SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ


အောက်တိုဘာ ၃၀ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အခြေ စိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၌ တိုက်ပွဲအတု တခု အား ယမန်နေ့ အောက် တိုဘာ ၂၉ ရက် မှ ယနေ့ နံနက် အောက်တိုဘာ ၃၀ ရက်နေ့နံပိုင်း အထိ အစိုးရတပ်က ညလုံးပေါက် ဆင်နွဲသောကြောင့် ဒေ သခံများ စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည်။

အောက်တိုဘာ ၂၉ ရက်ညမှစ၍ ယနေ့အောက်တို ဘာ ၃၀ ရက်နေ့ နံနက်မိုးလင်း သည့်အထိ အစိုးရတပ်ဘက်မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ကြောင့် ရွာသားများ စိုးရိမ်ထိပ်လန့်ကာ ခြံအတွင်းအသင့်တူးထားသော ခံတုတ်ကျင်း များအတွင်း ပြေးဝင်ခိုလှုံခဲ့ရ သည်ဟု ဒေသခံ စိုင်းခမ်းဆိုင် က ဤကဲ့သို့ ပြောသည်။

“ကျနော်တို့ မိုင်းနောင်မှာလေ တညလုံးပဲ၊ ကိုးနာရီတခါ၊ ၁၀ နာရီတခါ တနာရီခြားတခါ လက်နက်ကြီး အကြိမ်ကြိမ် ပစ်တယ်။ စကခ ၂ မိုင်းကောင်ဝ် တပ်ကပေါ့။ မိုးလင်းတဲ့ အထိဘဲ အကြိမ်တရာ ကျော် တယ်။ ဘယ်သူမှ သူတို့ကိုလာမပစ်ဘူး၊ သေနတ်သံ နား ထောင်ရင်လဲ သိတယ် ။ တဘက်တည်းပစ်တဲ့အသံလေ။ တညလုံးပစ်တာ မိုးလင်းတဲ့ အထိဘဲ”

ထို့အတူ မိုင်းရှူးမြို့နယ် မိုင်းစံမြို့ အခြေစိုက် ခလရ ၁၅၀ ကလည်း သီတင်း ကျွတ် လပြည့်ညက မိုင်းစန်ဒေသခံများ တိုးနယား ကိန္နရီ ကိန္နရာ အကတို့  ဖြင့် မြတ်စွာ ဘုရားအား ရည်စူး၍ ပူဇော်ကပြစဉ် လက်နက်ကြီး လက်နက် ငယ်များပစ်ခတ်သောကြောင့် ပွဲလန့်ကာ ထွက်ပြေးကြသဖြင့် အချင်းချင်း တက်နင်းမိ၍ ဒဏ်ရာရသူ များရှိသည်ဟု လည်းသိရသည်။

ထိုနေ့ကပင် ၀မ့်ဟိုင်းဌာနချုပ်အား မိုင်းရှူးမြို့တောင်ဘက် လွယ် ကျူ မောက်ခေါဝ် တပ်စခန်းချ နေထိုင်နေသည့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသေးသည်။

“ကျနော်တို့က ဘယ်သူ့ကိုမှ သွားပြီးရန်မရှာဘူး။ ကျနော်တို့ကို ရန်လုပ် ပြီး လာရောက် တိုက်ခိုက်လို့ ကိုယ့်ကိုကိုယ် ခုခံတဲ့အဆင့်နဲ့ပဲ ပြန်လည်ခုခံတာပဲ ရှိသေးတယ်။ ၁၉ ရက် နေ့ တုန်းကလဲ အစိုးရ သတင်းစာမှာပါလာသေးတယ် ကျနော်တို့ကနေ ပြီး အဲဒီတပ်ကို သွားတိုက်တယ်ဆိုဘဲလေ ” - ဟု SSPP/SSA ဌာနချုပ်ရုံးအရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည်။

၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘SSA ဝမ့်ဟိုင်းမှ သျှမ်းပြည် တပ်မ တော် က မိမိတို့၏ တပ်စခန်းများအား ၁၈ ရက်နေ့တကြိမ်၊ ၁၆ ရက်နေ့ ည က တကြိမ်လာ ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော် စစ်ကြောင်းမှ လိုက်လံ တိုက်ခိုက်ရှင်းလင်း လိုက်ရသည် ’ ဟု ပါရှိသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခု က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်ရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ SSPP/SSA ဌာနချုပ်အနီးရှိ စကခ ၂ မှ တိုက်ပွဲအတု ဆင်နွှဲ Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.