ​ဖြစ်ပါတယ်။

အဲဒီဒေသမှာ ​oil ​sand ​တွေရှိပြီး ​oil ​sand ​ဆိုတာ ​သဲတွေ၊ ​ရေတွေ၊ ​ရွှံ့တွေနဲ့ ​bitumen ​လို့ခေါ်တဲ့ ​ဆီတွေ ​စုပေါင်းထားတဲ့ ​မြေဖြစ်ပါတယ်။

မြို့မှာ ​နေထိုင်တဲ့ ​လူပေါင်း ​ရှစ်သောင်းကို ​အချိန်မီ ​ကယ်ဆယ်ဖို့အတွက် ​အနီးအနားက ​ပြည်နယ်တွေကို ​အာဏာပိုင်တွေက ​အကူအညီတောင်းခံနေပြီး ​ရဟတ်ယာဉ်တွေနဲ့ ​ခေါ်ဆောင်ဖို့တွေ၊ ​မီးကို ​ကူသတ်ပေးဖို့တွေ ​ပါဝင်ပါတယ်။

အဲဒီ ​မီးရဲ့ ​အကျယ်အဝန်းက ​ဟက်တာပေါင်း ​၂၆၀၀ ​ကျော်ရှိပြီး ​မနေ့ကတည်းက ​လောင်ကျွမ်းနေတဲ့အတွက် ​လမ်းတွေ ​ပိတ်ချခဲ့ရပါတယ်။

လမ်းတွေ ​ပိတ်ချနေရလို့ ​ထွက်ပေါက်တချို့ ​ပိတ်မိနေတာကြောင့် ​လူ ​၆၀၀၀ ​ကို ​အချိန်မှီ ​ပြောင်းရွှေ့နိုင်ဖို့ ​အစွမ်းကုန် ​ကြိုးစားနေကြပါတယ်။

အဲဒီမီးကြောင့် ​ဒဏ်ရာ ​ရရှိသူတွေ ​မရှိဘူးလို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကနေဒါ မီးလောင်မှုကြောင့် လူထောင်ချီ ထွက်ပြေး  ကနေဒါ မီးလောင်မှုကြောင့် လူထောင်ချီ ထွက်ပြေး Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.