မည်သူနှင့် ကိုယ်ဝန်ရကြောင်း မသိ၍ နှိပ်ရာမှ သေဆုံး

သေဆုံးသူ ဓါတ်ပုံ မဟုတ်ပါ။ နမူနာ ဓါတ်ပုံသာ ဖြစ်ပါသည်။
          ခရမ်းမြို့နယ်တွင် မည်သူနှင့် ကိုယ်ဝန်ရလာသည်ကို မသိသဖြင့် အဒေါ်နှစ်ဦးမှ ၀ိုင်းဖိနှိပ်နယ်ရာ (၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းခရိုင် တာဝန်ခံရုံးမှ သိရသည်။

          ဖြစ်စဉ်မှာ ၂၃.၁၁.၂၀၁၅နေ့၊ ညနေ (၄) နာရီ အချိန်ခန့်တွင် ဦး....(၃၈) နှစ်၊ ကျပန်း၊ ရွှေပေါက္ကံရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်နေသူသည် နေအိမ်တွင် ရှိနေစဉ် ခရမ်းမြို့နယ်ရှိ ၎င်း၏ သမီးနေသော အိမ်နီးချင်းမှ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။

           သမီးဖြစ်သူ မ....(၁၈) နှစ်၊ မှီခို၊ ညောင်ပင်သာကျေးရွာ၊ ခရမ်းမြို့နယ် နေသူသည် ကိုယ်ဝန်ရှိနေပြီး မည်သူနှင့် ဖြစ်နေသည်ကို မသိရှိကြောင်း၊ မ....၏အဒေါ်ဖြစ်သူ ဒေါ်....(စုံစမ်းဆဲ)နှင့် ဒေါ်....(စုံစမ်းဆဲ) မှ ဗိုက်အား နှိပ်နယ်ထားကြောင်း၊ မ....အား ကျီနီချောင်ကျေးရွာ၊ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြသရာ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း စေလွှတ်ခဲ့ကြောင်း အိမ်နီးချင်းဖြစ်သူ မ.... (၃၂)နှစ်၊ ဈေးရောင်းမှ ဖုန်းဆက် အကြောင်းကြားကြောင်း သိရသည်။

             နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ညောင်ပင်သာကျေးရွာသို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူ မ...အား မတွေ့ရဘဲ မည်သည့် နေရာသို့ သွားရောက် ဆေးကုသည်ကို မသိရှိကြောင်း၊ ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

           နိုဝင်ဘာလ (၂၅) ရက်နေ့တွင် မ...မှာ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်း သိရ၍ ကိုယ်ဝန်ပျက်ကျအောင် ပြုလုပ်သေဆုံးစေသူ ဒေါ်....(စုံစမ်းဆဲ) နှင့် ဒေါ်....(စုံစမ်းဆဲ) အား အရေးယူပေးပါရန် ဦး.....မှ တိုင်တန်းခဲ့ရာ၊ ရဲအရေး မပိုင်မှုဖြစ်သဖြင့် (က/ခ) ပုံစံဖြင့် နိုဝင်ဘာ လ(၂၇) ရက်နေ့တွင် ခရမ်းမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားနိုင်ရေး စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်သူ
The Messenger Media
http://messengernewsjournal.com
မည်သူနှင့် ကိုယ်ဝန်ရကြောင်း မသိ၍ နှိပ်ရာမှ သေဆုံး  မည်သူနှင့် ကိုယ်ဝန်ရကြောင်း မသိ၍ နှိပ်ရာမှ သေဆုံး Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.