အီလိုက်အမြန်ယာဉ် တံတားဦး အဝိုင်းဝင်တိုက်၊ လူငါးဦးသေဆုံး၊ ဆယ့်ငါးဦးဒဏ်ရာရ


တံတားဦး မေ ၃၁

ရန်ကုန် ပြင်ဦးလွင် ပြေးဆွဲနေသော Elite-Express ယာဉ်(2G/7504)သည် ယာဉ်မောင်းအိပ်ငိုက်ရာမှ မိုင်တိုင်အမှတ် ၃၅၇ရှိ တံတားဦးအဝိုင်းအား ၃၁.၅.၂၀၁၅ မနက်သုံးနာရီဆယ့်ငါးမိနစ်အချိန်တွင် ဝင်တိုက်မိရာမှ ယာဉ်တိမ်းမှောက်ကာ ခရီးသည်ငါးဦး နေရာတွင် သေဆုံးပြီး ကျန်ဆယ့်ငါးဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ထားလိုက်ရကြောင်း တံတားဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးထံမှသိရသည်။

အဆိုပါ ယာဉ်မှာ လမ်းလယ်အဝိုင်းကို ဝင်တိုက်မိရာမှ မှောက်သွားခြင်းဖြစ်ပြီး လိုက်ပါလာသည့် ခရီးသည် ၃၅ဦးအနက် ကျား၁၊မ ၄ဦးပွဲချင်းပြီးသေဆုံးကြောင်း၊ဆယ့်ငါးဦးမှာ ဦးခေါင်းထိခိုက်မိဒဏ်ရာများ၊အရိုးဒဏ်ရာများရသောကြောင့် ဆေးရုံကြီးသို့ လွှဲပြောင်းပို့ထားလိုက်ပြီး အခြားခရီးသည် ဆယ့်ငါးဦးမှာ ဒဏ်ရာကြီးမားစွာမရသောကြောင့် အီလိုက်အမြန်ယာဉ်လိုင်းမှ ၎င်းတို့သွားလိုရာသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း တံတားဦးမြို့နယ်ထွေအုပ်က ပြောသည်။
“ယာဉ်မောင်းနှစ်ဦးက ဒဏ်ရာသိပ်မရလိုက်ပါဘူး။အခု သူတို့ကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ၎င်းကဆိုသည်။

လမ်းလယ်အဝိုင်းအား ဝင်တိုက်မှုကြောင့် မှောက်သွားသည့်ယာဉ်အား ပြန်ထူမတ်ပြီးပြီဖြစ်ပြီး အဆိုပါအမှုအား စကားအင်း အမြန်လမ်းရဲစခန်းတွင် ပ-၉/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူထားလျက်ရှိကြောင်းသိရသည်။

Photo by Tin Myo Than
စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily
အီလိုက်အမြန်ယာဉ် တံတားဦး အဝိုင်းဝင်တိုက်၊ လူငါးဦးသေဆုံး၊ ဆယ့်ငါးဦးဒဏ်ရာရ  အီလိုက်အမြန်ယာဉ် တံတားဦး အဝိုင်းဝင်တိုက်၊ လူငါးဦးသေဆုံး၊ ဆယ့်ငါးဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 12:42 Rating: 5
Powered by Blogger.