လုံခြုံရေးတာဝန်ရှိသူများ တာဝန်ကို လျစ်လျူရှု၍ မလုံခြုံဘဲ ယခုကဲ့သို့ဖြစ်ရသည်ဟု ဒေါ်ခင်စန္ဒာဝင်း ပြော


 ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် တာဝန်မယူဘဲ လျစ်လျူရှုထားခြင်း ကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဓားခုတ်ခံရသူ သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းက ပြောသည်။

`အခုကိစ္စက လုံခြုံမှုမရှိတာပါ။ တချို့ပါတီတွေဆို လုံခြုံရေးတွေပေးထားပြီး NLD ဆိုရင် ဘာလုံခြုံရေးမှ မရဘူး၊ လုံခြုံရေးတာဝန်ယူမယ့်သူတွေက မယူလို့ ဒီလိုဖြစ်တာပါ`ဟု ဦးနိုင်ငံလင်းသည် အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် NLD ပါတီဝင်တဦးအား လူတဦးက ဓားရှည်ဖြင့်ခုတ်ရာ ကြားဝင်ဆွဲတွန်းလိုက်၍ ၎င်း၏ ခုတ်မိလိုက်ခြင်းဖြစ်ပြီး ဓားဖြင့်ခုတ်သူသည် NLD ပါတီဝင်များအား ရန်စသည့်စကားများ စတင်ပြောဆိုပြီး ဓားဖြင့်လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးနိုင်ငံလင်း၏ လက်မှသွေးကြောများပြတ်တောက်သွားပြီး ၄ နာရီကြာခွဲစိတ်ကုသမမှုခံခဲ့ရကာ လာမည့် တနင်္လာနေ့တွင် ထပ်မံခွဲစိတ်ရဦးမည်ဟု ဆရာဝန်များက ပြောကြားသည်။ ဓားခုတ်ခံရသူများတွင် ဦးကျော်သူမှာလည်း လက်သွေးကြောပြတ်တောက်ပြီး ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

လုံခြုံရေးတာဝန်ရှိသူများ တာဝန်ကို လျစ်လျူရှု၍ မလုံခြုံဘဲ ယခုကဲ့သို့ဖြစ်ရသည်ဟု ဒေါ်ခင်စန္ဒာဝင်း ပြော  လုံခြုံရေးတာဝန်ရှိသူများ တာဝန်ကို လျစ်လျူရှု၍ မလုံခြုံဘဲ ယခုကဲ့သို့ဖြစ်ရသည်ဟု ဒေါ်ခင်စန္ဒာဝင်း ပြော Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.