ကြံစိုက်ခင်းရေသွင်းမြောင်းပေါ်တွင် မျက်နှာ၌ သွေးများပေကျံလျက် လူသေဆုံးမှုဖြစ်ပွား


နောင်ချိုမြို့နယ် ကံကြီးကျေး ရွာအုပ်စု သရက်ကုန်းကျေးရွာ၌ ယခုလ ၂၈ ရက် နံနက် ၈နာရီခန့်က ဒေါ်ထွေး၏ကြံခင်းအနီးတွင် နောင်ချိုမြို့နယ် ကံကြီးကျေးရွာ အုပ်စု သရက်ကုန်းကျေးရွာနေထိုင်သူ ဝင်းမင်းသန်းအသက်(၂၇နှစ်) သည် ကြံစိုက်ခင်းရေသွင်းမြောင်း ပေါင်ပေါ်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ မျက်နှာဒဏ်ရာရရှိပြီး သေဆုံးနေကြောင်း သတင်းရရှိ သဖြင့် နောင်ချိုမြို့မရဲစခန်းတာဝန် မှူးနှင့် သက်သေများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရာအိမ်မှူး ဦးကျော်ဝင်းကို မေးမြန်းစုံစမ်းရာသေဆုံးသူဝင်းမင်း သန်းက အရက်ကိုစွဲမြဲစွာသောက်လေ့ရှိပြီး ကြံစိုက်ခင်းထဲတွင် ညအိပ်ရေသွင်း လုပ်ငန်းလုပ်ကိုင် သူဖြစ်ကာ မသေဆုံးမီသုံးရက်ခန့်က ကိုယ့်ကိုယ်ကိုယ် သတ်သေ ချင်သည်ဟုပြောဆိုသံကြားကြောင်း ပြောသည်။

နောင်ချိုမြို့မရဲစခန်းက ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စိုးစိုး(နောင်ချို)
The Union Daily
http://uniondaily.net
ကြံစိုက်ခင်းရေသွင်းမြောင်းပေါ်တွင် မျက်နှာ၌ သွေးများပေကျံလျက် လူသေဆုံးမှုဖြစ်ပွား  ကြံစိုက်ခင်းရေသွင်းမြောင်းပေါ်တွင် မျက်နှာ၌ သွေးများပေကျံလျက် လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.