ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း စ၀်အောင်မြတ်က တောင်ကြီးမြို့ရှိ ပေ ၃၀၀၀ ပတ်လည် သစ်တောမြေအား ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်ရာ ဖော်ဆောင်နေမှုအပေါ် သမ္မတရုံးထံ ကန့်ကွက်စာ ပေးပို့ထား

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစ၀်အောင်မြတ်မှ ဦးဆောင်၍ တောင်ကြီးမြို့အထွက်ရှိ သစ်တောမြေအား သိန်းပေါင်းသိန်းချီတန် လူနေအိမ်ရာအဖြစ် ခါတော်မီ အကောင်ထည်ဖော်ခဲ့မှုအပေါ် သမ္မတရုံးထံ ကန့်ကွက်စာ ပေးပို့ထားကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြောခွင့်ရ ဦးဇော်ဌေးမှ The Ladies N ews သို့ မေလ ၃၀ ရက်နေ့တွင် ပြောသည်။

‘တိုင်ကြားစာ လက်ခံရရှိထားတာ မှန်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

တောင်ကြီးမြို့ ဟိုပုံးဘက်အထွက်ရှိ သစ်တော (ကာကွယ်ထိန်းသိမ်းတော ) များတွင် ပေ ၃၀၀၀ ပတ်လည်ရှိ လူနေအိမ်ရာ ဖော်ဆောင်ရေးအတွက် အစိုးရ အကူးအပြောင်း မလုပ်ခင်လပိုင်းအတွင်း အကောင်ထည် ဖော်ခဲ့ခြင်းဖြစ်သည် ဟု တောင်ကြီးဒေသခံများကလည်း ပြောသည်။

‘သူတို့က အာဏာမလွှဲခင် နှစ်လလောက်မှာ။ ရွေးကောက်ပွဲ အပြီးနောက်ပိုင်းမှာ လုပ်သွားတာ။ အခုဆိုရင် ကားလမ်းတွေလည်း ဖောက်ပြီးနေတယ်။ အုတ်တံတိုင်းတွေလည်း ခတ်ပြီးကုန်ပြီ။ အနည်းဆုံး သိန်းကို သိန်းနဲ့ချီလောက် တန်တယ်။ ခါတော်မီပေါ့ဗျာ” ဟု တောင်ကြီးခရိုင် အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက အတည်ပြုပြောဆိုသည်။

တောင်ကြီး- ဟိုပုံးသွား လမ်းနှစ်ဘေးရှိ အဆိုပါ သစ်တော ကာကွယ်ထိန်းသိမ်းတောများမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းဝင်း သစ်တော ညွှန်ကြားရေးမှူးဘ၀က စိုက်ပျိုးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုင်ကြားစာအား တောင်ကြီးဒေသခံတစ်ဦးဖြစ်သူ ဦးစောရွှေဒင်က သမ္မတရုံးထံ တိုင်ကြားခဲ့ခြင်းဖြစ်ကာ သမ္မတရုံးမှလည်း လက်ခံရရှိကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies


ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း စ၀်အောင်မြတ်က တောင်ကြီးမြို့ရှိ ပေ ၃၀၀၀ ပတ်လည် သစ်တောမြေအား ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်ရာ ဖော်ဆောင်နေမှုအပေါ် သမ္မတရုံးထံ ကန့်ကွက်စာ ပေးပို့ထား  ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း စ၀်အောင်မြတ်က တောင်ကြီးမြို့ရှိ ပေ ၃၀၀၀ ပတ်လည် သစ်တောမြေအား ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်ရာ ဖော်ဆောင်နေမှုအပေါ် သမ္မတရုံးထံ ကန့်ကွက်စာ ပေးပို့ထား Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.