ဖားကန့်မြို့နယ်အတွင်း လေပြင်မိုးမုန်တိုင်ကြောင့် လူ(၂)ဦးသေဆုံးပြီး အဆောက်အဦး (၃၀၀)ကျော် ပျက်ဆီး


ဖားကန့်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားသဖြင့် လူ(၂)ဦးသေဆုံးပြီး လူနေအိမ်များနှင့်ဘာသာရေးအဆောက်အဦများပျက်စီးဆုံးရှုံး

မြစ်ကြီးနား မေ(၂)

ဖားကန့်မြို့နယ်အတွင်း ဧပြီ(၂၉)ရက် ညနေ(၄)နာရီမှ (၄)နာရီခွဲထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများနှင့် ပညာရေးအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မရှီကထောင်၊ အေးမြသာယာရပ်ကွက် မော်မောင်းလယန်ကျေးရွာရှိ ရွှေဟိန်းထက်ကုမ္ပဏီဝန်းအတွင်းရှိ (၉)ပေပတ်လည်ရှိ (၄)ခန်းတွဲ အိမ်(၁) လုံး၊ ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ စပေါ့ကျေးရွာတွင် နေအိမ်(၄၀)လုံးနှင့် မူရင်းနှစ်ခြင်းခရစ်ယာန်ဝတ်ပြု ဆောင်၊ သာသနာ့ပါလဘုန်းတော်ကြီးကျောင်းနှင့် မူလွန်ကျောင်းတစ်ကျောင်း၊ ကောင်ဆန်ကျေးရွာတွင် နေအိမ်(၈၇)လုံးနှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မဏိရတနာဘုန်းတော်ကြီးကျောင်း၊ နမ့်မှော် ကျေးရွာတွင် နေအိမ်(၁၁၀)လုံးနှင့် ရွှေနဂါးဘုန်းတော်ကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ တောင်း ကော့ကျေးရွာတွင် နေအိမ်(၄၅)လုံးနှင့် မဏိသုခဘုန်းတော်ကြီးကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ ရွာဟောင်းကျေးရွာတွင် နေအိမ်(၃)လုံး၊ မှော်ရှန်ကျေးရွာတွင် နေအိမ် (၂)လုံးနှင့် ၀င်းသီရိမင်္ဂလာကျောင်း တိုက်၊ ဆိုင်းငိုင်နှစ်ခြင်းဘုရားကျောင်းနှင့် မူလွန်ကျောင်းနှင့် ၀န်ထမ်းအိမ်ရာ(၁)လုံး စုစုပေါင်းနေအိမ် (၂၉၀)လုံး၊ ဘာသာရေးအဆောက်အဦ(၁၀)လုံးနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့သည်။


ထိုအပြင် မှော်ရှန်ကျေးရွာတွင် ဆုထူးပန်ကုမ္ပဏီဝင်းအတွင်းရှိ ဦးအောင်ကျော်(၄၂)နှစ်၊ (ဘ) ဦးမတူးနှင့် ဦးတွမ်ရင်ချန်း(၃၅)နှစ်၊ (ဘ)ဦးတွမ်ခိုင်လျန်တို့သည် လေပြင်းတိုက်ခတ်မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ သည်။

ဖားကန့်မြို့နယ်အတွင်းရှိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဘေး သင့်အိမ်ထောင်စု(၃၃၄)စုနှင့် လူဦးရေ (၁၄၀၃)ဦးရှိကာ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်(၄၃၃၅၄၀၀၀ိ/-)ရှိပြီး လေဘေးပြည်သူများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကုမ္ပဏီများနှင့် စေတနာရှင်၊ အလှူရှင်များက အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးစီစဉ် ကွင်းဆင်းထောက်ပံ့ပေးသွားနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့်မြို့နယ်အတွင်း လေပြင်မိုးမုန်တိုင်ကြောင့် လူ(၂)ဦးသေဆုံးပြီး အဆောက်အဦး (၃၀၀)ကျော် ပျက်ဆီး  ဖားကန့်မြို့နယ်အတွင်း လေပြင်မိုးမုန်တိုင်ကြောင့် လူ(၂)ဦးသေဆုံးပြီး အဆောက်အဦး (၃၀၀)ကျော် ပျက်ဆီး Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.