မော်လူးတွင်မီးလောင်မှုဖြစ်ပွား


မော်လူး နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး မြမာလာရပ်ကွက်တွင် နိုဝင်ဘာ ၂၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၂၆ ရက် နံနက် ၆ နာရီ ၁ဝ မိနစ်ခန့်က မော်လူး မြမာလာရပ်ကွက်ရှိ ဒေါ်နွဲ့ရီ၏ နှစ်ထပ်ထရံကာ၊ ပျဉ်ခင်းနေအိမ် တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ထမင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်သည်ဟု ကနဦးယူဆထားကြောင်း သိရသည်။ မီးလောင်ရာသို့ မော်လူးမှမီးသတ်ကားတစ်စီး၊ မီးသတ်တပ်ခွဲမှူးဦးခင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊အုန်းဒုတ်ရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မော်လူးဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူတစ်ဦးတစ်ယောက်မှထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မော်လူးနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နီတိုး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မော်လူးတွင်မီးလောင်မှုဖြစ်ပွား   မော်လူးတွင်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.