ဝမ်းတွင်းမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ (၉၀၀)ကျော် ပျက်ဆီး ဆုံးရှုံး


ဝမ်းတွင်းမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဆုံးရှုံးမှု များဖြစ်ပေါ်

ဝမ်းတွင်း မေ ၂

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း မေလ ၁ ရက်နေ့ ညနေ (၃)နာရီ (၁၅)မိနစ်အချိန်မှ (၃)နာရီ (၄၅)မိနစ်အချိန်အထိ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အနောက်မြောက်ဘက်မှ ရွာသွန်းလာသော မိုးနှင့် အတူ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများ၊ စေတီပုထိုးများ၊ လျှပ်စစ်မီးတိုင်များ၊ ဖုန်းတိုင်များနှင့် သစ်ပင်သစ်ကိုင်းများပျက်စီးခြင်း၊ ဌာန ဆိုင်ရာ (၆)ခုတွင် အမိုးများလှန်ခြင်း၊ စာသင်ကျောင်း(၂၁)ကျောင်းတွင် (၁)ကျောင်းပြိုကျခြင်းနှင့် ကျန်(၂၀)ကျောင်းတွင် အမိုးလှန်ခြင်း၊ ရပ်ကွက် /ကျေးရွာအုပ်စု(၃၃)အုပ်စုတို့တွင် လူနေအိမ်ခြေ(၃၄)လုံးပြိုကျခြင်းနှင့် အိမ်ခြေ (၉၂၂)လုံး အမိုးများလှန်ခြင်း၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း ပြိုကျခြင်းနှင့် (၁၃)ကျောင်း အမိုးများလှန်ခြင်း ဘုရားစေတီ (၂)ဆူ ပြိုကျခြင်းနှင့် စေတီ(၈)ဆူတို့တွင် အနည်းငယ်ပျက်စီးသွားခဲ့သည်။


ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ ကွင်းဆင်းစိစစ်လျှက်ရှိကြောင်း သတင်းရရှိ သည်။

ဌေးလှိုင်(ဝမ်းတွင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဝမ်းတွင်းမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ (၉၀၀)ကျော် ပျက်ဆီး ဆုံးရှုံး  ဝမ်းတွင်းမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ (၉၀၀)ကျော် ပျက်ဆီး ဆုံးရှုံး Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.