မတ္တရာမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက် မှုဖြစ်ပေါ်ခဲ့


မတ္တရာ ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဧပြီ ၂၁ ရက်ညနေပိုင်း က လေပြင်း များတိုက် ခတ်ခြင်း မိုးကြိုးထိမှန်ခြင်းတို့ကြောင့် မတ္တရာမြို့နယ်မှ ရယူသုံးစွဲလျှက် ရှိသော မြောက်ပြင်ပင်မ ဓာတ်အားခွဲရုံ၏ (၃၃)ကေဗွီ ဒင်္ဂါးချောင်းဓာတ်အားလိုင်းမှာ လျှပ်စစ် ဓာတ်အား ပျက်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပျက်တောက်မှုကြောင့် မတ္တရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် ဓာတ်အားပြန်လည် ရရှိရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ မိုးကြိုးထိ မှန်သော ကြွေသီးများ လဲလှယ်ခြင်း၊ မတ္တရာမြို့နယ် ကျောက်တံတား ကျေးရွာနှင့် ထန်းပင်ကုန်း ကျေးရွာအကြားရှိ တိုင်မှတ်(၂၈၇)ရှိ A phase လိုင်းကြိုးမှာ ကြွေသီးမှ Binding Wire ပျက်၍ လက် တန်း ပေါ်သို့ ပြုတ်ကျနေခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကျွမ်းကျင် ဝန်ထမ်းများမှ ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၂ ရက်နေ့ နံနက် ၁ဝး၎ဝ နာရီတွင် လျှပ်စစ်ဓာတ် အား ပြန်ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

စိုးကျော်သူထွေး(မတ္တရာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မတ္တရာမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက် မှုဖြစ်ပေါ်ခဲ့  မတ္တရာမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက် မှုဖြစ်ပေါ်ခဲ့ Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.