ရန်ကုန်မြို့ ဧရိယာကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့ရန် စီစဉ်


 ရန်ကုန်မြို့ ဧရိယာကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့သွားမည့် အစီအစဉ်ကို
အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်ထံမှ
သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၉ မြို့နယ်ကို ကွင်းဆင်း
စစ်ဆေးကာ ပိုလျှံသည့် မြေလွတ်၊ မြေရိုင်းများကို တွက်ချက်ကာ ဧကတစ်သိန်း
ကျော် ထပ်မံတိုးချဲ့နိုင်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးတိုးအောင်က ဆိုသည်။

“ဧက တစ်သိန်းကျော်ကို မြို့သစ်တွေအဖြစ် တိုးချဲ့ပေးဖို့ ရေးဆွဲထားတာပါ။
အစိုးရအဖွဲ့ကို တင်ပြ ထားပါတယ်။ နောက်အစိုးရ လက်ထက်မှပဲ အကောင်
အထည် ဖော်ဖြစ်မှာပါ။ အကောင်အထည် ဖော်ဖြစ်တဲ့ အချိန်ကျရင် ဒေသခံတွေနဲ့
ဆွေးနွေးတာတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က
ပြောသည်။

ရန်ကုန်မြို့ ဧရိယာကို ၁၁၈,၇၃၂ ဧက တိုးချဲ့ရန်အတွက် ရန်ကုန်အရှေ့ပိုင်း
မြို့သစ်ကို ၁၇,၃၇၅ ဧက၊ အနောက်ပိုင်းမြို့သစ်ကို ၂၁,၇၁၆ ဧက၊ သန်လျင်မြို့သစ်
တွင် ၂၁,၁၉၃ ဧက၊ ဒလမြို့သစ်ကို ၁၅,၁၇၃ ဧက၊ ထန်းတပင်မြို့သစ်ကို ၂၄,၇၄၈
ဧက၊ မှော်ဘီမြို့သစ်ကို ၁၁,၅၉၄ ဧကနှင့် လှည်းကူးမြို့နယ် မြို့သစ်ဧရိယာ ကို
၆,၉၃၃ ဧက တိုးချဲ့မည်ဟု မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀
အရ တိုးချဲ့မည့် ဧရိယာများ၌ ထည့်သွင်း ထားကြောင်းကိုလည်း သိရသည်။

“မြေကွက်တွေ အကွက်ရိုက် ရောင်းပေးလိုက်မှာ မဟုတ်ဘူး။ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး
စီမံကိန်းအကောင်အထည် ဖော်ပြီး ပြန်ရောင်းမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင်
က ပြောသည်။

မြို့သစ်စီမံကိန်းများ ဖော်ထုတ်မည့်အပေါ် ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေများအရ
ဒေသခံ ပြည်သူလူထု၏ အကျိုးစီးပွား မထိခိုက်အောင် လုထု၏ သဘောဆန္ဒများကို
ရယူရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက
ပြောသည်။

“မြို့သစ်တွေ ဖော်ထုတ်မယ်ဆိုရင် အမိန့်အာဏာနဲ့ မလုပ်ဘဲ လူထုအတွက်
ထိုက်သင့်တဲ့ လျော်ကြေးတွေ ပေးပြီး ပြည်သူလူထု အကျိုးစီးပွား မထိခိုက်အောင်
လုပ်ပေးဖို့ လိုအပ်တယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးအေးသိန်းက ပြောသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် မြို့သစ်များ ဖော်ထုတ်ခြင်း
များ ပါဝင်ပြီး မြို့သစ်များတွင် လမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်းများ အကောင်
အထည်ဖော်ခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာ
ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ရန်ကုန်မြို့ ဧရိယာကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့ရန် စီစဉ်   ရန်ကုန်မြို့ ဧရိယာကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့ရန် စီစဉ် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.