လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့ လွှတ်တော် ကော်မတီများ ဖွဲ့ စည်းရေး ဆောင်ရွက်
ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ) |
လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ ဖွဲ့ စည်းရေး တို့ အား ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဒုတိယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ ဝင် ဦးရေ ၊ အမည် စာရင်းများကို ပြည်သူ့ လွှတ်တော်သို့ တင်ပြခဲ့ရာတွင် ဥပဒေကြမ်းကော်မတီအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ဝင် ၁၅ ဦးဖြင့် ဖွဲ့ စည်းမည် ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ၊ အတွင်းရေးမှုး အဖြစ် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်တို့ အား တာဝန်ပေးအပ် ဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ) |
ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်က ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ တို့ ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍လည်း လွှတ်တော်သို့ ရှင်းလင်း ပြောကြားခဲ့သည်။
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေတို့ အရ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ ၊ လွှတ်တော် အခွင့်အရေး ကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းပေးရမည် ဖြစ်သည်။
ကော်မတီ ၄ ရပ်၏ သက်တမ်းသည် လွှတ်တော်၏ သက်တမ်းနှင့် အညီ ငါးနှစ် ဖြစ်ပြီး ဥက္ကဋ္ဌ အနေဖြင့် ကော်မတီ၏ သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျှော်သလို လဲလှယ် အစားထိုး တာဝန် ပေးအပ်နိုင်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့ လွှတ်တော် ကော်မတီများ ဖွဲ့ စည်းရေး ဆောင်ရွက်
Reviewed by THITHTOOLWIN
on
13:52
Rating: