လှိုင်သာယာမြို့နယ်၌ ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အလယ်ကျေးရွာ စက်မှုဇုန် (၄)လမ်းတွင် ကြိုပို့မီနီဘတ်စ်ယာဉ်တစ်စီး နိုဝင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီ ၂၈ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်ယာဉ်မှာRA/---(အငှားယာဉ်)တိုယိုတာကော်စတာ မီနီဘတ်စ်(နို့နှစ်ရောင်)ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်းနှင့် အဆိုပါယာဉ်၏ ယာဉ်မောင်းဖြစ်သူ မောင်ပြည့်ဖြိုး (ခ) ဖြိုးလင်း (၂၉)နှစ်အား လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူက ခေါ်ယူတွေ့ ဆုံ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်း မြင့်ဦး၊ ရွှေလင်ပန်းရဲကင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်လေးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်းသိရသည်။

မင်းထက်ပိုင်(လှိုင်သာယာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
လှိုင်သာယာမြို့နယ်၌ ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား   လှိုင်သာယာမြို့နယ်၌ ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.