ရည်းစားက ဖုန်းအတွင်းမှ ညစ်ညမ်းဗီဒီယိုကားများပြသကာ သားမယားအဖြစ်ပြုကျင့်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပြီး ​သားမယားအဖြစ်ပြုကျင့် ခံရသူ၏ ပုံ ​မ​ဟုတ်​ပါ။
ရွှေပြည်သာမြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးတစ်ဦးကို ရည်းစားက ဖုန်းအတွင်းမှ ညစ်ညမ်းဗီဒီယိုကားများပြသပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ဆိုကာတိုင် ကြားမှု ဧပြီလ ၃၀ ရက်နေ့ က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၇ နာရီ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာတွင် ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် အသက် ၁၃ နှစ်အရွယ် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူကို ဆေး လိပ်ဝယ် ယူရန်အတွက် လမ်းထိပ်သို့လွှတ်ခဲ့ရာက ပြန်မလာသဖြင့် လိုက်လံရှာဖွေရာမတွေ့ သဖြင့် အိမ်တွင်စောင့်ဆိုင်းခဲ့သည်။

ည ၈ နာရီအချိန်ခန့်တွင် သမီးဖြစ်သူ ပြန်ရောက်လာကာ အ၀တ်အစားများမှာလည်း ပြန့်ကျဲနေသည်ကို တွေ့ရပြီး အမူအရာပျက်နေသဖြင့် မေးမြန်းခဲ့သည်။ လွန်ခဲ့သော ၁ လခန့်က ချစ်ကြိုက်ခဲ့သည့် (၆) ရပ်ကွက် နေ ကျော်ကျော်အောင်(၂၃ နှစ်) က စက်ဘီးဖြင့် ခေါ် ဆောင်သွားခဲ့ပြီး သာဓုကန်စက်မှုဇုန်အနီး သံလမ်းဘေးတဲတစ်လုံး တွင်း ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်းမှ ညစ်ညမ်းဗီဒီယိုကား များကို ပြသကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်းပြောပြသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ရွှေပြည်သာမြို့မရဲစခန်းက(ပ) ၄၅၇/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၂၉၃ အရ အမှုဖွင့် အရေးယူထားသည်။

တိုးဝေအောင်
The Myanmar Times
https://www.facebook.com/themyanmartimes
ရည်းစားက ဖုန်းအတွင်းမှ ညစ်ညမ်းဗီဒီယိုကားများပြသကာ သားမယားအဖြစ်ပြုကျင့်  ရည်းစားက ဖုန်းအတွင်းမှ ညစ်ညမ်းဗီဒီယိုကားများပြသကာ သားမယားအဖြစ်ပြုကျင့် Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.