ဘဏ္ဍာငွေပြန်လည်ဖြည့်တင်းရန် ISIS အဖွဲ့က မုတ်ဆိတ်မွေးရိတ်သည့် အဖွဲ့ဝင်များကို ဒေါ်လာ ၁၀၀ ချမှတ်မည်


ဝါရှင်တန် ၊ ၃၀-၅-၂၀၁၆

ISIS စစ်သွေးကြွ များသည် ၄င်းတို့၏ ပိုင်နက် အသီးသီးရှိ မုတ်ဆိတ်မွေး ရိတ်သည့် အမျိုးသားများ နှင့် ခြုံပဝါထည် အရှည် မဝတ်ဆင်သည့် အမျိုးသမီးများကို အခွန်ငွေနှင့် ဒဏ်ကြေးအသစ်များ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ ISIS စစ်သွေးကြွ အဖွဲ့သည် ယခုအခါ ဘဏ္ဍာရေး အခြေအနေ ယိမ်းယိုင်လာမှုကို ပြန်လည်ဖြည့်တင်း သည့်အနေဖြင့် ၄င်းတို့၏ ပိုင်နက်ဒေသ အသီးသီးတွင် အခွန်ငွေနှင့် ဒဏ်ကြေးများ တိုးမြှင့်စွာ ကောက်ခံလျက် ရှိကြောင်း ၄င်းအဖွဲ့၏ အခြေအနေများကို လေ့လာ စောင့်ကြည့် နေသည့် IHS အဖွဲ့၏ လေ့လာ ဆန်းစစ်ချက် အသစ်များအရ သိရသည်။

ယင်းကဲ့သို့ အခွန်ငွေတိုးမြှင့် ကောက်ခံရာတွင် ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် မုတ်ဆိတ်မွေး ရိတ်သည့် အဖွဲ့ဝင် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ကောက်ခံမည် ဖြစ်ပြီး မုတ်ဆိတ်မွေး အလှဆင်သည့် အဖွဲ့ဝင် တစ်ဦးလျှင် ဒေါ်လာ ၅ဝ နှင့် ရိုးရာဝတ်စုံ မဝတ်ဆင်သည့် စစ်သွေးကြွ များကို တစ်ဦးလျှင် ၅ ဒေါ်လာအထိ ကောက်ခံသွားမည် ဖြစ်သည်။

ထို့ပြင် အမျိုးသမီးများ အနေဖြင့် ခြုံထည်ဝတ်စုံ အရှည် မဝတ်ဆင်ပါက ၂၅ ဒေါ်လာ ကောက်ခံမည် ဖြစ်ပြီး ဓလေ့ထုံးစံ အတိုင်း မျက်လုံးမခြယ်သသည့် အမျိုးသမီး တစ်ဦးလျှင် ၁ဝ ဒေါ်လာထိ တိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဘဏ္ဍာငွေပြန်လည်ဖြည့်တင်းရန် ISIS အဖွဲ့က မုတ်ဆိတ်မွေးရိတ်သည့် အဖွဲ့ဝင်များကို ဒေါ်လာ ၁၀၀ ချမှတ်မည်  ဘဏ္ဍာငွေပြန်လည်ဖြည့်တင်းရန် ISIS အဖွဲ့က မုတ်ဆိတ်မွေးရိတ်သည့် အဖွဲ့ဝင်များကို ဒေါ်လာ ၁၀၀ ချမှတ်မည် Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.