အစိုးရသစ် ဖွဲ့စည်းပြီးပါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်မည်ဟု ဆို


 ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ်တွင် အာဏာရပြီးပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်သွားမည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောကြားသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ အစပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။

ယင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် မှာပါ။ အခြားသူတွေအကြောင်း မတွေးပါနဲ့” ဟု ပြောကြားခဲ့သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ပွဲကာလ အတွင်း လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များကို သွားရောက် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က NLD ရွေးကောက်ပွဲ အနိုင်ရပါက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဟု မဲဆွယ်ပွဲများတွင် ပြောကြား ခဲ့သည်။

ကယားပြည်နယ်၌ ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မတို့ နိုင်ငံမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေပြီး တစ်ခုခုကို ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဦးစားပေးနေရာမှာ ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
အစိုးရသစ် ဖွဲ့စည်းပြီးပါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်မည်ဟု ဆို  အစိုးရသစ် ဖွဲ့စည်းပြီးပါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်မည်ဟု ဆို Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.