သားဖြစ်သူ ဘွဲ့ယူပွဲသို့အသွား ကားလမ်းပေါ် လေယာဉ်ပျက်ကျ၍ မိသားစု လေးဦးစလုံး သေဆုံး


 အတ္တလန္တာ မေ ၁ဝ

 သားဖြစ်သူ ဘွဲ့ယူရန်အတွက် မစ္စစပီတက္ကသိုလ်သို့ လေယာဉ် ငယ်ဖြင့် သွားရောက်ခဲ့ရာတွင် လေယာဉ်ပျက်ကျခဲ့သည့်အတွက် မိသားစုလေးဦးစလုံး သေဆုံးခဲ့ရ ကြောင်း စကိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။

ဂရက်ဘတ်ဒ်နှင့် ၄င်း၏သား နှစ်ဦးဖြစ်သည့် ဖီးလစ်၊ ခရစ္စတိုဖာ နှင့် ခရစ္စတိုဖာ၏ဇနီးလောင်း ဂျက် ကီကူဇာတို့သည် မစ္စစပီတက္ကသိုလ် တွင် ဘွဲ့ယူမည့် ရောဘတ်ဂရက် ဘတ်ဒ်ထံသို့ Piper-32 အင် ဂျင်တစ်လုံးထိုးလေယာဉ်ငယ်ဖြင့် သွားရောက်ခဲ့ရာတွင် ဂျောဂျီယာ ပြည်နယ်အတ္တလန္တာမြို့မြောက်ပိုင်း အနီးရှိအဝေးပြေးလမ်းမ ၂၈၅ သို့ အရောက် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်သည်။

 အတ္တလန္တာမြို့ပတ်လမ်း လမ်းအမှတ် ၂၈၅ ပေါ်သို့ ပျက်ကျ ခဲ့ပြီး နောက်လေယာဉ်ငယ်မှာ မီး လောင်ပေါက်ကွဲခဲ့ကာ လေယာဉ် ပေါ်လိုက်ပါလာသည့် လူလေးဦး စလုံး အသက်ဆုံးရှုံးခဲ့သည်။

Dekalb Peacetree လေဆိပ်မှ ထွက်ခွာလာပြီးနောက် အချိန် အနည်းငယ်အတွင်းလေယာဉ်မောင်း သူက ၄င်းတို့လေယာဉ်အခက်ကြုံ နေရသည်ဟု လေဆိပ်၏ ဌာနချုပ် သို့ ဆက်သွယ်အကြောင်းကြားခဲ့ ပြီး လေယာဉ်ထိုးဆင်းနေပြီဟု ပြောခဲ့ပြီးနောက် အဆက်အသွယ် လုပ်၍မရတော့ကြောင်း စကိုင်း သတင်းဌာနကဖော်ပြသည်။

အခင်း ဖြစ်ပွားချိန်တွင် လမ်းအမှတ် ၂၈၅ ပေါ်တွင် ကားမောင်းနေသည့် ကုန် တင်ကားမောင်းသမား ဂျာရယ် စမစ်က ''အဲဒီလေယာဉ်က ကျွန် တော့်ကားလေကာမှန်တည့်တည့် ကို ထိုးဆင်းလာတာတွေ့လိုက်ရ တယ်။ ဒါကြောင့် ကျွန်တော် ဘရိတ်အုပ်လိုက်တယ်။ ဒီအချိန် မှာပဲ အဲဒီလေယာဉ်က ကျွန်တော့် ကား စက်ဖုံးကိုဝင်တိုက်မိတဲ့အသံ ကြားလိုက်ရတယ်။ လေယာဉ်ပေါ် ပါတဲ့သူတွေကို ကူညီဖို့ကားထဲက ထွက်လိုက်တဲ့အချိန်မှာ လေယာဉ် က ဆိုးဆိုးရွားရွားမီးလောင်နေပါ ပြီ''ဟုပြောသည်။

Dekalb မြို့နယ် မီးသတ်ဌာန မှ ဗိုလ်မှူးအဲရစ်ဂျက်ဆင်က ''တော်တော်ထူးဆန်းတဲ့အဖြစ် အပျက်ပါ။ကားတစ်စီးကိုမှမတိုက် မိခဲ့တာ အရမ်းအံ့သြဖို့ ကောင်း တယ်''ဟုပြောသည်။

လေကြောင်းမတော်တဆမှုများ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသူ များက လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းကိုစစ်ဆေးအဖြေ ရှာနေကြောင်း စကိုင်းသတင်းဌာန မှဖော်ပြသည်။

ZT (Ref:Sky.com)
The Union Daily
http://uniondaily.net
သားဖြစ်သူ ဘွဲ့ယူပွဲသို့အသွား ကားလမ်းပေါ် လေယာဉ်ပျက်ကျ၍ မိသားစု လေးဦးစလုံး သေဆုံး  သားဖြစ်သူ ဘွဲ့ယူပွဲသို့အသွား ကားလမ်းပေါ် လေယာဉ်ပျက်ကျ၍ မိသားစု လေးဦးစလုံး သေဆုံး Reviewed by သစ်ထူးလွင် on 18:35 Rating: 5
Powered by Blogger.