၃-၂-၂၀၁၆ ရက် ည(၂၂း၀၀)အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၀/၅ နှင့် ၁၀၀/၆ ကြား အသွားလမ်းတွင် ယာဉ်အမှတ် 4K-××××၊ Isuzu (၆ ဘီး၊ ၁၆ တန်) ယာဉ်သည် အသွားလမ်းအတိုင်း မောင်းနှင်လာစဉ် မြေကြီးလမ်းမှ ကွန်ကရိလမ်းပေါ်သို့ တက်လာသော ထွန်စက်ယာဉ်နှင့် တိုက်မိပြီး ထွန်စက်ယာဉ်မှာ Isuzu ယာဉ်နှင့်အတူ ချိတ်ပါသွားကာ လမ်းလယ်ကျွန်းအတွင်း ရောက်ရှိ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ထွန်စက်ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ကျား(၁)ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မတော်တဆမှု ဖြစ်စဉ်အား မြို့ချောင်း အမြန်လမ်းရဲစခန်း က အမှုဖွင့်အရေးယူခြင်း ဆောင်ရွက်လျက် ရှိပါသည်။
Ministry of Construction
မိုင်တိုင် ၁၀၀/၅ နှင့် ၆ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား ၂ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
14:20
Rating: