ယာဉ်သုံးစီး မျက်နှာချင်းဆိုင် တိုက်မိ

 ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယာဉ်သုံးစီးမျက်နှာချင်းဆိုင်တိုက်မိ
ရေတာရှည် မေ ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့တောင်ဘက် မြို့နယ်ဘောလုံးကွင်း အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း၌ မေ ၂၇ ရက် ညနေ ၅ နာရီခန့်က အရှိန်မထိန်းနိုင်သည့် ကုန်တင်ယာဉ် သည် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်နှင့် အိမ်စီးယာဉ်ငယ်တို့အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့မရဲစခန်း မှ တာဝန်မှူးရဲအုပ်ဇော်မင်းလတ်နှင့် အဖွဲ့ သတင်းအရသွားရောက် စစ်ဆေး ခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ အောင်ဆန်းညီညီ စိုင်း(၂၈ နှစ်) မောင်းနှင်လာသော နီဆန်း 4B/.... ၁၂ ဘီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ မိုင်တိုင် ၁၉၁/၇ နှင့် (၁၉၁/ဝ)အကြား တစ်ဖက်ယာဉ်ကြော သို့ ငါးပေခန့်ရောက်ရှိပြီး ရှေ့မျက်နှာ ချင်းဆိုင်ဘက်မှ စိုးမင်းနိုင် (၄ဝ နှစ်) မောင်းနှင်၍ နောက်တွင် မေသွင်စိုး (၃ဝ နှစ်) လိုက်ပါလာသည့် ဂျင်းရှီ ၁၁ဝ ၃၅ ယ/..... ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။ ၁၂ ဘီး ကုန်တင်ယာဉ်မှာ ချက်ချင်းရပ်တန့် ခြင်းမရှိဘဲ ရှေ့သို့ဆက်လက်မောင်းနှင် သွားရာ မျက်နှာချင်းဆိုင်ဘက်မှ ကိုစိုးလွင်(၃၂ နှစ်) မောင်းနှင်ပြီး မောင်ထူးလျန်ထွန်း ရှစ်နှစ်လိုက်ပါလာ သည့် ဆူဇူကီးယာဉ်အား မျက်နှာချင်း ဆိုင်ထပ်မံတိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ စိုးမင်းနိုင်မှာ ရရှိသည့် ဒဏ်ရာများဖြင့် ရေတာရှည်ဆေးရုံ အရောက်သေဆုံးသွားခဲ့ပြီး ဆိုင်ကယ် နောက်မှလိုက်ပါလာသူ မေသွင်စိုးနှင့် ဆူဇူကီးယာဉ်ငယ်ပေါ်တွင် လိုက်ပါလာ သူနှစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရေတာရှည် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်သုံးစီး မျက်နှာချင်းဆိုင် တိုက်မိ  ယာဉ်သုံးစီး မျက်နှာချင်းဆိုင် တိုက်မိ Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.