နမ့်ဆန်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်များလောင်ကျွမ်းလျက်ရှိ

နမ့်ဆန်မြို့ မီးလောင်နေမှု ။ ဓါတ်ပုံ - Lway Htwe Htwe (facebook)
နမ့်ဆန် ဖေဖော်ဝါရီ ၎

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်တွင် ဖေဖော်ဝါရီလ (၄) ရက် နေ့လည် ၁ နာရီ ၄၀ မိနစ် အချိန်ကစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။

နမ့်ဆန်မြို့ မီးလောင်နေမှု ။ ဓါတ်ပုံ - Lway Htwe Htwe (facebook)
ဖြစ်စဉ်မှာမင်္ဂလာရပ်ကွက်နေ ဦးပန်းစိန်(လက်ဖက်ပွဲရုံ) မှ စတင်လောင် ကျွမ်းခဲ့ သည်ဟု သိရှိရပြီး၊ အဘယ်ကြောင့် လောင်ကျွမ်းသည်ကို မသိ ရသေးကြောင်း၊ ယနေ့ ညနေ (၅) နာရီ (၁၅) မိနစ်အချိန်အထိ အိမ်ခြေ (၁၀၀)ကျော် လောင်ကျွမ်းနေပြီး ဆက်လက်ငြိမ်းသတ်ဆဲ ဖြစ်ကြောင်းနှင့် နမ္မတူ၊ ကျောက်မဲ၊ သီပေါမြို့နယ်များမှ မီးသတ်ယာဉ်များရောက်ရှိကာ ကူညီငြိမ်းသတ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


နမ့်ဆန်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်များလောင်ကျွမ်းလျက်ရှိ  နမ့်ဆန်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်များလောင်ကျွမ်းလျက်ရှိ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.