မယားပါသမီးကို မုဒိမ်းကျင့်မှုဖြင့် အဖမ်းခံရသူ သေချာအောင် စစ်ဆေးပေးရန် တောင်းဆို


ပါရာဂွေးနိုင်ငံ မြို့တော်အယ်ဆန်ကွန်း၏ အရှေ့တောင်ဘက် မိုင် ၂ဝဝ အကွာ ကာဆာပါမြို့၌ အဖမ်းခံရသည့် အသက်(၁ဝ)နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံရသူ အသက် (၄၂)နှစ်အရွယ် ဘင်နီတက်ဇာရက်က ၄င်းတွင် အပြစ်မရှိကြောင်းနှင့် သေချာစေရန် ထပ်တိုးစစ်ဆေး မှုများ ထပ်မံပြုလုပ်ပေးရန် သတင်းထောက်များမှ တစ်ဆင့်ယမန်နေ့တွင် တောင်းဆိုသွားခဲ့သည်။

၎င်းသည် ၁၅ ရက်ကြာ ရှောင်တိမ်းပြေးလွှားနေရာမှ အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အသက်(၁ဝ) နှစ်အရွယ် ကလေးငယ်သည် ဗိုက်နာသဖြင့် မိခင်ဖြစ်သူက ဆေးရုံပို့ရာမှ ကိုယ်ဝန် ၂၁ ပတ်ရှိနေကြောင်း အတည်ပြု နိုင်ခဲ့သည်။ ပါရာဂွေး ဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့် မရှိပေ။ နိုင်ငံ တကာလူ့အခွင့်အရေးအဖွဲ့များက အဆိုပါ ကလေးကို ကိုယ်ဝန်ဖျက်ချခွင့်ပေးရန် တောင်းဆိုနေကြသည်။

 အဆိုပါ ကိုယ်ဝန်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူကို လည်း ရဲများကဖမ်းထား သည်။ပထွေးဖြစ်သူကမူ စွပ်စွဲချက်များအားလုံးမှာ ဇနီးဖြစ်သူ၏ ထွင်လုံးများ ဖြစ်ကြောင်းနှင့် စစ်ဆေးမှုများအားလုံးကို ဖြတ်ကျော်ရန်အသင့် ရှိကြောင်း သတင်းထောက်များကို ပြောသည်။ ပြစ်မှုထင်ရှားပါက ၄င်းသည် ထောင်ဒဏ် ၁၅ နှစ်ကျခံရမည်ဖြစ်သည်။

T1P(Ref:ABC)
The Union Daily
http://uniondaily.net
မယားပါသမီးကို မုဒိမ်းကျင့်မှုဖြင့် အဖမ်းခံရသူ သေချာအောင် စစ်ဆေးပေးရန် တောင်းဆို  မယားပါသမီးကို မုဒိမ်းကျင့်မှုဖြင့် အဖမ်းခံရသူ သေချာအောင် စစ်ဆေးပေးရန် တောင်းဆို Reviewed by သစ်ထူးလွင် on 18:38 Rating: 5
Powered by Blogger.