အမေရိကန်ကာကွယ်ရေးဝန်ကြီး တည်းသည့်ဟိုတယ်ထဲ အတင်းဝင်သူကို စင်ကာပူရဲ ပစ်သတ်


စင်ကာပူနိုင်ငံမှာ အမေရိကန်ကာကွယ်ရေး ၀န်ကြီး တည်းခိုတဲ့ ဟိုတယ်ဝင်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က ပစ်ခတ်ရာမှာ ၁ ဦး သေဆုံးပြီး ၂ ဦးကို ဖမ်းဆီးမိပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ကားတစီးက အမေရိကန် ကာကွယ်ရေး ၀န်ကြီး Ash Carter  တည်းခိုတဲ့ Shangri-La  ဟိုတယ်ဝင်းထဲကို  ရဲအတားအဆီးကို အတင်းဖြတ်ကျော်ဖို့ ကြိုးစားတာကို ရဲက ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။

Shangri-La  ဟိုတယ်ထဲမှာ ထိပ်တန်း လုံခြုံရေး အရာရှိတွေ သုံးရက်ကြာ အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးရော၊ တခြား အရာရှိတွေရော တစုံတရာ ထိခိုက်မှု မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။

အမေရိကန် အရာရှိတွေ ကိုယ်တိုင်က အဖြစ်အပျက်ကို မသိခဲ့ဘဲ သတင်းတွေ ဖတ်ရတော့မှပဲ သိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ အမေရိကန် ကာကွယ်ရေး ၀န်ကြီးနဲ့အဖွဲ့ဟာ ဗီယက်နမ်ကို ဆက်လက် ထွက်ခွာသွားပါတယ်။

ကားကို စစ်ဆေးရေးဂိတ်မှာ ရဲက တားခဲ့ပေမယ့် ကားဒရိုင်ဘာက နောက်တံခါးကို မဖွင့်ဘဲ အရှိန်မြှင့်မောင်းထွက်သွားလို့ ရဲက သေနတ်နဲ့ ပစ်ပြီး ဟိုတယ်လမ်းဘေး တနေရာမှာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းတဲ့ ၂ ဦးထဲက တဦးမှာ  မူးယစ်ဆေးလို့ ယူဆရတဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့ ရဲ့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အမေရိကန်ကာကွယ်ရေးဝန်ကြီး တည်းသည့်ဟိုတယ်ထဲ အတင်းဝင်သူကို စင်ကာပူရဲ ပစ်သတ် အမေရိကန်ကာကွယ်ရေးဝန်ကြီး တည်းသည့်ဟိုတယ်ထဲ အတင်းဝင်သူကို စင်ကာပူရဲ ပစ်သတ် Reviewed by သစ်ထူးလွင် on 12:35 Rating: 5
Powered by Blogger.