ပါတီချင်း ရန်ဘက်လို ဆောင်ရွက်ချင်းများ မလုပ်ရန် သူရ ဦးရွှေမန်း တိုက်တွန်း
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများ အား ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)
    ဖြူး၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
    ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် အောက်တိုဘာ ၃၁ ရက်၌ ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံစဉ် ယခုကျင်းပမည့် ရွေးကောက်ပွဲသည်  ပြိုင်ဆိုင်မှု ပြင်းထန်သလို၊ ခက်ခဲမှု၊ သိမ်မွေ့မှုများ ရှိသည့် အတွက် ပါတီချင်း ရန်ဘက်လုပ် ဆောင်ရွက်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။
သူရဦးရွှေမန်းက “ရွေးကောက်ပွဲမှာ ပါတီချင်း မှန်ကန်တဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်ဖို့ လိုတယ်။ မိမိအနေနဲ့ နိုင်ငံ့ အကျိုးအတွက် မည်သူနဲ့မဆို ပူးပေါင်းသွားပါမယ်’’ ဟုပြောခဲ့သည်။
ရွေးကောက်ပွဲ အလွန် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သည့် အခါ လက်ရှိ ဈေးကွက် စီးပွားရေးစနစ်ကို ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက် စီးပွားရေးအဖြစ် ပြောင်းလဲရန် ဆန္ဒရှိကြောင်း၊ ဒီမိုကရေစီ စနစ် ရှင်သန်ရန် ပြည်သူများပါ ပူးပေါင်း ပါဝင်ဖို့ လိုကြောင်း၊ ပြည်သူ မပါလျှင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။
 ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ)
သူရ ဦးရွှေမန်း အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးခံမည် ဖြစ်သလို၊ ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း ပါတီမှ နှုတ်ထွက်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
သူရဦးရွှေမန်းက “ပါတီမှာ ကောင်းမွန်တဲ့ မူဝါဒ ရည်မှန်းချက် ရှိတယ်။ ပါတီရဲ့ အဓိက မူဝါဒက ပူးပေါင်း ဆောင်ရွက်တဲ့ မူဝါဒဖြစ်တယ်’’ ဟု ပြောခဲ့သည်။
 ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)
ငြိမ်းချမ်းရေး အတွက် ယခုရရှိထားသည့် ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး စာချုပ်သည် ဆက်လက် ရှင်သန် ခိုင်မာပြီး အခြေအနေကောင်းတွေ ဖန်တီးဖို့လိုကြောင်း ၊ ပုဂ္ဂိုလ် တစ်ဦး အဖွဲ့အစည်း တစ်ခု အကျိုး စီးပွားထက် အမျိုးသား အကျိုးစီးပွားကို ကြည့်ဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သူရ ဦးရွှေမန်း၏ ယနေ့ လူထုနှင့် တွေ့ဆုံပွဲကို ညနေ ၃း၃၀ နာရီတွင် စတင်ခဲ့ပြီး တက်ရောက်သည့် ဒေသခံပေါင်း ၁,၀၀၀ ကျော်ရှိသည်။  (Xinhua)
http://www.xinhuamyanmar.com
မဲဆွယ်ကာလ ချိန်းခြောက်ရန်ပြုတိုက်ခိုက်ခံရမှုများသည် လူထုကို စည်းကမ်းပျက်စေကြောင်း ကိုမြအေး ပြော
 မဲဆွယ်စည်းရုံးရေး ကာလမှာ ဓါးနဲ့ခုတ်၊ လေးခွနှင့်ပစ် ခြိမ်းခြောက်မှုများက ပြည်သူကို စည်းကမ်းပျက်အောင်လုပ်သလိုဖြစ်နေကြောင်း လူ့ဘောင်သစ်ပါတီမှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၃၁ရက်နေ့က မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက ပြောကြားလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆွယ်ကာလ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းဖြစ်ရာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သာကေတတွင် NLD ကိုယ်စားလှယ်လောင်းတဦး မဲဆွယ်စည်းရုံးရေးစဉ် ဓါးဖြင့် ခုတ်ခံခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ပြိုင်ဘက်ဆိုတာ ရန်သူမဟုတ်ဘူး၊ သိထားဖို့က ရန်ဘက်မဟုတ်ဘူး။ ပြိုင်ဘက်အချင်းချင်း လက်ဆွဲနှုတ်ဆက်ရပြီး နိုင်သွားတဲ့အခါမှာ ရှုံးတဲ့လူက ၀မ်းသာအားရ လက်ခုတ်တီးပြီး ပီတိဖြစ်တာ အဲဒီလို အသိစိတ်ဓါတ်မျိုးပဲ ပြည်သူကို ပေးချင်တယ်။ ဘယ့်နှယ်ဗျာ ဓါးနဲ့ခုတ်တဲ့ဟာနဲ့၊ နယ်တွေရောက်တဲ့အခါကျတော့ လေးခွနဲ့ ပစ်တာနဲ့ ခြိမ်းခြောက်တာနဲ့ ဒါ ဒီမိုကရေစီမဟုတ်ဘူး။ လူထုကို စည်းပျက်ကမ်းပျက်၊ တရားဥပဒေစိုးမိုးမှု မရှိအောင်လုပ်နေတာ၊ အဲ့ဒီနောက်ကို ပြည်သူလူထု မလိုက်ပါနဲ့” ဟု ကိုမြအေးက ပြောသည်။
လူ့ဘောင်သစ်ပါတီမှ ဦးဇေယျ၊ ဦးအောင်ဇေယျတို့က ကျောက်တံတားမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟောပြောပွဲတွင် ပါတီဒုဥက္ကဌ ဦးကိုကိုအောင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးတင်မောင်ဦးတို့က တက်ရောက်ဟောပြောခဲ့ကြသည်။
လင်းလင်းအောင်/မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသူကျောင်းသားများ ဆုတောင်းပွဲပြု
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသားကျောင်းသူပူးပေါင်းပြီး အောက်တိုဘာ ၃၁ ရက်က ဆုလေဘုရားပေါ်တွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဝါရောင်သံဃာအဖွဲ့က ဦးနန္ဒသီရက “နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ လွှတ်ပေးဖို့ ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတရားမျှဖို့နှင့် နိုင်ငံရေးအေးချမ်းဖို့ ဆုတောင်း မေတ္တာပို့ ပရိတ်ရွတ်ခြင်းဖြစ်ကြောင်း”ကို ယင်းက ပြောသည်။
ဗကသကျောင်းသူ မအေးအေးဟန်က “ကျွန်မတို့ရဲ့ ကျောင်းသူကျောင်းသားတွေ လွှတ်မြောက်ဖို့ ဆုတောင်းပွဲ ပြုလုပ်တာဖြစ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့လို တယ်။ ကိုအောင်မှိုင်းဆန်းကိုလည်း လွှတ်ပေးဖို့ ဆုတောင်းမေတ္တာပို့ခြင်းဖြစ်တယ်”ဟု ပြောသည်။
၎င်းဆုတောင်းပွဲကို ဆူးလေဘုရား စနေ့ဒေါင့်တွင် ဆုတောင်းမေတ္တာပို့ပြီး ဆူးလေဘုရားကို သုံးပတ်ပတ်ပြီး ပရိတ်တရားတော်ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့သကြောင်း သိရသည်။
သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြန်မာနိုင်ငံသည် ငလျင်ဇုန်တွင် ပါဝင်ကြောင်း သတင်းထုတ်ပြန်
အယ်လ်ပိုက် ငလျင်ကြော တည်ရှိနေပုံကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)
    ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquake Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း မြန်မာနိုင်ငံ အစိုးရ ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
အဆိုပါ အယ်လ်ပိုက် ငလျင်ကြောသည် အနောက်ဘက် မက်ဒီတာရေးနီးယမ် မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တူရကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ ဟိမဝန္တာ ၊ မြန်မာနှင့် အင်ဒိုနီးရှားတို့ ထိရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံအနောက် မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့ နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကျန်း ပြတ်ရွေ့ တို့ဖြစ်သည်။
မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားနယ်မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်းကို ဖြတ်၍ မုတ္တမ ပင်လယ်ဝထိ ကီလိုမီတာ ၁,ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်း ပြတ်ရွေ့သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ခန့် ရွေ့လျား နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဆီးရီးယားအရေး ဖြေရှင်းရာတွင် ကူညီရန် အဆင့်လေးဆင့်ပါ ကနဦး စီမံချက်အား တရုတ်နိုင်ငံ အဆိုပြု
ဂရိနိုင်ငံသို့ ထွက်ပြေးလာကြသော ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်များအား တွေ့ရစဉ် (ဆင်ဟွာ)
    ဗီယာနာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
    ဆီးရီးယား အရေး၌ နိုင်ငံရေး ဖြေရှင်းမှု ရရှိရန် အတွက် ပဋိပက္ခ အခြေအနေများ ကြားမှ ဘုံအကျိုးစီးပွား အခြေအနေ တစ်ခုအား ဖန်တီး ရှာဖွေပေးရန် နိုင်ငံတကာ အသိုင်းအဝန်းအား တရုတ်နိုင်ငံက အောက်တိုဘာလ ၃၀ ရက်နေ့က တိုက်တွန်း လိုက်သည်။
တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး လီ ဘိုဒန်းသည် ဆီးရီးယားအရေး နှင့်ပတ်သက်၍ နိုင်ငံရေး အရ အဖြေရှာရာတွင် ကူညီရန် အဆင့် လေးဆင့်ပါသော ကနဦး စီမံချက်အား ဗီယင်နာ ဆွေးနွေးပွဲ၌ အဆိုပြု ခဲ့သည်။
လီက တရုတ်နိုင်ငံ အနေဖြင့် ဆီးရီးယား အရေးတွင် ပါဝင်နေသည့် အုပ်စုများ အားလုံးအား အကြမ်းဖက်မှု တိုက်ဖျက် ရေး ကတိပြုခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များဖြင့် ပြုလုပ်ကြရန် တိုက်တွန်း လိုက်သည်။
ကုလသမဂ္ဂက ဦးစီးပြီး ကျယ်ပြန့်၍ သီးသန့်ဖြစ်ပြီး ညီမျှသော ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံရေး အကူးအပြောင်းအား စီစဉ်သင့်ကြောင်း လီက အကြံပြုထားသည်။
ကုလသမဂ္ဂ အနေဖြင့် ဆီးရီးယား အရေး ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း လီက ပြောသည်။စစ်ပွဲ ပြီးဆုံးသွားခဲ့ပါက ဆီးရီးယား၏ ပြိုင်ဘက်အုပ်စုများ အနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များ ရရှိစေရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် စတင်ရေးအတွက်လည်း ၎င်းက အဆိုပြုခဲ့သည်။
ဆီးရီးယား နိုင်ငံအတွင်း လူသားချင်း စာနာမှုပဋိပက္ခနှင့် ဥရောပသမဂ္ဂ အတွင်း ရွှေ့ပြောင်း ဒုက္ခသည်များ အရေးတို့ကို ဖြစ်ပေါ်လာစေသော ဆီးရီးယား ပဋိပက္ခအတွက် အဖြေရှာ နိုင်ရန် သံတမန် လုပ်ငန်းစဉ်များ ရှေ့ဆက်ပြုလုပ်ရေး အတွက် ဆွေးနွေးပွဲများကို နှစ်ပတ်အတွင်း ပြန်လည် ပြုလုပ်သွားမည်ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
ခ​ရီး​သည်၂၀၀​ကျော်​ပါ​လာ​တဲ့ ​ရု​ရှေ​လ​ယာဉ် ​ပျက်​ကျ
လေ​ယာဉ်​ပျက်​ကျ​တဲ့​သ​တင်း​ကို ​အီ​ဂျစ်​ဝန်​ကြီး​ချုပ်​ရုံး​က ​အ​တည်​ပြု ​ပြော​ကြား​ခဲ့​တာ​ဖြစ်​ပါ​တယ်။ ​လေ​ယာဉ်​ပေါ်​ပါ​လာ​တဲ့​ခ​ရီး​သည်​အား​လုံး​ဟာ ​ရု​ရှ​နိုင်​ငံ​သား​တွေ ​ဖြစ်​တယ်​လို့ ​အီ​ဂျစ်​ဘက်​အာ​ဏ္ဍ​ပိုင်​များ​ဘက်​က​ထပ်​မံ ​အ​တည်​ပြု​ခဲ့​ပါ​တယ်။
ရု​ရှေ​လ​ကြောင်း​လိုင်း ​ကို​ဂါ​လီ​မာ​ဗီ​ယာ​ပိုင် ​အ​ဆို​ပါ ​လေ​ယာဉ်​ဟာ ​ရှမ်​အယ်လ်​ရှိတ် ​အ​ပန်း​ဖြေ​ကျွန်း​က​နေ ​ရု​ရှ​နိုင်​ငံ ​စိန့်​ပီ​တာ​စ္စ​ဘက်​မြို့​ကို ​ဦး​တည်​ပျံ​သန်း​ရင်း​ပျက်​ကျ ​ခဲ့​တာ​ဖြစ်​ပါ​တယ်။
ဘာ​ကြောင့်​လေ​ယာဉ်​ပျက်​ရ​တယ်​ဆို​တာ ​တ​ရား​ဝင်​စုံ​စမ်း​စစ်​ဆေး​ဖို့​ရု​ရှ​သ​မ္မ​တ ​ဗ​လာ ​ဒီ​မာ​ပူ​တင်​က​အ​မိန့်​ထုတ်​ပြန်​ထား​ပါ​တယ်။ ​လေ​ယာဉ်​ပေါ်​က ​ခ​ရီး​သည်၂၁၇​ဦး ​မှာ ​ခ​လေး၁၇​ဦး​နဲ့ ​လေ​ယာဉ်​အ​မှု​ထမ်း၇​ဦး​နဲ့ ​လေ​ယာဉ်​အ​မှု​ထမ်း၇​ဦး​ပါ​တယ်​လို့ ​ရု​ရှ​ဘက်​က ​အ​တည်​ပြု ​ထား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ရို​မေး​နီး​ယား ​နိုက်​က​လပ်​မီး ၂၇​ဦး​သေ​ဆုံး
ရို​မေး​နီး​ယား ​နိုင်​ငံ​မြို့​တော် ​ဘူ​ခါ​ရက်စ်​က ​နိုက်​က​လပ်​တစ်​ခု​မှာ ​သော​ကြာ​နေ့​ည​က ​မီး​လောင်​မှု​ဖြစ်​ပွား​ခဲ့​ပြီး ၂၇​ဦး​သေ​ဆုံး​ခဲ့​ပါ​တယ်။
သေ​ဆုံး​သူ​အ​များ​စု​ဟာ ​ဆယ်​ကျော်​သက်​အ​ရွယ်​တွေ​နဲ့ ​ငယ်​ရွယ်​သူ​တွေ​အ​များ​စု​ဖြစ်​ကြ​ပါ​တယ်။ ​မီး​လောင်​မှု​ဖြစ်​ပွား​ချိန် ​မီး​လွတ်​ရာ​ထွက်​ပြေး​ဖို့​ကြိုး​စား​ကြ​ပေ​မယ့် ​ထွက်​ပေါက်​တွေ​ပိတ်​ပြီး​သေ​ဆုံး​ခဲ့​ကြ​တာ​ပါ။
ဒဏ်​ရာ​ရ​တဲ့ ​သူ ၁၅၅​ဦး​ကို​လည်း ​ဆေး​ရုံ​တွေ​ပေါ်​မှာ ​အ​ရေး​ပေါ်​ကု​သ​မှု​ပေး​ထား​ရ​တယ်​လို့ ​အ​ရေး​ပေါ်​ကယ်​ဆယ်​ရေး​အ​ဖွဲ့ ​အ​ကြီး​အ​ကဲ ​ရက်​အ​ရာ​ဖက်​က​ပြော​ပါ​တယ်။ ​က​လပ်​အ​ပြင်​ဘက်​မှာ​ဖေါက်​တဲ့ ​မီး​ရူး​မီး​ပန်း​တွေ​က​တ​ဆင့်​ကူး​ဆက်​ပြီး ​မီး​လောင်​မှု​ဖြစ်​ပွား​ရ​တယ်​လို့ ​လတ်​တ​လောက်​ကောက်​ချက်​စွဲ​ထား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့  အဟောင်းအ၀တ်စားများ ရောင်းသည့် ဘေထုတ် ဈေးတန်း မီးလောင် ၁၅ဦး သေဆုံး
 ၃၁-၁၀-၂၀၁၅
 မနီလာမြို့  တောင်ပိုင်းက လူအစည်ကားဆုံး အဟောင်း အ၀တ်ထည်(ဘေထုတ်) များရောင်းသည့် ဈေးတန်းမှာ ယနေ့ မနက်ပိုင်းမှစတင်လောင်ခဲ့တဲ့မီးဟာ (၆)နာခန့် ကြာမြင့်ခဲ့ပါတယ်။
ဘေထုတ်အထည်တွေ စုပုံထားတဲ့ အ၀တ်ပုံတွေကြားက သွယ်တန်းထားတဲ့ လျှက်စစ်မီးကြိုး ၀ိုင်ယာ ပေါက်နေရာက လျော့ဖြစ်ပြီး မီးစတင်လောင် ခဲ့ကြောင်း မနီလာ ရဲမှူး Angelito Casimiro အန်ဂျလီတို ကပ်စီမီရို ကပြောပါတယ်၊
မီးလောင်နေတဲ့ အ၀တ်ပုံတွေကြား ပိတ်မိနေတဲ့ ဈေးသည် ၁၅ဦးသေ ဆုံးခဲ့ရပြီး လေးဦးဟာ ခလေးငယ်တွေဖြသ်ပါတယ် ၊တခြား(၁၃)ရောက်ကတော့ မီးလောင်ဒဏ်ရာတွေနဲ့  ဆေးရုံတင်ခဲ့ရကြောင်း .theguardian သတင်းရဲ့  အွန်လိုင်း မှာ ဖေါ်ပြထားပါတယ်။
Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW
အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်းသည့် ခရီးသည် ၂၀၀ ကျော်ပါ လေယာဉ် ပျက်ကျ
   ကိုင်ရို  ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
    အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်း ခဲ့သည့် ခရီးသည် ၂၀၀ ကျော် လိုက်ပါလာသည့် အဲဘတ်စ် 320 လေယာဉ်တစ်စီး ပျက်ကျ သွားခဲ့ကြောင်း အီဂျစ် နိုင်ငံ လေကြောင်း ဌာနမှ ထုတ်ပြန် ခဲ့ပြီး လေယာဉ် အဆက်အသွယ် မပြတ်တောက်မီတွင် လေယာဉ်မှူးမှ စက်ကိရိယာ ချို့ယွင်းမှုကြောင့် ကိုင်ရို လေဆိပ်တွင် အရေးပေါ် ဆင်းသက်ရန် မြေပြင် နှင့် ဆက်သွယ် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သတင်း ထုတ်ပြန်ချက်များ အရ ရုရှား နိုင်ငံသို့ သွားရောက်မည့် လူပေါင်း ၂၀၀ ကျော် လိုက်ပါ ခဲ့သည့် လေယာဉ်သည် ပင်လယ်နီ ဒေသအတွင်း ရှိ ခရီးသွား ဧည်သည်များ စည်ကားသော အီဂျစ် နိုင်ငံ ရှမ်အယ်လ် ရှိတ်မြို့(Sharm el-Sheikh) မှ ရှရှား နိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်းလာခြင်းဖြစ်သည်။ လေယာဉ်မှာ ဒေသစံတော်ချိန် နံနက် ၀၅း၅၁ နာရီတွင် ပျံတက်ပြီး ၂၃ မိနစ် အတွင်း အီဂျစ် နိုင်ငံ လေကြောင်း ဌာနနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကာ နောက်ပိုင်းတွင် ပျက်ကျ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။
သတင်း ဖော်ပြချက်များ အရ ယင်းလေယာဉ်သည် ရုရှား နိုင်ငံမှ ခရီးသွား အများစု ပါဝင် ခဲ့ပြီး လေယာဉ်ပေါ် တွင် စုစုပေါင်း လူဦးရေ ၂၂၄ ဦး လိုက်ပါ လာကြောင်း သိရှိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
တရုတ် လူဦးရေသည် ၂၀၃၀ ခုနှစ်တွင် ၁.၄၅ ဘီလီယံ အထိ ရောက်ရှိလာ မည်ဟု ခန့်မှန်း
    ပေကျင်း၊ အောက်တိုဘာလ ၃၁ ရက် (ဆင်ဟွာ)
    တရုတ် နိုင်ငံသည် ကလေး တစ်ယောက် ပေါ်လစီကို ပယ်ဖျက်ပြီး ဇနီးမောင်နှံတိုင်းအား ကလေး နှစ်ယောက်ထိ ယူခွင့် ပေးလိုက်ခြင်းကြောင့် တရုတ်လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၁.၄၅ ဘီလီယံ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းကြောင်း သိရသည်။
ပေါ်လစီအား ပြောင်းလဲ လိုက်ပြီးနောက် ကလေးမွေးဖွားနှုန်း သည် နောင်လာမည့် နှစ်အနည်းငယ်အတွင်း ပမာဏ တစ်ခုအထိ အတော်အတန် တိုးမြင့်လာနိုင်ကြောင်း နှင့် ကလေးမွေးဖွားမှု သည် အမြင့်ဆုံး နှစ်တွင် သန်း၂၀ ကျော်အထိ ရောက်ရှိ သွားနိုင်သည်ဟု ခန့်မှန်းကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ရေးဆွဲရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ ဝမ်ဖေအန်းက အောက်တိုဘာလ ၃၀ ရက် တွင် ပြောကြားခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ သည် အောက်တိုဘာလ ၂၉ ရက် အဓိက အစည်းအဝေး အပြီးတွင် ဇနီးမောင်နှံ အားလုံးအတွက် ဆယ်စုနှစ်ကြာ ချမှတ်ထားသည့် ကလေးတစ်ယောက် ပေါ်လစီကို ပယ်ဖျက်ခဲ့ပြီး ကလေးနှစ်ယောက် မွေးဖွားခွင့် ပေးခဲ့သည်။
ပေါ်လစီ ပြောင်းလဲပြီးနောက် ဇနီးမောင်နှံ သန်း၉၀ ခန့်သည်  ဒုတိယမြောက် ကလေး ထပ်မံယူရန် အရည်အချင်း ပြည့်မီကြောင်း နှင့် အရည်အချင်း ပြည့်မီသည့် အမျိုးသမီးများ အနက် ၆၀ ရာခိုင်နှုန်းမှာ ၃၅ နှစ် နှင့် အထက် ဖြစ်ကြောင်း ဝမ်မှ ပြောကြားခဲ့သည်။
အမျိုးသား သန်းခေါင်စာရင်း ဗျူရို ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် အကုန်တွင် တရုတ်နိုင်ငံ၌ လူဦးရေ ၁.၃၆၈ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
သာကေတ အငှားယာဉ်မောင်း သတ်ခံရမှု
 အငှားယာဉ်ပေါ်တွင် ယာဉ်မောင်း အမျိုးသား သေဆုံး လျက်တွေ့ရှိသည့် အမှုမှ
ပြစ်မှု ကျူးလွန် သူများကို အချိန်တို အတွင်း ဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၁
၂၇.၁၀.၂၀၁၅ ရက်နေ့ ၀၈၃၀အချိန်တွင် သာကေတမြို့နယ်နေ အငှားယာဉ် မောင်းနှင်သူ ကိုထွန်းလင်းကျော်သည် အငှားယာဉ် ဆွဲရန် ထွက်ခွါသွားရာမှ ၂၂၀၀ အချိန်ထိ နေအိမ်သို့ ပြန်လာ ရောက်ရှိခြင်း မရှိဘဲ ဖုန်းဆက်သွယ် မရသဖြင့် ၂၈.၁၀.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ၎င်း၏ဇနီးဖြစ်သူမှ သာကေတ နယ်မြေရဲစခန်းတွင် လူပျောက် တိုင်ကြား ထားရှိ ခဲ့သဖြင့် လူပျောက် အမှတ်စဉ်(၃၁/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့စုံစမ်းရှာဖွေလျက်ရှိစဉ် ကိုထွန်းလင်းကျော်မောင်းနှင်သည့် ယာဉ်အမျိုးအစားနှင့် တူသော နံပါတ်ပြားမပါသည့် အငှားယာဉ်(၁)စီးအား ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်းတွင် ရပ်ထားသည်ကိုတွေ့ရှိရသဖြင့် ကိုထွန်းလင်းကျော်၏ ဇနီးထံဆက်သွယ် အကြောင်းကြားကာ စစ်ဆေးခဲ့ရာ ယာဉ်၏ရှေ့ခန်းတွင် ကိုထွန်းလင်းကျော်မှာ ယာလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာနံဘေးနှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဒဂုံမြို့သစ်(အရှေ့)မြို့မ ရဲစခန်း(ပ)၆၂၇/၂၀၁၅၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းနှင့် သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ချက်များအရ ယခင်က သန့်ဇင်နှင့် ဝေယံထွန်းတို့သည် သေဆုံးသူထံတွင် ယာဉ်မောင်းအဖြစ်လုပ်ကိုင်စဉ်က အငှားယာဉ်အား နေ့/ညမောင်းနှင်လိုသည့်ကိစ္စဖြင့် စကားများခဲ့ကြကာ အလုပ်ဖြုတ်ခံရပြီး စပေါ်ငွေများအနက် ယာဉ်စစ်ဆေးချက်မှတ်တမ်းများမှ
ပြစ်ဒဏ်အတွက် ပေးလျော်စေ၍ ကျန်ငွေကိုသာ ပြန်လည်ပေးအပ်ခဲ့သဖြင့် အပြည့်အ၀ပြန်လည် မရရှိခြင်းအတွက် မကျေမနပ်ဖြစ်နေကြောင်း၊ လွန်ခဲ့သော(၂)ပါတ်ခန့်က သန့်ဇင်မှ သေဆုံးသူအား ခြိမ်းခြောက်ပြောဆိုသွားကြောင်းသိရှိရသဖြင့် မသင်္ကာ၍ ၎င်းတို့အား စစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
မသင်္ကာသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဝေယံ(ခ)ဝေယံထွန်း၊ (၂၂)နှစ်အား ၂၈.၁၀.၂၀၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်အတွင်းမှလည်းကောင်း၊ သန့်ဇင်၊ (၂၁)နှစ်အား ၂၉.၁၀.၂၀၁၅ ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့နယ်မှလည်းကောင်း တွေ့ရှိထိန်းသိမ်းနိုင်ခဲ့ပြီး
စစ်ဆေးရာ ၎င်းတို့(၂)ဦးသည် သန့ှ်ဇင်၏ကားတွင် အချိန်ပိုင်းမောင်းနှင်သူသက်ပိုင်မှူးဆိုသူနှင့် (၃)ဦးအတူ ကျူးလွန်ခဲ့ကြောင်း သိရှိရသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ သက်ပိုင်မှူး၊ (၂၀)နှစ်အား ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ပါသည်။
၎င်းတို့(၃)ဦးအား စစ်ဆေးချက်အရ သန့်ဇင်နှင့် ဝေယံထွန်းတို့သည် အလုပ်ဖြုတ်ခံရခြင်း၊ စပေါ်ငွေအပြည့်အ၀ပြန်လည် မရရှိခြင်းများအတွက် မကျေမနပ်ဖြစ်ကာ (၃)ဦးအတူတိုင်ပင်၍ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့၀၈၃၀ အချိန်ခန့်တွင် သက်ပိုင်မှူးမှ သေဆုံးသူ၏ယာဉ်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်သို့ ငှားရမ်းစီးနင်းခဲ့ပြီး သန့်ဇင်မှာ အခြားအငှားယာဉ်(၁)စီးဖြင့် နောက်မှလိုက်ခဲ့ကာ ဝေယံထွန်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်၊ ဦးမြတ်ထွန်းလမ်းတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြောင်း၊ ဝေယံထွန်းစောင့်ဆိုင်းသည့် နေရာအရောက်တွင် ယာဉ်ကိုငှားရမ်းစီးနင်းလာသူ သက်ပိုင်မှူးမှကိုထွန်းလင်းကျော်၏ လည်ပင်းကို ဓားဖြင့်ထောက်၍ရပ်ခိုင်းပြီး ဝေယံထွန်းမှဝမ်းဗိုက်ကိုဓားဖြင့်ထိုးကာ လက်အားပိုက်ကလစ်ကော်ကြိုးဖြင့် နောက်ပြန်ချည်နှောင်ခဲ့ကြောင်း၊ ၎င်းတို့(၂)ဦးမှ လည်ပင်းအားဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားစဉ် သန့်ဇင်တွင် လက်ကိုင်ဖုန်းမပါ၍ ဆက်သွယ်မရသဖြင့် ရောက်ရှိလာခြင်းမရှိကြောင်း၊ ဝေယံထွန်းနှင့် သက်ပိုင်မှူးတို့မှ မော်တော်ယာဉ်၏ နံပါတ်ပြားအား ဆွဲဖြုတ်ကာ အခင်းဖြစ်နေရာအနီးတွင်လွှင့်ပစ်ခဲ့ပြီး ယာဉ်အားမောင်းနှင်သွားကာ သေဆုံးလျက်တွေ့ရှိသည့်နေရာတွင် ထားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ယူဆောင်ခဲ့ပြီး ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ဓား(၁)ချောင်းနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းတို့အား ၀ှက်သိမ်းထားရာ သက်ပိုင်မှူးနေအိမ်မှ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့(၃)ဦးကို အမှုဖြင့်
ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
လူ​မှောင်​ခို​ဂိုဏ်း ​ခေါင်း​ဆောင်​ကို ​ရန်​ကုန်​မှာ ​ဖမ်း​မိ
အ​ခု ​ဖမ်း​မိ​တဲ့​သူ​ဟာ ​ကို​ရေ​ခဲ ​ခေါ် ​ခွန်​ကျော့​ရှင်း ​ဆို​သူ ​ဖြစ်​ပြီး ​သူ​စု​ဆောင်း ​ထား​တဲ့ ​အ​လုပ်​သ​မား ၃ ​ဦး​နဲ့​အ​တူ ​ဖမ်း​ဆီး ​မိ​ခဲ့​တာ​ပါ။
ထိုင်း​နိုင်​ငံ​က ​ငါး​ဖမ်း​လှေ ​ကု​မ္န​ဏီ​တ​ခု​မှာ ​လှေ​လုပ်​သား ​အ​ဖြစ် ​လုပ်​ကိုင်​ဖို့ ​မြန်​မာ ​အ​လုပ်​သ​မား​တွေ​ကို ​တ​ရား​မ​ဝင် ​ခေါ်​ယူ​နေ​တာ ​ဖြစ်​ပြီး ​အင်​ဒို​နီး​ရှား ​ပင်​လယ်​ပြင်​မှာ ​ငါး​ဖမ်း​လုပ်​သား​တွေ​အ​ဖြစ် ​ပို့​တဲ့​အ​ထဲ​မှာ ​အဲ​ဒီ​ကု​မ္န​ဏီ​က ​လူ​တွေ ​ပါ​တယ်​လို့ ​ရန်​ကုန်​တိုင်း ​လူ​ကုန်​ကူး​မှု ​တား​ဆီး​ရေး ​ရဲ​တပ်​ဖွဲ့ ​တပ်​ဖွဲ့​မှူး ​ရဲ​မှူး​ကြီး ​ရဲ​ဝင်း​အောင်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
အ​ဓိ​က​က ​တ​ရား​ဝင် ​အ​လုပ်​သ​မား​ပို့​ခွင့် ​လုပ်​ငန်း ​လိုင်​စင် ​မ​ရှိ​ပဲ ​အ​လုပ်​သ​မား​တွေ​ကို ​ပြည်​ပ​ကို ​ပို့​တဲ့​အ​တွက် ​အ​ခု​လို ​ဖမ်း​ဆီး​ခဲ့​တာ ​ဖြစ်​ပြီး ​လူ​ကုန်​ကူး​တဲ့ ​အ​ဆင့် ​ဖြစ်​မ​ဖြစ် ​ဆို​တာ​ကို ​ဆက်​လက် ​စစ်​ဆေး​သွား​မယ်​လို့ ​ပြော​ပါ​တယ်။
အဲ​ဒီ​အ​ဖွဲ့​မှာ ​ပါ​တဲ့ ​ထိုင်း​လူ​မျိုး​တ​ဦး​က​တော့ ​မြန်​မာ​နိုင်​ငံ​ထဲ​က​နေ ​ထွက်​ခွာ​သွား​ပြီး ​ဖြစ်​ပြီး ​ဒီ​အ​မှု​နဲ့ ​ပတ်​သက်​လို့ ​ထိုင်း​ရဲ​တပ်​ဖွဲ့၊ ​ထိုင်း​လူ​ကုန်​ကူး​မှု ​တား​ဆီး​ရေး ​အ​ဖွဲ့​တို့​နဲ့ ​အ​တူ ​ပူး​ပေါင်း ​ဆောင်​ရွက်​သွား​မယ်​လို့ ​ရဲ​မှူး​ကြီး ​ရဲ​ဝင်း​အောင်​က ​ပြော​ပါ​တယ်။ ​အ​ခု​လို ​နိုင်​ငံ​ကူး​လက်​မှတ်​နဲ့ ​တ​ရား​မ​ဝင် ​အ​လုပ်​သ​မား ​ခေါ်​ယူ​တာ​ကို ​ဖမ်း​ဆီး​မိ​တာ ​ဒါ ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဆီးရီးယား ကို ကန် ကြည်းတပ် စေလွှတ်မည်
(U.S. special forces )အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ။
IS စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးမှာ အတိုက်အခံအဖွဲ့တွေကို ကူညီဖို့အတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို အမေရိကန်မြေပြင် တပ်ဖွဲ့ငယ် တခုကို စေလွှတ်မှာဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ ဆီးရီးယားဒေသခံ တိုက်ခိုက်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၅၀ လောက်ကို စေလွှတ်ဖို့ အမေရိကန်သမ္မတက ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။
အထူးစစ်ဆင်ရေး တခုခုအတွက် သီးသန့်စေလွှတ်တာမဟုတ်ဘဲ ဆီးရီးယားကို အမေရိကန်မြေပြင်စစ်သည်တွေ စေလွှတ်တာ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
ဆီးရီးယားမှာ ဖြန့်ချထားမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေအနေနဲ့ IS စစ်သွေးကြွတွေ အပေါ် ချေမှုန်းနေသူတွေကို သင်တန်းတွေ၊ စစ်ရေးအကြံဥာဏ်တွေ နဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ် သွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါဟာဆိုရင် သမ္မတက လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ကြေညာထားတဲ့အတိုင်း မဟာဗျုဟာ ချဲ့ထွင်မှု ဖြစ်တယ်လို့လည်း မစ္စတာ Earnest က ပြောဆိုခဲ့တာပါ။ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ အဓိက မဟာဗျုဟာကတော့ ဒေသခံတပ်တွေ စွမ်းရည်မြင့်မားဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
IS စစ်သွေးကြွခေါင်းဆောင်တွေနဲ့ ကွန်ယက်တွေကို ချေမှုန်းဖို့ ကြိုးပမ်းရာမှာ အထူး စစ်ဆင်ရေး တပ်ဖွဲ့တွေ ထားရှိဖို့ကိုလည်း အီရတ်ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမားဟာ ဆွေးနွေး အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တရုတ်လုပ် ကျွန်းအနီး ကန် စစ်သင်္ဘော စေလွှတ်မှု ၂ နိုင်ငံ ရေတပ် အကြီးအကဲချင်း ဆွေးနွေး
တောင်တရုတ်ပင်လယ်တွင်းက ကန်သင်္ဘော။ 
တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်အတွင်း တရုတ်တို့ ဆောက်ထားတဲ့ ကျွန်းအတု အနီး အမေရိကန်တို့က ရေတပ်ဖျက် သင်္ဘော ခုတ်မောင်းသွားတဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ် အကြီးအကဲက အမေရိကန် ရေတပ် အကြီးအကဲကို ပြောကြား လိုက်ပါတယ်။
အမေရိကန်ရေတပ် စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli တို့ ကြာသပတေးနေ့က အလျင်အမြန်စီစဉ်ပြီး ဗွီဒီယိုနဲ့ တိုက်ရိုက်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ဖက်က အဲဒီလို ပြောကြားလိုက်တာပါ။
ဆွေးနွေးမှုဟာ အလုပ်သဘောဆန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတွေက ပြောကြားလိုက်ပြီး နှစ် ပုံမှန် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေက ရှောင်ရှားနိုင်အောင် လုပ်ထုံး လုပ်နည်းတွေကို လိုက်နာသွားကြဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဆွေးနွေးမှုတွေဟာ တင်းမာတဲ့သဘောရှိကြောင်း တရုတ်အရာရှိတွေဖက်က ပြောပါတယ်။ အဲဒီလို အန္တရာယ်များပြီး ရန်လိုတဲ့ လုပ်ရပ်မျိုးဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းချောက်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli ပြောကြားခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဝမ်ဟိုင်းဌာနချုပ်အနီး တိုက်ပွဲဆက်လက်ပြင်းထန်
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။ Photo courtesy of SSPP/SSA
SSPP/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ မိုင်းအန်ရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တိုက်ပွဲအခြေအနေအကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို အတည်ပြု ပြောပါတယ်။
"နှစ်ဘက်ထိခိုက်ကျဆုံးမှု နည်းနည်းတော့များတယ်၊ အတိအကျတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ၁ဝ ယောက် ဝန်းကျင်လောက်ရှိပြီ၊ သူတို့ဘက်ကပိုများတယ်၊ ဖြစ်လာတဲ့တောက်လျောက်မှာ သူတို့က ထိခိုက်ကျဆုံးတာ ရာဂဏန်းလောက်ရှိသွားပြီ၊ တာဆမ်ပူးနေရာရယ် မိုင်းအန်နဲ့ မိုင်းရှူးကားလမ်း တောင်ဘက် အခြမ်းတော့ သူတို့ကဆက်ပြီး စစ်ဆင်ရေးလုပ်နေမှာပဲ၊ သူတို့က ကျနော်တို့ အဲဒီဘက်မှာ အခြေမချနိုင်အောင် လုပ်ဆောင်နေတယ်"
အစိုးရတပ်မတော်က တာဆမ်ပူးနဲ့ မိုင်းအန်ဖက်က SSPP/SSA တပ်စခန်းတွေ အခြေချထားတဲ့နေရာကို အင်အား အလုံးအရင်းနဲ့ တိုက်နေတာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်း က တစ်လနီးပါးရှိနေပြီဖြစ်ကာ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေကြရပါတယ်။ ဝမ်ဟိုင်းဌာနချုပ်အနီး ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံရွာသားတွေဟာ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေတဲ့အတွက် ဆက်ပြီးမနေရဲကြတော့ဘဲ ဝမ်ဆော့၊ ဟိုင်းပါနဲ့ မိုင်းရှုးမြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရာ ဒုက္ခသည် သုံးထောင်ကျော်ရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ
အောက်တိုဘာ ၃၀ ရက် ၂၀၁၅
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အခြေ စိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၌ တိုက်ပွဲအတု တခု အား ယမန်နေ့ အောက် တိုဘာ ၂၉ ရက် မှ ယနေ့ နံနက် အောက်တိုဘာ ၃၀ ရက်နေ့နံပိုင်း အထိ အစိုးရတပ်က ညလုံးပေါက် ဆင်နွဲသောကြောင့် ဒေ သခံများ စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည်။
အောက်တိုဘာ ၂၉ ရက်ညမှစ၍ ယနေ့အောက်တို ဘာ ၃၀ ရက်နေ့ နံနက်မိုးလင်း သည့်အထိ အစိုးရတပ်ဘက်မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ကြောင့် ရွာသားများ စိုးရိမ်ထိပ်လန့်ကာ ခြံအတွင်းအသင့်တူးထားသော ခံတုတ်ကျင်း များအတွင်း ပြေးဝင်ခိုလှုံခဲ့ရ သည်ဟု ဒေသခံ စိုင်းခမ်းဆိုင် က ဤကဲ့သို့ ပြောသည်။
“ကျနော်တို့ မိုင်းနောင်မှာလေ တညလုံးပဲ၊ ကိုးနာရီတခါ၊ ၁၀ နာရီတခါ တနာရီခြားတခါ လက်နက်ကြီး အကြိမ်ကြိမ် ပစ်တယ်။ စကခ ၂ မိုင်းကောင်ဝ် တပ်ကပေါ့။ မိုးလင်းတဲ့ အထိဘဲ အကြိမ်တရာ ကျော် တယ်။ ဘယ်သူမှ သူတို့ကိုလာမပစ်ဘူး၊ သေနတ်သံ နား ထောင်ရင်လဲ သိတယ် ။ တဘက်တည်းပစ်တဲ့အသံလေ။ တညလုံးပစ်တာ မိုးလင်းတဲ့ အထိဘဲ”
ထို့အတူ မိုင်းရှူးမြို့နယ် မိုင်းစံမြို့ အခြေစိုက် ခလရ ၁၅၀ ကလည်း သီတင်း ကျွတ် လပြည့်ညက မိုင်းစန်ဒေသခံများ တိုးနယား ကိန္နရီ ကိန္နရာ အကတို့  ဖြင့် မြတ်စွာ ဘုရားအား ရည်စူး၍ ပူဇော်ကပြစဉ် လက်နက်ကြီး လက်နက် ငယ်များပစ်ခတ်သောကြောင့် ပွဲလန့်ကာ ထွက်ပြေးကြသဖြင့် အချင်းချင်း တက်နင်းမိ၍ ဒဏ်ရာရသူ များရှိသည်ဟု လည်းသိရသည်။
ထိုနေ့ကပင် ၀မ့်ဟိုင်းဌာနချုပ်အား မိုင်းရှူးမြို့တောင်ဘက် လွယ် ကျူ မောက်ခေါဝ် တပ်စခန်းချ နေထိုင်နေသည့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသေးသည်။
“ကျနော်တို့က ဘယ်သူ့ကိုမှ သွားပြီးရန်မရှာဘူး။ ကျနော်တို့ကို ရန်လုပ် ပြီး လာရောက် တိုက်ခိုက်လို့ ကိုယ့်ကိုကိုယ် ခုခံတဲ့အဆင့်နဲ့ပဲ ပြန်လည်ခုခံတာပဲ ရှိသေးတယ်။ ၁၉ ရက် နေ့ တုန်းကလဲ အစိုးရ သတင်းစာမှာပါလာသေးတယ် ကျနော်တို့ကနေ ပြီး အဲဒီတပ်ကို သွားတိုက်တယ်ဆိုဘဲလေ ” - ဟု SSPP/SSA ဌာနချုပ်ရုံးအရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည်။
၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘SSA ဝမ့်ဟိုင်းမှ သျှမ်းပြည် တပ်မ တော် က မိမိတို့၏ တပ်စခန်းများအား ၁၈ ရက်နေ့တကြိမ်၊ ၁၆ ရက်နေ့ ည က တကြိမ်လာ ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော် စစ်ကြောင်းမှ လိုက်လံ တိုက်ခိုက်ရှင်းလင်း လိုက်ရသည် ’ ဟု ပါရှိသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခု က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်ရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖြစ်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရောင်းဝယ်မှုတွင် စာချုပ်အတုနှင့် ဆင့်ပွားရောင်းချခြင်းများ ဖြစ်ပေါ်နေ
 အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုဈေး ကွက်အတွင်း စာချုပ်အတုများ၊ ဆင့်ပွားရောင်းချခြင်းများဖြစ်ပေါ်လျက်ရှိ ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေတိုက်ခန်းကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများအား စာချုပ်အတုများပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှု စာချုပ်များကို ဆင့်ပွားရောင်းချခြင်းများကြောင့် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။ အခန်းပေး အခန်းယူ ကန်ထရိုက် စနစ် ခေတ်စားခဲ့သည့် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဥက္ကလာပစသည့် မြို့နယ်များတွင် တိုက်ခန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စာချုပ်ဆင့်ပွား ရောင်းချမှုများအပြင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သန်လျင်စသည့်မြို့နယ်အများစုတွင် အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် စာချုပ်အတုပြုလုပ်ရောင်းချမှုများရှိကြောင်း သိရသည်။
''ပထမတော့ စပေါ်ပျောက်နဲ့ ငှားနေတာပေါ့။ ငှားလာတာ ကြာလာတော့ ပတ်ဝန်းကျင်မှာ သူပိုင်သလိုဖြစ်လာ တယ်။ နောက်တော့ တိုက်ခန်းပိုင်ဆိုင်ကြောင်း စာချုပ်အတုတွေလုပ်ပြီး ရောင်းတယ်။ အဲဒီ ၀ယ်လိုက်တဲ့လူက လည်း ဈေးကောင်းရလို့ထပ်ပြီး နောက်တယောက်ကို ရောင်းတယ်။ ပိုင်ရှင်ကပေါ်လာတော့ အရှုပ်အရှင်းတွေ ဖြစ်လာရော။ အခုနောက်ပိုင်း ဒီလိုပြဿနာတွေများလာတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
''မြေကွက်တကွက်ကို ပိုက်ဆံလိုနေလို့ပါဆိုပြီး ပွဲစားကနေ ပိုင်ရှင်ဆိုတဲ့ လင်မယားနှစ်ယောက်ကိုခေါ်လာ တယ်။ သိန်းတရာနဲ့ ၀ယ်ထားတာကို ငွေလိုလို့ သိန်း ၆၀ လောက်နဲ့ အရောင်းအ၀ယ်လုပ်မယ်ပြောတယ်။ နောက်တရက်မှ ပိုင်ဆိုင်မှု တွေပြတယ်။ အရောင်းအ၀ယ်လုပ်ပြီး သုံး၊ လေးရက်လောက်မှာ ပွဲစားခေါ်လာတဲ့ အိမ်ရှင်ဆိုတဲ့ လင်မယားတွေက ၀ယ်လိုက်တဲ့လူဆီဖုန်းဆက်တယ်။ သူတို့က ပိုင်ရှင်မဟုတ်ပါဘူး။ ပွဲစားခေါ်လို့ လိုက်လာရတာပါလို့ ပြောတယ်။ သူတို့တွေပေးထားတဲ့ မြေကွက်ပိုင်ဆိုင်မှုစာချုပ်က အတုကြီးဖြစ်နေတယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်ကုန်ရော''ဟု မြောက်ဒဂုံမြို့နယ်တွင် စာချုပ်အတုဖြင့် လိမ်လည်ရောင်းချမှု ဖြစ်ခဲ့ပုံကို ဒေသခံတဦးက ပြောသည်။
ထိုကဲ့သို့ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်များ၊ စာချုပ်စာတမ်း အရှုပ်အရှင်းပြဿနာများ ဖြစ်ပွားရခြင်းသည် ၀ယ်ယူသူ (သို့) ရောင်းချသူများကုန်ကျစရိတ်များပြားမည်ဟုထင်ကာ တတ်ကျွမ်းနားလည်သည့် ဥပဒေပညာရှင်များ ခေါ်ယူလေ့မရှိခြင်းစသည်တို့ကြောင့် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ အိမ်ခြံမြေ တိုက်ခန်းအရောင်း အ၀ယ်များပြုလုပ်ပါက အရောင်းအ၀ယ်ပြုလုပ်ထားသည့် စာချုပ်အား ၀ယ်ယူထားသည့်တန်ဖိုးနှင့်ညီမျှသည့် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ခြင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ကြေးပေးဆောင်၍ မှတ်ပုံတင်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း ဥပဒေပညာရှင်များက အကြံပြုပြောဆိုသည်။ ထို့အပြင် အရောင်းအ၀ယ် ပြုလုပ်နေစဉ် ကာလများအတွင်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိကို သတ်မှတ်ရက်တခုထား၍ နိုင်ငံပိုင်သတင်းစာမှ ကြေညာခြင်းသည်လည်း အရှုပ်အရှင်းများရှိခဲ့ပါက သိရှိနိုင်ကြောင်း သိရသည်။
''အခန်းတခန်းတည်းကို သုံး၊ လေးဦးက ဆင့်ပွားရောင်းချလာတာကို တွေ့လာရတယ်။ အဲဒီတော့ အိမ်ခြံမြေ တိုက်ခန်းပဲဖြစ်ဖြစ် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရောင်းဝယ်တဲ့အခါ သတင်းစာ ထဲထည့်ပြီး ကန့်ကွက်မှုရှိ၊ မရှိ ကြေညာလိုက်၊ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေရဲ့အကြံဥာဏ်ကို ရယူပါ။ အိမ်ခြံမြေ တိုက်ခန်းဝယ်တာပဲ၊ ဒါပေမဲ့ ပြဿနာဝယ်မိသလို ဖြစ်နေတယ်။ နောက်တခုက အခွန်ရှောင်ချင်ကြတယ်။ အဲဒီတော့ မလိုအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်''ဟု အထက်တန်းရှေ့နေတဦးဖြစ်သည့် ဦးအေးထွန်းဒွေးက အကြံပြုပြောဆိုသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အိမ်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်းအတွက် ကုန် သွယ်လုပ်ငန်းခွန် မကျသင့်ကြောင်း ဖော်ပြထားပြီး နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီး ရောင်းချသည့် အဆောက်အအုံ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရ မည်ဟု ပြဋ္ဌာန်းထားသည်။
မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြောင်း​စ​ရာ​မ​လို​ဘူး​လို့ ​သ​မ္မ​တ ​ပြော​တာ ​ဘာ​သ​ဘော​လဲ
လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ ​အ​ပြောင်း ​အ​လဲ​တွေ ​လုပ်​ထား​ပြီး​ပြီ​လို့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ပြော
 သ​မ္မ​တ​ဦး​သိန်း​စိန်​က ​ဒီ​မို​က​ရေ​စီ ​အ​ပြောင်း ​အ​လဲ​ကို ​သူ​တို့ ​အ​စိုး​ရ​က ​ပြု​လုပ်​ခဲ့​ပြီး ​ဖြစ်​တဲ့ ​အ​တွက် ​နောက်​ထပ် ​ပြောင်း​လဲ​စ​ရာ ​မ​ရှိ​တော့​ဘူး၊ ​ထပ်​ပြောင်း​ချင်​ရင် ​ကွန်​မြူ​နစ် ​စ​နစ်​ပဲ ​ပြောင်း​ဖို့ ​ရှိ​တော့​တယ်​လို့ ​သူ့ ​မွေး​ရပ်​မြေ ​င​ပု​တော ​မြို့​နယ် ​က ​ဒေ​သ​ခံ​တွေ​ကို ​အောက်​တို​ဘာ​လ ၂၉ ​ရက်​နေ့​က ​တွေ့​ဆုံ​စဉ် ​ပြော​ခဲ့​ပါ​တယ်။
တ​ကယ်​တန်း​တော့ ​လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ ​လွှတ်​တော် ​ပေါ်​လာ​တာ​နဲ့ ​တ​ရား ​စီ​ရင်​ရေး ​စ​နစ် ​ရှိ​တယ် ​ဆို​တဲ့ ​ပုံ​စံ​လေး ​နည်း​နည်း ​ပြောင်း​လာ​တာ​သာ ​ဖြစ်​ပြီး ​ဒီ​မို​က​ရေ​စီ ​စ​နစ်​ကို ​ပြောင်း​လဲ​တယ် ​ဆို​တဲ့ ​အ​ပြောင်း​အ​လဲ​က ​မ​ဖြစ်​သေး​ဘူး​လို့ ​လက်​ရှိ ​မြန်​မာ့​နိုင်​ငံ​ရေး ​အ​ခြေ ​အ​နေ​ကို ​စောင့်​ကြည့်​လေ့​လာ ​နေ​တဲ့ ​ပြည်​သူ့ ​အ​ရေး ​ဂျာ​နယ် ​အယ်​ဒီ​တာ​ချုပ် ​ဦး​မော်​လင်း​က ​ပြော​ပါ​တယ်။
ပြောင်း​လဲ​ချင်​သေး​ရင် ​ကွန်​မြူ​နစ် ​စ​နစ်​ကို​ပဲ ​ပြောင်း​ဖို့ ​ရှိ​တယ် ​လို့ ​ပြော​တာ​က ​လူ​တွေ​အ​နေ​နဲ့ ​ကွန်​မြူ​နစ် ​စ​နစ်​ကို ​မုန်း​တီး​နေ​ကြ​တယ်​လို့ ​သ​မ္မ​တ​က ​ထင်​နေ​ပုံ​ရ​လို့ ​ခြိမ်း​ခြောက်​တဲ့ ​သ​ဘော ​ပြော​တာ​လို့ ​ဦး​မော်​လင်း​က ​မြင်​ပါ​တယ်။
ပြောင်း​လဲ​ချိန် ​တန်​ပြီ ​လို့ ​ကြွေး​ကြော်​ပြီး ​ရွေး​ကောက်​ပွဲ ​တိုက်​ပွဲ​ကို ​သွား​နေ​တဲ့ ​အန်​အယ်လ်​ဒီ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​ကို ​ပြည်​သူ ​လူ​ထု​က ​နေ​ရာ​တိုင်း​မှာ ​အုံး​အုံး ​ကြွက်​ကြွက် ​ထောက်​ခံ ​နေ​ကြ​တာ​ကို ​မြင်​နေ​တဲ့ ​အ​တွက် ​အား ​ပေး ​နေ​ကြ​သူ​တွေ​ကို​ရော ​ရှေ့​က ​နေ​ခေါင်း​ဆောင်​ပြီး ​သွား​နေ​တဲ့ ​ပါ​တီ​ကို​ပါ ​နောက်​ထပ် ​ပြောင်း​လဲ​စ​ရာ ​မ​လို​တော့​ဘူး​လို့ ​ခပ်​ကြမ်း​ကြမ်း ​ပြော​လိုက်​တဲ့ ​သ​ဘော​လို့ ​ဦး​မော်​လင်း​က ​သုံး​သပ် ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ရွေးကောက်ပွဲနေ့ တည်ငြိမ်မှု ရှိရေး ပြည်သူအားလုံး ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများကို မဲအသိပညာပေးခြင်းနဲ့ မဲပေးပုံပေးနည်း ကို ပြသနေစဉ်။ Photo: National League for Democracy Facebook
ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
"မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်" အမည်ရှိတဲ့ ဗီဒီယိုဖိုင်ကို NLD ပါတီရဲ့ အင်တာနက် ဖေ့စ်ဘွတ်လူမှုရေး ကွန်ရက် စာမျက်နှာကနေ ဒီကနေ့ ဖြန့်ချီလိုက်ရာမှာ မဲပေးစဉ် ပါတီကိုယ်စားပြုတဲ့ ၀တ်စားဆင်ယင်တာတွေ မလုပ်ဖို့အပြင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လူထုက တည်ငြိမ်အေးချမ်းစွာ လက်ခံနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းထားတာပါ။
"မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့ ပြဿနာမရှာပါနဲ့ တာဝန်ရှိတဲ့လူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုး အကြောင်းပြောပြပါ၊ တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားပါ၊ မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့ အထိမ်းအမှတ်တံဆိပ်တွေ ဝတ်ဆင်ယူဆောင်မသွားပါနဲ့ ဦးထုပ်၊ တီရှပ်၊ တံဆိပ်၊ အလံ၊ နဖူးစီး စသဖြင့် အားလုံး ယူဆောင်သွားခွင့် မရှိပါဘူး၊ ကိုယ့်ရဲ့ပါတီကိုပဲ ထိခိုက်ပါလိမ့်မယ်၊ ဒါကိုသတိပြုပြီးတော့ အားလုံးလုပ်သွားကြပါ၊ ရိုးရိုးသာမာန် အဝတ်အစားနဲ့ပဲသွားပါ၊ မဲရေတွက်တာကို စိတ်ဝင်စားလို့ရှိရင် စောင့်ကြည့်လို့ရပါတယ်၊ မဲရုံမှာ ဘယ်သူနိုင်သလဲဆိုတာကို နားစွင့်ထားပါ၊ တစ်ညလုံးစောင့်ပြီး နားထောင်ရတယ်ဆိုရင် ပျော်စရာကောင်း ပါတယ်၊ ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ကြပါ၊ ကိုယ့်ဘက် က နိုင်လို့ရှိရင်လည်း သိပ်ပြီးတော့ အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်ပါနဲ့ ကံကောင်းအကြောင်းမလှလို့ ကိုယ့်ဘက်က ရှုံးလို့ရှိရင်လည်း အိနြေ္ဒရရနဲ့ ရင်ဆိုင်ပါ"
ဒါ့ပြင် ရွေးကောက်ပွဲနေ့မှာ ပြဿနာဖြစ်နိုင်တဲ့ ရန်စမှုတွေကို သတိထားရှောင်ကျဉ်ကြပြီး ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ပြီးဆုံးရေးကိုသာ ဦးတည်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။
"အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ ဘယ်သူကပဲ ရန်စ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းပဲနေကြပါ၊ တချို့က သူတို့အကြောင်းကြောင်းကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိနိုင်ပါတယ်၊ အဲ့ဒါတွေကို အထူးသတိထားပါ၊ ကိုယ့်အချင်းချင်းကိုလည်း သတိပေးကြပါ၊ ဒီလူတွေကို သတိထားရမယ်ဆိုတာ ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂါတ်အတွက် အများကြီးအရေးကြီးပါတယ်၊ ကျမတို့နိုင်ငံသူ နိုင်ငံသားတွေဝိုင်းလုပ်မှ ကျမတို့နိုင်ငံ အနာဂါတ်အတွက် စိတ်ချရမှာပါ၊ ရွေးကောက်ပွဲနေ့မှာ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါ အင်အားပြည့်ဝစွာနဲ့ ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်"
ဒါ့အပြင်လည်း မဲပေးဖို့အတွက် လိုအပ်တဲ့ အထောက်အထားတွေ ယူသွားကြဖို့၊ ပယ်မဲမဖြစ်ရေးအတွက် သတိထားကြဖို့အပြင် အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းသူတွေလည်း မဲပေးခွင့်ရှိတယ်ဆိုတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်။
NLD ပါတီဝင်တွေအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး ကူညီကြဖို့၊ ၁၈ နှစ်အောက် မဲမပေးနိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးဖြစ်တဲ့ သူတွေအားလုံးကပါ ရွေးကောက်ပွဲအောင်မြင်ရေး ၀ိုင်းဝန်းကူညီကြဖို့ ကိုလည်း တိုက်တွန်းထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးပုံမဲပေးနည်းကို သရုပ်ပြထားတာတွေ လည်း ပါဝင်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒရှင်ပြည်သူများသို့ ပန့်ကြားချက်
Posted by National League for Democracy on Thursday, October 29, 2015
သုဝဏ္ဏ၀တီမြို့တွင် တစ်နေရာတည်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီး လူတစ် ဦးသေဆုံး
 သထုံ၊ အောက်တိုဘာ၊ ၃၀
 မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က နာရီပိုင်းအတွင်း တစ်နေရာတည်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
သုဝဏ္ဏ၀တီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အနန်းကုန်းရပ် ရန်ကုန်-သထုံ အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် (၁၃၉/၅)နှင့် (၁၃၉/၆)အကြားတွင် အဆိုပါနေ့ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြူ/နက် အရောင် Wave 125 ဆိုင်ကယ်အား ယာဉ်မောင်း ကိုစိုးစိုးက ဆိုင်ကယ် ဦးထုပ် ဆောင်းထားခြင်းမရှိဘဲ အနန်းကုန်းလမ်းကြားမှ အဝေးပြေးလမ်းမပေါ်သို့ အရှိန်ဖြင့် မောင်းတက်စဉ် သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ဦးမျိုးအောင် မောင်းနှင်လာသည့် Fuso အမျိုးအစား ခြောက်ဘီး Express မှန်လုံယာဉ်အားအရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်အတက်အဆင်းတံခါးအား ပြင်းထန်စွာ ၀င်ရောက်တိုက်မိခဲ့သည်။ ၎င်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းသူ ကိုစိုးစိုးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ပေးပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းနေရာ၌ ထပ်မံကာ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
“ဆိုင်ကယ်တွေများလာ ပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှုအားနည်း ကြတယ်။ ဒီနေ့ဖြစ်စဉ်မှာ ဆိုင်ကယ် ဦးထုပ်ဆောင်းထားရင် သေတဲ့အထိဖြစ်ချင်မှဖြစ်မယ်။ နောက်တစ်ခုကလည်း ဆိုင်ကယ်တစ်စီးမှာ လူသုံးဦးစီးထားတယ်။ ဆိုင်ကယ်က အန္တရာယ်များတယ် ဒါ့ကြောင့် အားလုံးစည်းကမ်းလိုက်နာပြီး သတိရှိရှိ မောင်းနှင် စေချင်ပါတယ်” ဟု ကျိုက္ကော်ရပ်ကွက်မှ ကိုကျော်စွာလင်းက ယာဉ်တိုက်မှုများ နှင့်ပတ်သတ်၍ ၎င်း၏အမြင်အား ပြောကြားသည်။ အဆိုပါ ယာဉ်တိုက်မှုများတွင် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူများအား သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်ဦး(သထုံ)
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တာချီလိတ်မြို့၌ တစ်သောင်း ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၃၀
တာချီလိတ်မြို့ ပါလျံ(၃) ရန်အောင်မြေ ရပ်ကွက်ရှိ ရွှေနဂါးမိုတယ်၌ တည်းခို နေသော ဧည့်သည်(၃) ဦးထံမှ အောက်တိုဘာ ၂၉ ရက်နေ့က တစ်သောင်း ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါမိုတယ်၌ တည်းခိုလျက် ရှိသော ဧည့်သည် (၃)ဦးသည် တာချီလိတ်-လားရှိုး လေယာဉ် လက်မှတ် မှာယူသဖြင့် တာလော့ရပ်ကွက်ရှိ Sky View လေယာဉ် လက်မှတ် အရောင်းဆိုင်မှ အရောင်းစာရေး သားကို (ခ) ဟိန်းလင်းကို မှ အဆိုပါ မိုတယ်သို့ သွားရောက် ပို့ဆောင်ရာ လေယာဉ် လက်မှတ်ဖိုး ကျသင့်ငွေကျပ် (၂၃၁၀၀၀) အတွက် မြန်မာကျပ်ငွေ တစ်သောင်းတန် (၂၃)ရွက်နှင့် ကျပ်တစ်ထောင်တန် (၁)ရွက်ပေးသဖြင့် သားကို(ခ) ဟိန်းလင်းကို က မိုတယ်စာရေး အမျိုးသမီးအား ၀န်ဆောင်ခ ကျပ်တစ်သောင်းတန် (၁)ရွက်ပေးခဲ့ပြီး ဆိုင်သို့ ပြန်လည်ရောက်ရှိစဉ် တစ်သောင်းတန် ငွေစက္ကူ (၂၂)ရွက်အား မသင်္ကာသဖြင့် အနီးရှိ ကမ္ဘောဇဘဏ်၌ သွားရောက်စစ်ဆေးရာ အတုများဖြစ်ကြောင်း သိရသဖြင့် တာဝန်ရှိသူများနှင့် အတူ ရွှေနဂါး မိုတယ်တွင် တည်းခိုနေကြ သည့် ဒေါ်နန်းစိန်ညွန့်၊ စိုင်းရွှေတို့၏ အခန်းနှင့် မနန်းလှကြည်၏ အခန်းအား သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ ကျပ်တစ်သောင်း တန် ငွေစက္ကူအတု (၄၇၉)ရွက်အား တွေ့ရှိ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးချက်များအရ လွန်ခဲ့သည့် (၁)လခန့်က ၄င်းတို့(၃)ဦးသည် စိုင်းရွှေ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ပြီး အပြန်တွင် မြန်မာကျပ်ငွေတစ်သောင်းတန် သိန်း(၅၀) (၅၀၀)ရွက် ယူဆောင်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီအချိန် အမှတ်(၁) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ သယ်ယူလာပြီး သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာငွေကျပ် တစ်သောင်းတန် အတုများအား တစ်ဖက် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယူဆောင် သုံးစွဲခဲ့ကြ သည့် ဒေါ်နန်းစိန်ညွန့်၊ စိုင်းရွှေ နှင့် မနန်းလှကြည်တို့အား မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေး ယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သတင်းမီဒီယာတွေ ရွေးကောက်ပွဲ ဆိုင်ရာ ဦးစားပေးဖော်ပြမှု MID အစီရင်ခံစာ ထောက်ပြ
ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့ အောက်တိုဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ သတင်းစာရှင်းလင်းစဉ်။ Photo: Zarni Htun/RFA
 အစိုးရမီဒီယာတွေဟာ အစိုးရတစ်ခုတည်းကိုသာ အသားပေးရေးသားဖော်ပြကြပြီး ပုဂ္ဂလိက မီဒီယာတွေက အတိုက်အခံပါတီ အန်အယ်လ်ဒီကိုသာ ဦးစားပေးဖော်ပြနေကြတာတွေ့ရတယ်လို့ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ အဲဒီအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး သူတို့တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မီဒီယာတွေဟာ အစိုးရပိုင်မီဒီယာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြတာတွေ့ရပေမယ့် အတိုက်အခံ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေအကြောင်း ကို အဓိက ရေးသားဖော်ပြကြတာ တွေ့ရတယ်လို့ MID အဖွဲ့က ဒါရိုက်တာ ဦးမျိုးမင်းဇော် ပြောပါတယ်။
"အစိုးရပိုင် မီဒီယာတွေ ထက်စာရင် နိုင်ငံခြားအသံလွှင့်ဌာနတွေကနေပြီးတော့ တင်ပြထားတဲ့ တင်ပြချက်တွေမှာ ပိုပြီးတော့ စုံစုံလင်လင်နဲ့ မျှမျှတတဖြစ်အောင် တင်ပြပေးနေတာကို ကျနော်တို့ တွေ့ရှိရတယ်၊ သူတို့က ပါတီတွေ အကြောင်းတွေ ကိုယ်စားလှယ်တွေအကြောင်းတွေ ပိုပြီးတော့စုံလင်တယ်၊ ပုဂ္ဂလိကပိုင် မီဒီယာတွေထဲက တချို့မီဒီယာတွေကတော့ အစိုးရမီဒီယာထက်စာရင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတာကိုတွေ့ရတယ်၊ အဓိကယှဉ်ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ USDP နဲ့ NLD အကြောင်းကို အဓိကဇောင်းပေးပြီး ဖော်ပြနေတာကိုတွေ့ ရှိရပါတယ်"
အစိုးရနဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေအပြင်၊ BBC ၊ VOA ၊ RFA နဲ့ DVB သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲ အပေါ် ဖော်ပြမှုတွေလည်း လေ့လာတွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။
သူတို့လေ့လာမှုမှာ ရေဒီယိုလိုင်း ၈ခု၊ တီဗီရုပ်သံလိုင်း ၅ ခု၊ နေ့စဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းစာ ၁၄ စောင်၊ အင်တာနက် အွန်လိုင်းသတင်းဌာန ၃ ခုကို စက်တင်ဘာ ၂၉ရက်ကနေ အောက်တိုဘာ ၂၄ ရက်နေ့အထိ လေ့ လာစောင့်ကြည့်ခဲ့တာလို့ သိရပါတယ်။
MID အဖွဲ့အနေနဲ့ မီဒီယာတွေကို လေ့လာစောင့်ကြည့်မှု ပထမအကြိမ် အစီရင်ခံစာကို အောက်တိုဘာ ၁၆ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး တတိယအကြိမ်အစီရင်ခံစာကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပေးသွား မှာဖြစ်ပြီး နောက်ဆုံးအစီရင်ခံစာကို ရွေးကောက်ပွဲပြီးနောက်သုံးပတ်အကြာမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
လယ်သမားအရေး ကူညီသူတစ်ဦး မန္တလေးမြို့မှာ ဖမ်းဆီးခံရ
ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း တည်ဆောက်ဖို့ ရေကြည်ညောင်ပင်စံပြကျေးရွာကနေ သိမ်းယူခဲ့တဲ့မြေတွေအပေါ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်သူတွေ ထွန်ယက်ကြစဉ်။ Photo: Nay Thwae/RFA
 အထက်မြန်မာပြည်ဘက်မှာ လယ်သမားအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် (FNIFL) အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
သူဟာ လယ်သမားတွေကို ကူညီလို့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုခံထားရသလို၊ ပြီးခဲ့တဲ့ သတင်းပတ်ကဖြစ်ခဲ့တဲ့ ရေတံခွန်ဂေါက်ကွင်းရဲ့ ပိုလျှံလယ်မြေမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမားတွေ ကို ကူညီခဲ့ပါတယ်။ အဲဒီလိုကူညီတဲ့အတွက် မန္တလေးတိုင်းအစိုးရက ဖမ်းဆီးခံလိုက်ရတာလို့ လယ်သမား အလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက်ရဲ့ အထက်မြန်မာပြည်ခေါင်းဆောင် ဦးကိုကြီးက RFA ကိုပြောပါတယ်။
"ကျနော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်း ကို ရေတံခွန်ဂေါက်ကွင်း ထွန်တုံးတိုက်ပွဲနဲ့ ပတ်သက်ပြီး အငြိုးအတေးပြုပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အမိန့်နဲ့ ဖမ်းခံရတယ်လို့ သိနေပါတယ်"
ကိုမျိုးဝင်းနဲ့အတူ လယ်သမား ၅ ယောက်ကိုလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲထားတာရှိပါတယ်။ အခုတော့ ကိုမျိုးဝင်းကို မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပို့ထားတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 82)
 နိုဝင်ဘာလ  (၁)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 82)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ ၄ ၊ အမှတ် ၄၃
 အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ ၄ ၊ အမှတ် ၄၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် 8 Days Journal Vol 7 No 29
  အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် 8 Days Journal Vol 7 No 29
 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် Hot News Weekly Vol 6 No 266
 အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် Hot News Weekly Vol 6 No 266
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် Auto World Journal အတွဲ - ၄၊ အမှတ် - ၄၁
 အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် Auto World Journal  အတွဲ - ၄၊ အမှတ် - ၄၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ ၂၊ အမှတ် - ၅၇
 အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ ၂၊ အမှတ် - ၅၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
 အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
 သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
 အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
 သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် The Messenger Daily Newspaper
 အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် The Messenger Daily Newspaper
 သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
စေ့​စပ်​ညှိ​နှိုင်း​ရေး​နှင့် ​တည်​ငြိမ်​အေး​ချမ်း​ရေး ​ပါ​တီ
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
စေ့​စပ်​ညှိ​နှိုင်း​ရေး​နှင့် ​တည်​ငြိမ်​အေး​ချမ်း​ရေး ​ပါ​တီ
Negotiation, Stability and Peace Party (NSPP)
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၃ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၁ ​နေ​ရာ၊ ​အ​မျိုး​သား​လွှတ်​တော် ၁ ​နေ​ရာ၊ ​တိုင်း​နဲ့​ပြည်​နယ် ​လွှတ်​တော် ၁ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
နိုင်​ငံ​ရေး​၏ ​စစ်​မှန်​သော ​အ​ဓိ​ပ္နာယ်​ကို ​ပြည်​သူ​များ ​နား​လည်​ပြီး ​နိုင်​ငံ​အ​ကျိုး​နှင့် ​ပြည်​သူ့​အ​ကျိုး​ကို ​တာ​ဝန်​သိ​မှု၊ ​တာ​ဝန်​ယူ​မှု​တို့​ဖြင့် ​ဆောင်​ကျဉ်း​နိုင်​ရန်။ ​မ​တူ​ညီ​သည့် ​အ​မြင်​များ​ကို ​တာ​ဝန်​ယူ ​ဖြေ​ရှင်း​ခြင်း​ဖြင့် ​နိုင်​ငံ​တော် ​တည်​ငြိမ်​အေး​ချမ်း​မှု ​ရှိ​ရန် ​တတ်​စွမ်း​သ​မျှ ​ကြိုး​ပမ်း​ဆောင်​ရွက်​ရန်။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ် (၄/၃၆၁)၊ ​ကာ​ယ (၁၂) ​လမ်း၊ ​သ​င်္ဃန်း​ကျွန်း​ကြီး၊ ​မ​င်္ဂ​လာ​ဒုံ​မြို့​နယ်၊ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး
ဆက်​သွယ်​ရန်
၀၉-၄၅၀၅၄၃၀၆၁ (​ဦး​မောင်​မောင်​စော)၊ ၀၉-၈၅၀၀၅၅၁ (​ဦး​ဇော်​ဝင်း​ထွန်း)
BBC Burmese
http://www.bbc.com/burmese
 ရ​ခိုင် ​မျိုး​ချစ် ​ပါ​တီ
 ​ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
ရ​ခိုင် ​မျိုး​ချစ် ​ပါ​တီ
Arakan Patriot Party
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၁၆ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၅ ​နေ​ရာ၊ ​အ​မျိုး​သား​လွှတ်​တော် ၃ ​နေ​ရာ၊ ​တိုင်း​နဲ့​ပြည်​နယ် ​လွှတ်​တော် ၈ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
စစ်​မှန်​သည့် ​ဖက်​ဒ​ရယ်​ပြည်​ထောင်​စု ​တည်​ဆောက်​ရာ​တွင် ​အ​ပြည့်​အ​ဝ ​ပါ​ဝင်​ဆောင်​ရွက်​ရန်။ ​ရ​ခိုင်​ပြည်​နှင့် ​ရ​ခိုင်​လူ​မျိုး ​တစ်​ရပ်​လုံး​၏ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ​အ​ကောင်​အ​ထည်​ဖော် ​ဆောင်​ရွက်​ရန်။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ် (၃၂)၊ ​ဈေး​လမ်း​နှင့် ​သာ​ဇံ​လှ​လမ်း​ထောင့်၊ ​ကျေး​ပင်​ကြီး​ရပ်​ကွက်၊ ​စစ်​တွေ​မြို့၊ ​ရ​ခိုင်​ပြည်​နယ်
ဆက်​သွယ်​ရန်
၀၉-၄၅၀၅၄၃၀၆၁ (​ဦး​မောင်​မောင်​စော)၊ ၀၉-၈၅၀၀၅၅၁ (​ဦး​ဇော်​ဝင်း​ထွန်း)
BBC Burmese
http://www.bbc.com/burmese
အ​မျိုး​သ​မီး​ပါ​တီ (​မွန်)
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
အ​မျိုး​သ​မီး​ပါ​တီ (​မွန်)
Women Party (Mon)
ပါ​တီ​ဥ​က္က​ဋ္ဌ
ဒေါ်​မိ​သန်း​ရှင်
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၎ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၁ ​နေ​ရာ၊ ​အ​မျိုး​သား​လွှတ်​တော် ၃ ​နေ​ရာ။ (​မွန်​ပြည်​နယ် ၃ ​မြို့​နယ်၊ ​တ​န​င်္သာ​ရီ​တိုင်း​ဒေ​သ​ကြီး ၁ ​မြို့​နယ်)
ပါ​တီ​မူ​ဝါ​ဒ
လူ​သား​တိုင်း ​ရ​သင့်​ရ​ထိုက်​သည့် ​အ​ခွင့်​အ​ရေး ​ရ​ရှိ​ရေး၊ ​ငြိမ်း​ချမ်း​ရေး ​ဖော်​ဆောင်​ရာ​တွင် ​အ​မျိုး​သ​မီး​များ​နှင့် ​အ​မျိုး​သား​များ ​တန်း​တူ ​ပါ​ဝင်​ခွင့် ​ရ​ရှိ​ရေး၊ ​လူ​မျိုး​စု​များ​အ​ကြား ​ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​ရေး။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ် (၁၇) ၊ ​ဗိုလ်​ချုပ်​အောင်​ဆန်း​လမ်း၊ ​မြိုင်​သာ​ယာ​ရပ်​ကွက်၊ ​မော်​လ​မြိုင်​မြို့၊ ​မွန်​ပြည်​နယ်
ဆက်​သွယ်​ရန်
၀၉-၄၂၅၂၈၃၅၂၇ (​ဒေါ်​မိ​သန်း​ရှင်)
BBC Burmese
http://www.bbc.com/burmese
ဇို ​တိုင်း​ရင်း​သား​ဒေ​သ ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
ဇို ​တိုင်း​ရင်း​သား​ဒေ​သ ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ
Zo National Region Development
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၆ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၁ ​နေ​ရာ။ ​အ​မျိုး​သား​လွှတ်​တော် ၁ ​နေ​ရာ။ ​တိုင်း​နဲ့​ပြည်​နယ်​လွှတ်​တော် ၄ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
ချင်း​ပြည်​နယ်​တွင်း ​နေ​ထိုင်​သည့် ​တိုင်း​ရင်း​သား​များ​၏ ​လူ​နေ​မူ​ဘ​ဝ ​မြှင့်​တင်​ရေး။ ​အ​ခြေ​ခံ ​ရ​ပိုင်​ခွင့်​များ​နှင့် ​လူ့​အ​ခွင့်​အ​ရေး ​အ​ကာ​အ​ကွယ်​များ ​အ​ပြည့်​အ​ဝ ​ရ​ရှိ​နိုင်​ရေး။ ​စစ်​မှန်​သော ​ဒီ​မို​က​ရေ​စီ ​စ​နစ်​နှင့် ​ပြည်​ထောင်​စု​စ​နစ် ​ဖော်​ဆောင်​ရာ​တွင် ​တ​ခြား ​တိုင်း​ရင်း​သား​များ ​နည်း​တူ ​ဇို​လူ​မျိုး​များ ​တန်း​တူ​ပါ​ဝင်​ရေး။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ် (၁၅၀)(၅ ​လွှာ)A၊ ​စမ်း​ချောင်း​လမ်း၊ ​ရှင်​စော​ပု​ရပ်​ကွက်၊ ​မြေ​နီ​ကုန်း၊ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး
ဆက်​သွယ်​ရန်
၀၉ - ၉၇၆၃၃၉၅၁၇ (​ဦး​ခမ်​အင်​ထန်း)
BBC Burmese
http://www.bbc.com/burmese
အာ​ခါ ​အ​မျိုး​သား ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​ပါ​တီ
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
အာ​ခါ ​အ​မျိုး​သား ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​ပါ​တီ
Akha National Development Party
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၆ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၁ ​နေ​ရာ၊ ​တိုင်း​နဲ့​ပြည်​နယ် ​လွှတ်​တော် ၅ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​တော်​သစ် ​တည်​ဆောက်​ရာ​တွင် ​အာ​ခါ ​တိုင်း​ရင်း​သား​များ​၏ ​အ​ခန်း​သ​ဏ္ဍ ​ပီ​ပြင်​စွာ ​ပါ​ဝင်​ရန်။ ​အာ​ခါ ​တိုင်း​ရင်​သား​တို့​၏ ​ဘာ​သာ​စ​ကား၊ ​စာ​ပေ၊ ​ယဉ်​ကျေး​မူ​တို့​ကို ​မြှင့်​တင် ​ထိန်း​သိမ်း​ရန်။ ​အ​ခြား​တိုင်း​ရင်း​သား​များ ​နည်း​တူ ​အာ​ခါ​တိုင်း​ရင်း​သား​များ ​တန်း​တူ​အ​ခွင့်​အ​ရေး ​ရ​ရှိ​ရန်။
ပါ​တီ​နယ်​မြေ
ရှမ်း​ပြည်​နယ်​အ​တွင်း
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ်(၃/၁၀)၊ (၃) ​လမ်း၊ ​မယ်​ခေါင်​ရပ်၊ ​တာ​ချီ​လိတ်​မြို့​နယ်၊ ​ရှမ်း​ပြည်​နယ်
ဆက်​သွယ်​ရန်
၀၉-၅၂၄၂၃၅၁၊ ၀၉-၂၅၀၂၀၈၈၁၆ (​ဦး​အား​လယ်)
BBC Burmese
http://www.bbc.com/burmese
မ​ဟာ​မိတ် ​တောင်​သူ​လယ်​သ​မား ​ပါ​တီ
 ​ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
မ​ဟာ​မိတ် ​တောင်​သူ​လယ်​သ​မား ​ပါ​တီ
Confederate Farmers Party ( C.F.P )
ပါ​တီ​ဥ​က္က​ဋ္ဌ
ဦး​ဆန်း​လင်း
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၆ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၂ ​နေ​ရာ၊ ​အ​မျိုး​သား​လွှတ်​တော် ၁ ​နေ​ရာ၊ ​တိုင်း​နဲ့​ပြည်​နယ် ​လွှတ်​တော် ၃ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
မြန်​မာ့ ​လယ်​သ​မား​များ​အ​ရေး ​တိုး​တက် ​မြင့်​မား​လာ​အောင် ​ဆောင်​ရွက်​ရန်။ ​လယ်​သိမ်း၊ ​မြေ​သိမ်း ​ကိ​စ္စ​များ ​ပြေ​လည်​အောင် ​ဆောင်​ရွက်​ပေး​ရန်။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ်(၂၆၂၆)၊ ​အင်း​ဝင် (၄) ​လမ်း၊ ​နန်း​တော်​ရာ​ရပ်​ကွက်၊ ​ပဲ​ခူး​မြို့ ၊ ​ပဲ​ခူး​တိုင်း​ဒေ​သ​ကြီး
ဆက်​သွယ်​ရန်
၀၉ - ၂၅၀၂၀၈၈၁၆ (​ဦး​ဆန်း​လင်း) ၊ ၀၉ - ၈၆၅၂၄၇၄ (​ဦး​တင်​အေး)
BBC Burmese
http://www.bbc.com/burmese
ရှမ်း​ပြည်​နယ် ​အ​ရှေ့​ပိုင်း ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​ဒီ​မို​က​ရက်​တစ် ​ပါ​တီ
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
ရှမ်း​ပြည်​နယ် ​အ​ရှေ့​ပိုင်း ​ဖွံ့​ဖြိုး​တိုး​တက်​ရေး ​ဒီ​မို​က​ရက်​တစ် ​ပါ​တီ
Eastern Shan State Development Democratic Party
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၉ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၃ ​နေ​ရာ။ ​အ​မျိုး​သား​လွှတ်​တော် ၁ ​နေ​ရာ။ ​တိုင်း​နဲ့ ​ပြည်​နယ် ​လွှတ်​တော် ၅ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​ရေး​စ​နစ် ​ဖြစ်​ထွန်း​ရေး။ ​စစ်​မှန်​သော ​ဖက်​ဒ​ရယ် ​ပြည်​ထောင်​စု ​စ​နစ် ​ကျင့်​သုံး​ရေး။
ပါ​တီ​နယ်​မြေ
ရှမ်း​ပြည်​နယ်​အ​တွင်း
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ်(၁/​က)၊ ​တာ​ချီ​လိတ်​လမ်း၊ ​ဟို​ခုံ​ရပ်၊ ​ရပ်​ကွက် (၃)၊ ​ကျိုင်း​တုံ​မြို့ ၊ ​ရှမ်း​ပြည်​နယ်။
ဆက်​သွယ်​ရန်
၀၉ - ၅၂၅၀၆၇၅ (​ဦး​ဟောင်​ခမ်း) ၊ ၀၉ - ၄၂၈၂၁၃၆၅၇ (​ဦး​စိုင်း​စိုင်း​လုံ)
BBC Burmese
http://www.bbc.com/burmese
ခေတ်​သစ် ​ပြည်​ထောင်​စု ​ပါ​တီ
ပါ​တီ​အ​လံ
ပါ​တီ​အ​မည်
ခေတ်​သစ် ​ပြည်​ထောင်​စု ​ပါ​တီ
New Era Union Party
ယှဉ်​ပြိုင်​မည့်​နေ​ရာ
၃ ​နေ​ရာ။ ​ပြည်​သူ့​လွှတ်​တော် ၁ ​နေ​ရာ၊ ​တိုင်း​နဲ့​ပြည်​နယ် ​လွှတ်​တော် ၂ ​နေ​ရာ။
ပါ​တီ​မူ​ဝါ​ဒ
အ​ခြေ​ခံ​ကျ​သော ​လူ့​အ​ခွင့်​အ​ရေး​များ ​နိုင်​ငံ​သား​အား​လုံး ​ရ​ရှိ ​ခံ​စား​နိုင်​ရန်။ ၂၀၀၈ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ဒီ​မို​က​ရေ​စီ​နှင့် ​ကိုက်​ညီ​သော ​အ​ခြေ​ခံ​ဥ​ပ​ဒေ​အ​ဖြစ် ​ပြောင်း​လဲ​ရန်။
ပါ​တီ​နယ်​မြေ
ပြည်​ထောင်​စု ​တ​ဝန်း​လုံး
ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ
အ​မှတ် (၆၄၇)၊ ​ကုန်​သည်​လမ်း၊ (၃) ​ရပ်​ကွက်၊ ​ပန်း​ဘဲ​တန်း​မြို့​နယ်၊ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး။
ဆက်​သွယ်​ရန်
၀၉- ၈၆၃၁၅၁၆ ( ​ဦး​အောင်​သန်း )
BBC Burmese
http://www.bbc.com/burmese
ဂွါတာနာမို အကျဉ်းစခန်းရှိ နောက်ဆုံး ဗြိတိန် အကျဉ်းသား လွတ်မြောက်
Shaker Aamer လွတ်မြောက်ရေးလှုပ်ရှားမှု။ 
 အမေရိကန်ရဲ့ ဂွါတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ဆော်ဒီနိုင်ငံသား Shaker Aamer ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ Aamer ဟာ ဗြိတိန်နိုင်ငံကို ဒီနေ့နှောင်းပိုင်းမှာ ရောက်ရှိလာဖို့ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Philip Hammond က ဒီကနေ့သောကြာနေ့မှာပြောပါတယ်။
၂၀၀၂ခုနှစ်ကတည်းကကျူးဘားမှာရှိတဲ့ အမေရိကန်တို့ရဲ့ ဂွါတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားကတည်းက သူ့ကို ဘာအမှုနဲ့မှ တရားစွဲဆို တာမျိုး မရှိသလို ရုံးတင်စစ်ဆေးတာမျိုးလည်းမရှိခဲ့ပါဘူး။
We Stand with Shaker ကမ်ပိမ်း ပူးတွဲညွှန်ကြားသူတယောက်ဖြစ်တဲ့ Andy Worthington ကတော့ Armer ရဲ့ လက်ခံနိုင်စရာမရှိတဲ့ ကြောက်စရာ အဖြစ်ဆိုးကြီး အဆုံးသတ်သွားတဲ့ ကျေနပ်အားရမိတယ်လို့ ဒီကနေ့သောကြာနေ့ မှာ ပြောပါတယ်။
အိုစမာဘင်လာဒင်နဲ့တွေ့ခဲ့သလို တာလီဘန်တိုက်ခိုက်ရေး အဖွဲ့ငယ်တခုကို ဦးဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အာဏာပိုင်တွေက Aamer ကို အာဖဂန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က ထိန်းသိမ်းထားခဲ့ပါတယ်။ အာဖဂန်မှာ လူမှုရေး လုပ်ငန်းတွေကို မိသားစုနဲ့အတူ လုပ်နေခဲ့တာလို့ Aamer ကပြောပါတယ်။
သူ့ကို ဂွါတာနာမို အကျဉ်းစခန်းကနေ ၂၀၀၇ ခုနှစ်မှာ လွှတ်ပေးဖို့ဖြစ်ပေမယ့်လည်း ဆက်ပြီး ထိန်းသိမ်းခံထားခဲ့ရတာပါ။ ဂွါတာနာမိုမှာ နှိပ်စက်ခံခဲ့ရတယ်လို့လည်း Aamer ရဲ့ရှေ့နေကပြောပါတယ်။
Aamer ကို လွှတ်ပေးမယ်လို့ စက်တင်ဘာလမှာ အမေရိကန်တို့ဘက် က ကြေညာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ပါလီမန်အမတ်တွေ၊ ဗြိတိန်က ထင်ရှားကျော်ကြာသူတွေ၊Roger Waters၊ Peter Gariel နဲ့ Sting တို့လို့ ဂီတပညာရှင်တွေက Aamer ကို ဗြိတိန်နိုင်ငံဆီပြန်လွှဲပေးဖို့ သမ္မတ အိုဘားမားကို အကြိမ်ကြိမ်တိုက်တွန်းနေခဲ့တာလည်းဖြစ်ပါတယ်။
Aamer ရဲ့ဇနီးနဲ့ ကလေးလေးယောက်တို့က ဗြိတိန်နိုင်ငံမှာ ခုထိ နေထိုင်နေကြပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ သမ္မတ သက်တမ်း မကုန်ဆုံးခင် ဂွါတာနာမိုကို ပိတ်မယ်လို့ ခြောက်နှစ်ကြာအောင်ပြောခဲ့တဲ့ သူ့ရဲ့စကားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တောင်တရုတ် ပင်လယ်အရေး The Hague နိုင်ငံတကာ တရားရုံး စစ်ဆေးမည်
The Hague မြို့ နိုင်ငံတကာ တရားရုံး။
တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားနေတဲ့ ကိစ္စကို ကြားနာစစ်ဆေးဖို့ The Hague မြို့ နိုင်ငံတကာ တရားရုံးက လက်ခံလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး၊ ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်ကြားချက်ကို တရားရုံးက လက်ခံလိုက်တာပါ။
အခုအမှုနဲ့ ပတ်သက်လို့ ဘယ်တရားရုံးက စီရင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ် နေချိန်မှာပဲ၊ နိုင်ငံတကာ တရားရုံးကတော့ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်ကို အဓိပ္ပါယ် ဖွင့်ဆိုချက်အပေါ် သဘောထား ကွဲလွဲမှုနဲ့ သက်ဆိုင်တယ်လို့လည်း ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ ပင်လယ်ပြင်ထဲက ကျွန်းတွေကို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုထားတာပါ။ တရုတ်နိုင်ငံအနေနဲ့ အမှုကိုကြားနာ စစ်ဆေးရာမှာ ပါဝင်မှာမဟုတ်သလို၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ တရုတ်အဆင့်မြင့်သံတမန် တဦးကလည်း ဒီကနေ့မှာပဲ ထပ်မံ ပြောဆိုလိုက်ပါတယ်။
အမှုမှာလိုက်ပါဆောင်ရွက်မယ့် ဖိလစ်ပိုင်ရှေ့နေအဖွဲ့ရဲ့ အကြီးအကဲ Florin Hilbay ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားနေတဲ့ နိုင်ငံတွေကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘက်လိုက်မှုမရှိဘဲ ဖြေရှင်းဖို့ ကြိုးစားမှုတွေမှာ ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်သလို၊ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ဖိလစ်ပိုင်ရဲ့ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပုဂံယဉ်ကျေးမှုနယ်မြေအား ခရိုနီများနှင့်ဝန်ကြီးဌာနတို့ ပူးပေါင်းဖျက်ဆီးနေဟုဆို
 ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများအား ခရိုနီများနှင့် ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်းကာ ဖျက်ဆီးနေကြောင်း ပုဂံချစ်မြတ်နိုးသူများအဖွဲ့က စွပ်စွဲပြောကြားလိုက်သည်။
ပုဂံဒေသခံလည်းဖြစ်၊ ပုဂံချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ ကိုမင်းနိုင်က ''ရှေးဟောင်းဌာနနဲ့ ခရိုနီတွေ ပေါင်းပြီး ယဉ်ကျေးမှုဇုန်ထဲမှာ ဟိုတယ်တွေဆောက်တယ်။ ရှေးဟောင်းက သူတို့ထုတ်ထားတဲ့ ဥပဒေကို သူတို့ မလိုက်နာဘူး။ ဥပမာ ရှေးဟောင်းဘုရားနဲ့ ပေ ၉၀ အကွာမှာ အဆောက်အအုံဆောက်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒီမှာတကယ်လက်တွေ့ဖြစ်နေတာက ငါးပေတောင်မကွာဘဲ ဟိုတယ်ဆောက်တယ်။ ဘုရား တွေကို ခြံခတ်ပြီး ဟိုတယ်ဆောက်တယ်။ တိုင်စာပို့တယ်။ ဘယ်သူမှ အရေးမယူဘူး။ ဒါရှေးဟောင်း သုတေသနက လျစ်လျူရှုထားတာပဲ''ဟု ပြောကြားခဲ့သည်။
ပုဂံယဉ်ကျေးမှုဇုန်ထဲရှိ အဆိုးဆုံး အခြေအနေမှာ ဧဒင်လုပ်ငန်းစုမှ ရှေးဟောင်းဘုရားများရှိနေသည့် ဧကများစွာ အား ခြံဝင်းအခိုင်အမာခတ်ကာ ဟိုတယ်ဆောက်လုပ်နေမှုသည် ဒေသခံများအတွက် များစွာသံသယဖြစ်စေ သည်ဟု ဆိုသည်။ ယင်းခြံဝင်းခတ်ထားသည့်အထဲ၌ ရှေးဟောင်စေတီပေါင်း နှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါး ရှိနေပြီး လုပ်ငန်းခွင်နှင့်မဆိုင်သည့် မည်သူ့ကိုမျှ ၀င်ရောက်ခွင့်မရှိဘဲ အဆိုးဆုံးအနေဖြင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တာဝန်ရှိသူပင် ၀င်ခွင့်မရဟုဆိုသည်။
ဧဒင်လုပ်ငန်းစုသည် ဟိုတယ်လုပ်ငန်းနှင့် စိမ်းလန်းစိုပြည်ရေးအတွက်ဟုဆိုကာ ရှေးဟောင်းဘုရားအဆူ ၂၀ ကျော်ရှိသည့်နေရာအား ခြံဝင်းခတ်ကာ ၁၉ နှစ်ခန့် လုပ်ငန်းဆောင်တာများဆောင်ရွက်နေသည်ဟု ဆိုသည်။ လုပ်ငန်းဆောင်ရွက်မှုများတွင် ရှစ်ပေ၊ ကိုးပေခန့်ကျယ်သည့် မြေကျင်းနက်ကြီးများတူးကာ သစ်ပင်ကြီးများ စိုက်ပျိုးနေသည်ဟုဆိုသည်။ ယင်းကဲ့သို့ လုပ်ဆောင်နေမှုကို အလုပ်သမားတချို့ထံမှသာ စုံစမ်းသိရှိရပြီး ယင်းလုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်ခွင့် မလွယ်ကူသည့်အတွက် မည်သည့်အလုပ်များ လုပ်ဆောင်နေ ကြောင်း မသိရဟုဆိုသည်။
ယင်းလုပ်ငန်းလုပ်သည့်နေရာ၌ သမိုင်းဝင်ထင်ရှားကျော်ကြားခဲ့သည့် ပေါင်းကူးဘုရားပျက်နှင့် ပုဏ္ဏားသချိင်္ုင်းရှိ ခဲ့သည်ဟုဆိုသည်။ ယင်းနှင့်ပတ်သက်၍ ''ပေါင်းကူးပြိုသားငိုတာတောင် မချော့နဲ့ ဆိုတဲ့ ဆိုရိုးစကားရှိခဲ့တယ်။ အဲဒီဆိုရိုးစကားရဲ့အဓိပ္ပာယ်က ပေါင်းကူးဘုရားမှာဌာပနာပစ္စည်းတွေရှိတယ်။ ဘုရားပြိုလို့ရှိရင် သားသမီးငိုနေ တာတောင် ချော့မနေနဲ့ပြေးပြီး ဌာပနာပစ္စည်းတွေ သွားကောက်လို့ လူကြီးသူမတွေပြောခဲ့တာ။ ပုဏ္ဏား သချိင်္ုင်းကလည်း ဘာတွေရှိတယ်ဆိုတာ မသိဘူးလေ။ ဟိုတယ်ဆောက်လုပ်တာ ၁၉ နှစ်ကြာတယ်ဆိုတာ ကြားဖူးလား။ သူတို့ဧဒင်ဆိုတာ ပိုက်ဆံမရှိတဲ့ လုပ်ငန်းစုလည်း မဟုတ်ဘူး''ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စများနှင့်ပတ်သက်၍ ပုဂံ ချစ်မြတ်နိုးသူများအသင်းမှ ''အဓိကထား တောင်းဆိုချင်တာက ဟိုတယ်တွေ ထပ်မဆောက်ဖို့၊ ယဉ်ကျေးမှုဇုန်ထဲကဟိုတယ်တွေ အကုန်ပြုပြင်ထုတ်ပေးဖို့၊ မြို့ဟောင်းထဲက ဟိုတယ်တွေ ရပ်ဆိုင်းပယ်ဖျက်ပေးဖို့ တောင်းဆိုချင်တယ်''ဟု ပြောကြားခဲ့သည်။
လက်ရှိ ဧဒင်လုပ်ငန်းစုကဲ့သို့ ဘုရားပုထိုးများအကြား ဟိုတယ်ဆောက်ထားပြီး နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်နေသည့် လုပ်ငန်းရှင်းများရှိနေကြောင်း မည်သူမဆို လာရောက်စစ်ဆေးပါက အထောက်အထားနှင့် တကွ တင်ပြနိုင်ကြောင်း ဆိုသည်။
ပုဂံချစ်မြတ်နိုးသူများအသင်း နာယကဦးချင်းဘိုက ''ဗုဒ္ဓဘာသာ စထွန်းကားတဲ့နေရာမှာ ခုစ,ပျက်စီးနေပြီ။ စေတီကြားထဲ ဟိုတယ်ဆောက်ပြီးရင် ညစာစားပွဲတွေလုပ်၊ ပါတီပွဲတွေလုပ်၊ ရေကူးကန်တွေလုပ်၊ ဒေသခံ တွေက မိုးကုတ်ဝိပဿနာတရားစခန်းလေး လုပ်မယ်ဆိုတော့ ယဉ်ကျေးမှုနယ်နိမိတ်နဲ့ မလွတ်ဘူးဆိုပြီး ခွင့်မပြုဘူး။ အတင်းဖျက်ခိုင်းနေတယ်။ နိုင်ငံတော်မှာ ခေါင်းပိုင်းက လှုပ်ပေမယ့် အမြီးပိုင်းနဲ့ခါးပိုင်းက မလှုပ် ဘူး'' ဟု ပြောကြားခဲ့သည်။
လက်ရှိ၌ ပုဂံတွင် ဒေသခံများမှ တပိုင်တနိုင်တည်းခိုခန်းဆောက်လျှင်ပင် ရှေးဟောင်းဌာနမှ လာရောက် တားမြစ်မှုများရှိနေပြီး ယဉ်ကျေးမှုဇုန်ထဲတွင် ဟိုတယ်ကြီးများ ဆောက်လုပ်မှုအတွက် လျစ်လျူရှုနေသည်ဟု ဆိုသည်။
ဧဒင်လုပ်ငန်းစု၏ ဟိုတယ်ဆောက် လုပ်နေမှုနှင့်ပတ်သက်၍ သွားရောက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်းနှင့် ၎င်းတို့ဆောက်လုပ်နေသည့်အထဲသို့လည်း ၀င် ရောက်ခွင့်မပြု ခဲ့ပေ။
ပုဂံချစ်မြတ်နိုးသူများ အဖွဲ့မှ ၎င်းတို့ထပ်ဖန်တလဲလဲ တောင်းဆိုချက်များအား လျစ်လျူရှုခံထားရခြင်း အတွက် သတင်းမီဒီယာများအား အကူအညီတောင်းရခြင်းဖြစ်ကြောင်းနှင့် လက်ရှိ အောက်တိုဘာ ၂၈ ရက်အထိ ဧဒင်ဘက်မှ အကြောင်းတစုံတရာ ပြန်ကြားမှုမရှိသေးသော်လည်း စာနယ်ဇင်းရှင်းလင်းပွဲတခု ပြုလုပ် သွားဦးမည်ဟု သိရသည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဝန်ထမ်းတွေ ကြိုတင်မဲပေးတာ မှားယွင်းမှုတွေရှိနေ
နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်၂ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်ရုံးတို့ မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က ကြိုတင်မဲလာရောက်ပေးနေသော အစိုးရဝန်ထမ်းတချို့ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
 နေပြည်တော် ဇေယျသိဒ္ဓိမြို့နယ် မှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေးရာ ကြိုတင်မဲ ၂၃ မဲဟာ ဘောပင်နဲ့ သာအမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့အတွက် ဘယ်လိုဆက်လက်ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။
မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ  မဲရုံဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်းတွေ ကြိုတင်မဲစတင်ပေးနိုင်ပြီ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထား တာဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုမဲပေးတဲ့အခါ အရင်လို အမှန်ခြစ်လို့မရဘဲ တံဆိပ်တုံးထု မဲပေးကြရတာ ဖြစ် ပါတယ်။
နေပြည်တော်က ဇေယျသိဒ္ဓိ၊ ဘောဂသိဒ္ဓိ၊ မင်္ဂလာ သိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ တို့မှာ ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပါတယ်။
ဒီကနေ့ နေပြည်တော်ပျဉ်းမနားမြို့ရန်အောင်၂ ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ဇေယျသိဒ္ဓိ ရပ်ကွက် ကော်မရှင်ရုံးတို့မှာ ကြိုတင်မဲတွေ လာရောက်ပေးနေတာကိုတွေ့ရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဦးနိုင်ငံလင်း ခွဲစိတ်မှုအောင်မြင်၊ လက်တုန့်မပြန်ဖို့ ပါတီဝင်တွေကို NLD သတိပေး
ရန်ကုန်ဆေးရုံကြီးမှာ အောက်တိုဘာလ ၃ဝ ရက်နေ့က သာကေတမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ် ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဦးခေါင်းကို ၁၀ ချက်ချုပ်လိုက်ရပြီး လက်အကြောတွေ ပြတ်သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လှုပ်ရှားလို့မရသေးဘူးလို့ ဦးနိုင်ငံလင်းရဲ့ဇနီး မခင်စန္ဒာဝင်းက ပြောပါတယ်။
"ခေါင်းက ၁ဝ ချက် ချုပ်ရပါတယ်၊ ညာဘက်လက်ကကျတော့ လက်မ၊ လက်သန်း၊ လက်ခလယ် ရယ်ဖြစ်တယ်၊ လက်မသွေးကြော ၃ ချက်ရှိတာ ၁ ကြောပြတ်သွားတယ်၊ ၁ ကြောပဲကျန်တယ်၊ လက်သန်းတစ်ချောင်းကတော့ လုံးဝလှုပ်ရှားလို့မရဘူး၊ ဘယ်ဘက်ကကျတော့ လက်ကောက်ဝတ်ရယ် လက်ခလယ် ရယ်ဖြစ်ပါတယ်၊ အခုလောလောဆယ် ပင်မသွေးကြောတွေကို ပြန်စုထားပြီးပြီပေါ့နော်၊ လက်ချောင်းလေးတွေကတော့ ၃၊ ၄ လလောက် ကြာမယ်ပေါနော့်၊ လှုပ်ရှားလို့မရဘူးလို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကြိုးစားပြီးကုပေး ပါမယ် ပြောပါတယ်ရှင့်၊ တနင်္လာနေ့ကျရင် ခွဲစိတ်မှုပြန်လုပ်ရမယ်ရှင့်"
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ ဦးနိုင်ငံလင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ နာယက သူရဦးတင်ဦးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ် မန်ပြေရပ်ကွက် ၉လမ်းထိပ်မှာ ပါတီဝင်တွေနဲ့အတူ မဲဆွယ်စည်းရုံးရေးဆင်းပြီးအပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ဓါးနဲ့အခုတ်ခံရတဲ့အမှုကို သာကေတမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက သာကေတမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ဓါးနဲ့ခုတ်ရာမှာ ပါဝင်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။
ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။
ဒီအတောအတွင်း ဦးနိုင်ငံလင်း တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပါတီဝင်တွေအနေနဲ့ လက်တုန့်ပြန်တာတွေ မလုပ်ကြဖို့ သတိပေးနှိုးဆော်တဲ့ ကြေညာချက်တစ်စောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ဦးနိုင်ငံလင်းနဲ့ ပါတီဝင်တချို့ကို တိုက်ခိုက်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ တိုက်ခိုက်ခံရသူတွေရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် အားလုံးလက်တုံ့ပြန်မှုတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ