သမ္မတ ဘားရက်အိုဘားမား ရေးတဲ့ " မျှော်လင့်ခြင်း မီးအိမ်"


 မျှော်လင့်ခြင်း မီးအိမ်

ဘဲဥပုံရုံးခန်းမှာ ကြိုဆိုလက်ခံတွေ့ဆုံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိတ်ဆိတ်တဲ့ဂုဏ်သိက္ခာက ကျွန်တော့်ကို သိမ်းပိုက်ဖမ်းစားခဲ့ပါတယ်။ သူမဟာ ပျော့ပျော့ ပျောင်းပျောင်း ညင်ညင်သာသာ စကားဆိုတတ်ပေမယ့် သူမချစ်တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဆောင်ကြဉ်းပေးဖို့အတွက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကြာ ပိတ်လှောင်ထားခဲ့ပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ ရှင်သန်နေခဲ့သူ ဖြစ်ပါတယ်။

နောက် နှစ်လအကြာ သူမရဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ ရိုးရှင်းတဲ့ နေအိမ်ကို အလည် ရောက်တဲ့အချိန်မှာ သူမကိုယ်သူမ မေတ္တာ၊ ကရုဏာနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာနေတာ တွေ့ခဲ့ရပါတယ်။

အကျဉ်းစံဘဝကနေ လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင် ဆိုတဲ့ ခရီးကို လျှောက်လှမ်းလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အောင်ပွဲကို ရရှိခဲ့ပါတယ်။ ဒေါ်စုဟာ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဦးဆုံးသော အရပ်သားအစိုးရကို ပဲ့ထိန်းမောင်းနှင်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်မှု၊ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၊ ဘာသာအားလုံးအတွက် လူ့အခွင့်အရေး တွေ ရရှိနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ကတိကဝတ်တွေ၊ သာယာဝပြောမှုတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့ အသင့်ရှိနေပါပြီ။

ကျွန်မတို့ လူသားတွေဟာ လိုအင်ဆန္ဒအမျိုးမျိုးနဲ့ မပြည့်စုံမှုတွေ ဖြစ်နေတယ် လို့ သူမက ပြောပါတယ်။ ဒီလို လိုတမပြည့် မပြည့်စုံမှုတွေ ရှိနေပေမယ့်လည်း ဒီမိုကရေစီဟာ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ခြင်းမီးအိမ်လေးတစ်ခု အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ် လို့လည်း သူမက ပြောခဲ့ပါတယ်။

အခုချိန်မှာတော့ အရင်ကလို မဟုတ်တော့ပါဘူး။ လေဒီဟာ သန်း ၅၀ ကျော် ပြည်သူတွေဆီ တရားမျှတခြင်းတွေ ရရှိစေဖို့၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူ သန်းပေါင်းများစွာအတွက် မျှော်လင့်ခြင်း မီးအိမ်လေး ဖြစ်လာနေပါပြီ။

[ဘားရက်အိုဘားမား၊ ၄၄ ဆက်မြောက် အမေရိကန်သမ္မတ]

Aung San Suu Kyi
By Barack Obama

Myanmar State Counsellor Office
https://www.facebook.com/state.counsellor

(တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် တစ်ရာမှာ နံပတ် သုံး နေရာ ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမေရိကန်သမ္မတ အိုဘားမားရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်ပါတယ်။)




သမ္မတ ဘားရက်အိုဘားမား ရေးတဲ့ " မျှော်လင့်ခြင်း မီးအိမ်"  သမ္မတ ဘားရက်အိုဘားမား ရေးတဲ့ " မျှော်လင့်ခြင်း မီးအိမ်" Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.